အမေရိကန် သမ္မတ က တော် သားဖြစ်သူ Barron ရဲ့ ကျန်းမာရေး အခြေအ နေ နဲ့ ပတ်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။ အသက် (၁၄)နှစ်အရွယ် သားဖြစ်သူ Barron က တော့ ကိုဗစ် ကူးစက်ခံခဲ့ ရ ပေမယ့် ကျန်းမာ ရေး အခြေအ နေ ပြန် ကောင်းလာ ပြီလို့ Melania Trump က အောက်တိုဘာ (၁၄)ရက်နေ့က ပြောခဲ့ပါတယ်။သမ္မတ ထရမ့်နဲ့ သမ္မတ က တော် Melania Trump တို့ က ကိုဗစ် ကူးစက်ခံ နေရ ကြောင်း အောက်တိုဘာ (၂)ရက်နေ့က ကြေညာခဲ့တာပါ။ဒီအ ကြောင်းကို တော့ whitehouse.gov တရားဝင် ၀ဘ်ဆိုက် နဲ့ People တို့မှာ ဖော်ပြထားတာပါ။
“မိဘ တော်တော်များများ ပြီးခဲ့တဲ့ လ ပေါင်းများစွာက တွေးပူ နေကြသလို မျိုးပဲ တွေးပူခဲ့ရတယ်။နက်ဖန် ၊သဘက်ခါ ဘာ တွေ ဖြစ်လာမလဲ ဆိုပြီး..ကျွန်မ စိတ်ပူနေတာ က တကယ်ဖြစ်လာ ခဲ့တယ်။သားလေးကို ထပ် စစ်တဲ့ အဖြေ မှာ ကိုဗစ် Positive အဖြေ ထွက်ခဲ့တယ်…” ဆိုပြီး သူမရဲ့ ကိုဗစ် အတွေ့ အကြုံ တွေကို ပြန် ဝေမျှ ခဲ့ပါတယ်။Barron က တော့ ရောဂါလက္ခဏာ ပြတာ မျိုး မရှိ ကြောင်း နဲ့ အဲ့ဒီနောက်မှာတော့ ပြန်ကောင်းလာတယ်၊Negative အ ဖြေ ထွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။သားရဲ့ အ ခြေအနေကို ပြော ခဲ့ ပေမယ့် ဘယ်တုန်းကလဲဆိုတာကို တော့ ပြော မထားပါဘူး။အိမ်ဖြူတော်ကို People ရဲ့ သတင်းေ ထာက်တွေ က ဆက်သွယ် ပြီး Barron ကိုဗစ် ဘယ်တုန်းက ဖြစ်တာလဲ၊ဘယ်တုန်းက ပြန် ကောင်းတာလဲ ဆိုတာ ဆက်သွယ် မေးမြန်းခဲ့ ပေမယ့် အိမ်ဖြူ တော် ဘက်က ပြန် ဖြေဖို့ ကို ငြင်းဆိုခဲ့ပါတယ်။
“သူက ဆယ်ကျော်သက် ဖြစ်တော့ ကံကောင်းစွာနဲ့ပဲ ရောဂါ လက္ခဏာ မပြဘူး။ဒီအခြေအ နေကို ကျွန်မ တို့ သုံး ယောက်လုံး တစ်ချိန်တည်း မှာ ကျော်ဖြတ် နိုင်လို့ အရမ်း ၀မ်းသာမိတယ်။ကျွန်မတို့ တွေ တစ်ေ ယာက်နဲ့ တစ်ယောက် ဂရုစိုက် သွား မှာပါ။သားက တော့ negative ဖြစ်သွားပြီ..” လို့ လည်း ပြောခဲ့ပါ တယ်။ Melania Trump က သူမ ကေ တာ့ ရောဂါ လက္ခာ တွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ယားယံတာ ၊ချောင်း ဆိုး၊ခေါင်းကိုက်၊ပင်ပန်း နွမ်းနယ် တာ တွေ ကို ခံစားခဲ့ရပါတယ်။ဆေးတွေ၊ဗီတာမင်နဲ့ ကျန်းမာ ရေး အတွက် ကောင်းတဲ့ အစားအစာတွေကို မှီဝဲ စားသောက် ခဲ့ သလို ၊သူမတို့ကို အရမ်း ဂရုစိုက် ပေးခဲ့ ကြောင်း၊Dr. Conley နဲ့ သူ့ အဖွဲ့က ကျန်းမာရေး ဘက်မှာ အရမ်း ဂရုစိုက် ပေးခဲ့တယ်လို့ လည်း Melania Trump က ပြောခဲ့ပါတယ်။
Melania Trump ရဲ့ အသက်က တော့ (၅၀)ဖြစ်ပြီး ခင်ပွန်း သမ္မတ Trump ရဲ့ အသက်က တော့ (၇၄)နှစ်ပါ။ Trump က လည်း အောက်တိုဘာ (၁၄)တုန်းက Air Force One မှာ လိုက်ပါစီးနင်းတုန်းက သတင်းထောက် တွေ က သားဖြစ်သူ Barron ရဲ့ အ ခြေအ နေ ကို ၀ိုင်းမေးတော့ အခြေအ နေ ကောင်း တယ်လို့ ပြောခဲ့ပါတယ်။Trump က တော့ ကိုဗစ် ကူးစက်ခံရ ကြောင်း ဒီလ အ စောပိုင်းက ကြေညာခဲ့ပြီးနောက် (၃)ရက် ဆေးရုံ တက်လိုက်ရပါတယ်။အခုက တော့ ထရမ့် အပြင် သူ့ဇနီးနဲ့ သူ့သား ပါ ကျန်းမာရေး ပြန် ကောင်း နေပါပြီ။သမ္မတ ကေ တာ် Melania က တော့ အ မေရိကန် ပြည်သူတွေ ကိုလည်း အတတ်နိုင်ဆုံး ဆက်ပြီး ကျန်းကျန်းမာမာ နေ ကြ ပါလို့ တိုက်တွန်း ခဲ့ပါတယ်။အမေရိကန်မှာတော့ ကိုဗစ် ကြောင့် လူ(216,022) ထက်မနည်း သေဆုံးခဲ့ ပါတယ်။
#SHWEMOM