လက်ရှိအမေရိကန်သမ္မတနဲ့ လက်မထပ်ခင် မီလာနီယာထရမ့်ပ်ရဲ့ ဘဝအကြောင်း

Shutterstock/Debby Wong

မီလာနီယာထရမ့်ပ်ဟာ လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ တတိယမြောက် ဇနီးသည်ဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ်မှာ ထရမ့်ပ်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်းမှာ သမ္မတကတော်ဖြစ်သူ မီလာနီယာပါ ထင်ရှားလာခဲ့တာဖြစ်ပါတယ်။ သမ္မတကတော်မဖြစ်ခင်တုန်းက မီလာနီယာရဲ့ဘ၀ဇာတ်ကြောင်းကတော့ တော်တော်လေးထူးခြားပါတယ်။

Shutterstock/ mark reinstein

သူမရဲ့နာမည်ရင်းက Melania Knavs ဖြစ်ပါတယ်။ ကွန်မြူနစ် ယူဂိုစလားဗီးယားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စလိုဗေးနီးယား နိုဗိုမက်စ်စတိုမှာ သူမကို (၁၉၇၀) ခုနှစ် ဧပြီလ(၂၆) ရက်တုန်းက မွေးဖွားခဲ့ပါတယ်။ မီလာနီယာရဲ့ ဖခင်က အခုဆိုရင် အသက်(၇၃) နှစ်ရှိနေပြီဖြစ်ပြီး ကားဝယ်ရောင်းသမားတစ်ဦး ဖြစ်ပါတယ်။ မီလာနီယာရဲ့မိခင်ကတော့ အသက်(၇၁) နှစ်ရှိကာ ကလေးဝတ်အင်္ကျီဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။ မီလာနီယာမှာ ညီမငယ်တစ်ဦးနဲ့ ဖခင်ရဲ့ အရင်အိမ်ထောင်ကပါလာတဲ့ အဖေတူအမေကွဲ အစ်ကိုတစ်ဦးလည်း ရှိပါတယ်။

Shutterstock/ JStone

မီလာနီယာဟာ အသက်(၁၆) နှစ်အရွယ်တည်းကစပြီး မော်ဒယ်လုပ်ခဲ့တာပါ။ သူမကို စလိုဗေးနီးယန်းဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ စတိန်းဂျာကိုက စပြီး သတိပြုမိခဲ့တာပါ။ (၁၉၈၇) ခုနှစ် ဇန်န၀ါရီလရဲ့ ရက်တစ်ရက်မှာ ဖက်ရှင်ရှိုးတစ်ခုထဲ လမ်းလျှောက်လာတဲ့ မီလာနီယာကို စတိန်းဂျာကိုက တွေ့ရှိခဲ့တာပါ။ အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်၊ ဆံပင်ရှည်နဲ့ ထူးခြားတဲ့မျက်လုံးတွေရှိတဲ့ သူမဟာ မော်ဒယ်တစ်ယောက်ရဲ့ ၀ိသေသတွေ ပါပြီးသားဖြစ်နေတာပါ။

READ
ဘောလုံးပွဲကို စိတ်နှစ်ပြီး အရူးအမူး အားပေးသူတွေ စိတ်ဖီစီးမှု ဝေဒနာ ပိုခံစားရ

မီလာနီယာဟာ Ljubljana အမည်ရတဲ့ တက္ကသိုလ်မှာ ဒီိဇိုင်းနဲ့ ဗိသုကာပညာကို လေ့လာခဲ့ပါတယ်။ Ljubljana ဟာ စလိုဗေးနီးယားမှာတော့ အကြီးဆုံးတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူမအသက်(၁၈) နှစ်အရောက် မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ပြီးတဲ့အခါမှာတော့ မီလာနီယာဟာ တက္ကသိုလ်ကနေ ကျောင်းထွက်ခဲ့ပါတယ်။

Shutterstock/ mark reinstein

မီလာနီယာဟာ အသက်(၂၂) နှစ်အရွယ်ကနေစပြီး အောင်မြင်လာခဲ့တာ ဥရောပမော်ဒယ်တွေကြား ရေပန်းစားလာခဲ့သူဖြစ်ပါတယ်။ (၁၉၉၆) ခုနှစ်မှာတော့ နယူးယောက်ကို ပြောင်းရွှေ့သွားခဲ့ပြီး ဒီမတိုင်ခင် မီလန်နဲ့ပါရီတို့မှာ မော်ဒယ်အဖြစ်နဲ့ အသက်မွေးခဲ့ပါသေးတယ်။ Jana ၊ Harper’s Bazaar ၊ Vanity Fair နဲ့ GQ မဂ္ဂဇင်းတွေမှာလည်း ကာဗာမော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

မီလာနီယာဟာ ဘာသာစကား(၅) မျိုး ပြောတတ်ပါတယ်။ စလိုဗီနီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဆာဗီးယန်းနဲ့ ဂျာမန်ဘာသာစကားတွေကို ပြောဆိုတတ်ပါတယ်။ သူမဟာ ကွန်မြူနစ်တိုင်းပြည်မှာ မွေးဖွားခဲ့ပြီး အမေရိကန်သူမဟုတ်ပဲ သမ္မတကတော်ဖြစ်ခဲ့တဲ့ အမေရိကန်သမိုင်းထဲက ဒုတိယမြောက် first lady ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မီလာနီယာဟာ အိမ်တွင်းပုန်းရတာ ကြိုက်နှစ်သက်သူလို့လည်း သိရပါတယ်။ သူမဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်နဲ့ (၂၀၀၅) ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ထရမ့်ပ်နဲ့ မဆုံခင်တုန်းကလည်း သူမဟာ ကလပ်တွေ၊ ဘားတွေ သွားတာမျိုး မရှိပဲ အိမ်မှာသာ အေးဆေးစွာနေထိုင်တတ်သူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
နှုတ်ခမ်းတွေက ပြောတဲ့ အမျိုးသမီးတွေရဲ့ စိတ်နေစိတ်ထား

Ref: Elite Daily

လင်းလင်း (ShweMom)

SHARE