မကြာခင်ခရစ္စမတ်နေ့ ကျရောက်တော့မှာ ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက ခရစ်ယာန်တွေဟာ ပွဲတော်တွင်း ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါပြီ။ အမေရိကန်နိုင်ငံတစ်လွှားမှာလည်း ခရစ္စမတ်ရာသီချိန်ရောက်လာတဲ့အတွက် အားလုံးက ရွှင်ပြကြည်နူးမှုကို ခံစားနေရတဲ့အချိန်ပါ။ အလားတူပဲ အိမ်ဖြူတော်မှာလည်း ခရစ္စမတ်ရာသီအတွက် ဆင်ယင်ခင်းကျင်းမှုတွေ ပြုလုပ်ထားပြီး ဖြစ်တာကို shared အွန်လိုင်းစာမျက်နှာအရ သိရပါတယ်။

အမေရိကန်သမ္မတကတော်ဖြစ်တဲ့ မီလာနီယာကတော့ ယခုရက်သတ္တပတ်အတွင်းမှာပဲ အိမ်ဖြူတော်တွင်း ပြင်ဆင်ထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ ယခုနှစ်ရဲ့ theme ကတော့ “The Spirit of America” လို့ သိရပါတယ်။ မီလာနီယာဟာ “The Spirit of America’s is shining in the @WhiteHouse!” ဆိုပြီး caption တင်ကာ အင်စတာဂရမ်ပေါ်ရေးသားခဲ့တာ ဖြစ်ပါတယ်။
Volunteers are hard at work at the @WhiteHouse. Thank you to all who came all across our great nation to decorate the People’s House. Looking forward to view it tomorrow evening! #ChristmasWhiteHouse🎄 pic.twitter.com/SUhhXr4DD7
— Melania Trump (@FLOTUS) November 30, 2019
မီလာနီယာဟာ သူမရဲ့ အိမ်ဖြူတော်တစ်ခွင် လမ်းလျှောက်နေတဲ့ ပုံရိပ်တွေ၊ ချိတ်ဆွဲထားတဲ့ အလှဆင်ပစ္စည်းတွေကို ပြုပြင်ပေးနေတဲ့ ပုံလေးတွေကို ဓာတ်ပုံတွေ ဗီဒီယိုလေးတွေနဲ့ မျှဝေထားတာ ဖြစ်ပါတယ်။
မီလာနီယာဟာ လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းက စလို့ ခရစ္စမတ်အတွက် ဆင်ယင်မွမ်းမံမယ့် အစီအစဉ်ကို ကြိုတင်ရေးဆွဲနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက အမေရိကန်တွေဟာ ရိုးရာဓလေ့တွေကို ကာလရှည်ကြာထိန်းသိမ်းလာခဲ့ကြောင်းနဲ့ သမိုင်းကြောင်းကြီးတဲ့ လူမျိုးတစ်ရပ်ဖြစ်တာကြောင့် အမေရိကန်ဖြစ်ရတာ ဂုဏ်ယူကြောင်းလည်း ဆိုခဲ့ပါသေးတယ်။



ခရစ္စမတ်အပြင်အဆင်ထဲမှာတော့ ခရစ္စမတ်သစ်ပင်ကို ရွှေရောင်ကြယ်ပွင့်တွေနဲ့ စီခြယ်ထားပြီး အိမ်ဖြူတော်အတွင်း တာဝန်ထမ်းဆာင်ခဲ့ဖူးတဲ့ သမ္မတတွေကို ရည်ရွယ်ကာ ဖဲကြိုးလေးတွေကိုလည်း ချိတ်ဆွဲထားရှိပါတယ်။ အိမ်ဖြူတော်ဥယျာဉ်ထဲမှာတော့ သစ်ပင်ပန်းမာန်တွေကို ပြုပြင်ထားကာ မီးသီး မီးလုံးလေးတွေနဲ့ လှပစွာ စီခြယ်ထားတယ်လို့လည်း သိရပါတယ်။
“The Spirit of America” is shining in the @WhiteHouse! I am delighted to share this beautiful exhibit of patriotism for all to see, and excited for everyone to experience the beauty of the #Christmas season! pic.twitter.com/qGxxl9qBrd
— Melania Trump (@FLOTUS) December 2, 2019
လင်းလင်း (ShweMom)