Jill Biden ကို ဖိတ်ခေါ် တွေ့ဆုံဖို့ အရိပ်အယောင် လုံးဝမရှိတဲ့ Melania Trump

Image:IG/Melania & Jill

ဒီနှစ်အ မေရိကန် သမ္မတ ရွေးကောက်ပွဲက တော့ အရင် ရွေးကောက်ပွဲတွေ နဲ့ လုံးဝ မတူပဲ ကွဲပြား နေ ပါတယ်။လက်ရှိ အချိန် ထိ ထရမ့် ကလည်း သူ့အရှုံးကို လက်မခံနိုင် သေးဘူးလို့ သူတို့နဲ့ နီးစပ်တဲ့ အတွင်း လူေ တွ ဆီက လာတဲ့ စကားတွေ အရ သိရပါတယ်။ ဇနီးဖြစ်သူ Melania Trump နဲ့ Ivanka Trump ရဲ့ ခင်ပွန်း ထရမ့်ရဲ့ သား မက် Jared Kushner တို့က အရှုံးကို လက်ခံ ပေး ဖို့  ထရမ့်ကို တော့ တက်နိုင် သမျှ ဖျော င်းဖျ ပေးနေကြတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။အခုချိန် ထိ လည်း လက်ရှိ First lady Melania Trump နဲ့ First lady သစ် ဖြစ်လာမယ့် Jill Biden တို့ တွေ့ဆုံ မယ့် အရိပ် အယောင် တောင်မှ မတွေ့ ရသေးပါဘူး။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

“The Spirit of America” #ChristmasWhiteHouse2019

A post shared by First Lady Melania Trump (@flotus) on

တကယ်တော့ ပုံမှန် ဆိုရင် လက်ရှိ First lady နဲ့ နောက်ဖြစ်လာမယ့် First lady တို့ အခုလောက်ဆိုရင် တွေ့ ဆုံ နေ ကြ ရမှာပါ။ဒါ က တော့  အစဉ်အလာ တစ်ခုပါ။လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဆိုရင် Michelle Obama က  Melania Trump ကို အိမ်ဖြူ တော် ကို လက်ဖက်ရည် သောက် ဖိတ်ပြီး အိမ်ဖြူတော်ကို လိုက်လံ ပြသ တာမျိုးတွေ လုပ်  ခဲ့ပါတယ်။ဒါပေမယ့် လက်ရှိအ နေ အထား မှာတော့ ဒီလို မျိုးတွေ လုပ်မယ့် အရိပ်အ ယောင်ကို မရှိ ဖြစ် နေပါတယ်။

 

View this post on Instagram

 

Are you ready to vote? Are you ready to win?

A post shared by Dr. Jill Biden (@drbiden) on

Source တစ်ခု မှာဆိုရင်တော့ Melania Trump ရဲ့  daily schedule မှာ တော့ နေ့စဉ် စည်းဝေး ကပွဲတွေ၊လာမယ့် အားလပ် ရက် အစီအစဉ်တွေ လောက်နဲ့ပဲ ပြည့် နေပါတယ်။ Melania Trump ဘက်က တော့  လုပ်ထုံး လုပ်နည်း အရ နောက် လူကို လက်လွှဲပေးတာ တွေ ကို စတင် လုပ်ဆောင် ချင် ပေမယ့်လည်း အရှုံးကို လက်မချင် တဲ့ ခင်ပွန်း ကြောင့် ဘာမှ မလုပ်နိုင်ပဲ ဖြစ် နေရတာ လို့ သတင်း Source တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် သမ္မတ က တော် ဟောင်း Laura Bush  ဆီ မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ Anita McBride ရဲ့ အ ပြော အရ တော့ Melania Trump က ခင်ပွန်းနဲ့ မတူတဲ့ အမြင် တွေ၊ဆန့်ကျင်တာ မျိုးတွေ ပြခဲ့ လုပ်ခဲ့ ဖူးေ ပမယ့် လက်ရှိ အနေ အထားက တော့ တော် တော် လေး ရှုပ် ထွေး နေတဲ့ အေ န အထား ဖြစ်ြေ ကာင်း၊ထရမ့်ဘက်က အရှုံးကို လက်သင့်မခံပဲ လွှဲ ပြောင်းတာမျိုးတွေ က လုပ်လို့မ ရ တဲ့ အ နေ အထား ဖြ စ်နေတယ်လို့ ဆိုပါတယ်။သမ္မတ လုပ်သူ က လက်ခံပေးမယ်ဆိုရင် East Wing ကို လွှဲ ပြောင်းတဲ့ ကိစ္စ တွေ ကို Melania ဘက်က လုပ်ဖို့ အသင့်ပဲ ဖြစ်နေပြီလို့ နီးစပ်သူတွေ က ပြောပါတယ်။ထရမ့်ရဲ့ ခေါင်းမာ မှု ကြောင့် လက်ရှိ မှာတော့ အိမ်ဖြူတော်က မိသားစု သစ်ကို လက်ခံပေးဖို့ ကိစ္စ ကြီးက ပိုပြီး ခက်ခဲ နေရတာပါ။

 

View this post on Instagram

 

He’s ready 💕

A post shared by Dr. Jill Biden (@drbiden) on

#SHWEMOM

SHARE