လူမြင်ကွင်းမှာတောင် Trump ရဲ့ အတင်းအကြပ် ပြုံးခိုင်းခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ Melania

Instagram- flotus, Twitter- @tancredipalmeri

ယနေ့ခေတ်ရဲ့နိုင်ငံ့ခေါင်းဆောင်တွေ တော်တော်များများဟာ ပြည်သူကြောက်ရွ့မှုထက် ပြည်သူ့ရဲ့ မေတ္တာတရားကို ပိုမိုလိုလားနေကြပါပြီ။ ဒါကြောင့် များသောအားဖြင့် ပြည်သူနဲ့သူတို့ကြားက  ဆက်နွယ်ပေးနေတဲ့ မီဒီယာနဲ့စာနယ်ဇင်းတွေရှေ့မှာလည်း တော်တော်လေးကို အနေအထိုင်ဆင်ခြင်ကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့တုန်းက အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ Washington D.C. မှာ တည်ရှိတဲ့ Saint John Paul II ဘုရားကျောင်းကို သွားရောက်ခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်ရဲ့လက်ရှိ လူထုစုဝေးမှုတွေ စတင်ဖြစ်ပွားနေတဲ့ အချိန်ကာလတစ်ခုပါပဲ။

ဘုရားကျောင်းကိုသွားတယ်လို့ သတင်းရထားတဲ့ သတင်းသမားတွေဟာလည်း သမ္မတကိ တွေ့ရဖို့ အုပ်အောသောာင်းနင်းဖြစ်နေခဲ့ကြပါတယ်။ ဘုရားကျောင်းထဲမဝင်ခင် Trump က သတင်းသမားတွေ ဓာတ်ပုံရိုက်ကူးလို့ရအောင် ခဏရပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘေးနားမှာရှိနေတဲ့ သမ္မတကတော်ကတော့ မျက်နှာအခြေအနေ ရာသီဥတုသိပ်မကောင်းတဲ့ပုံပါပဲ။ သုံမှုန်ပြီးရာသီဥတုအခြေအနေ မကောင်းတဲ့ပုံမျိုးနဲ့ အသက်မဲ့ပြီး တွေတွေကြီး ရပ်နေခဲ့တာပါ။

READ
အိမ်ရာမဲ့တွေလည်းအလုပ်ရ၊ မြို့တော်လည်း သန့်ရှင်းလှပအောင် စီမံခဲ့တဲ့ အမေရိကန်မြို့
Twitter- @tancredipalmeri
Twitter- @tancredipalmeri

သတင်းသမားတွေရှေ့မှာ အဲလို ရုပ်တည်ကြီးနဲ့ ရပ်နေရကောင်းမလားဆိုပြီး ငေါက်ပါတော့တယ်။ ဗီဒီယိုမှတ်တမ်းတွေထဲမှာတော့ Trump ဟာ Melania ဖက်လှည့်ပြီး “Can You Please Smile?” မင်းခဏလေးတောင် ပြုံးလို့မရဘူးလား ဆိုပြီး လှမ်းပြောတာကို မိမိရရရိုက်ကူးမိခဲ့ပါတယ်။ Trump ပြောပြောလိုက်ပြီးချင်းပဲ သမ္မတကတော် Melania ဟာ ပါးစပ်ကို တစ်ဖက်ရွဲ့ကာ မချိပြုံးလေးကို ၃ စက္ကန့်လောက် ပြုံးပြပေးလိုက်ခဲ့ပါတယ်။

ဒီလိုအပြုံးကြောင့်ပဲ ပြည်သူလူထုရဲ့ကြားထဲ ဗီဒီယိုဟာ တော်တော်လေးနာမည်ကြီးသွားခဲ့ပြီး Donald Trump အကြောင်း သို့လောသို့လေ ပြောစရာတွေဖြစ်ခဲ့ရပါတော့တယ်။ ဗီဒီယိုကတော့ ဒီမှာပါ။

Penny

SHARE