သားဖြစ်သူရဲ့ နာမည်ကို နောက်ပြောင်လို့ ဒေါသတကြီး တုန့်ပြန်ခဲ့တဲ့ သမ္မတကတော်

Instagram/Flotus

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ပတ်သတ်တဲ့ ကြားနာစစ်ဆေးမှုမှာ သက်သေခံရှေ့နေ Pamela Karlan က ထရမ့်ရဲ့သားဖြစ်သူ Barron ကို နောက်ပြောင်ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတကတော် Melania Trump အဆိုပါသက်သေခံရှေ့နေကို ပြင်းပြင်းထန်ထန် သတိပေးစကား ပြောကြားခဲ့ပါတယ်။ သက်သေခံရှေ့နေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး Melania Trump ကို တောင်းပန်စကားပြန်လည်ပြောကြားခဲ့ပါတယ်။

သမ္မတကတော် Melania Trump က “ကလေးတစ်ယောက်ကို နိုင်ငံရေးထဲဆွဲမသွင်းပဲ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးသင့်ပါတယ်။ Pamela Karlan အနေနဲ့လည်း ကလေးတစ်ယောက်ကို အသုံးချပြီး တစ်ဖက်သက်ပြောနေတာ မရှက်ဘူးလား” ဆိုပြီး  ပြန်လည်တိုက်ခိုက် ပြောကြားခဲ့ပါတယ်။

 

သက်သေခံရှေ့နေ Karlan က သမ္မတနဲ့ ဘုရင်တွေရဲ့ ကြားကွာခြားချက်ကို ပြောဆိုရာမှာ (၁၃)နှစ်ပဲရှိသေးတဲ့ သားငယ်ဖြစ်သူ Barron Trump ရဲ့အစစာလုံး Barron ကိုသုံးပြီး ဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး Melania Trump ကသတိပေး စကားပြောကြားလိုက်တာပဲဖြစ်ပါတယ်။

READ
ပြွတ်သိပ်ပြီး အကျဉ်းစံနေရတဲ့ ဖိလစ်ပိုင်အကျဉ်းသားများ

 

ထရမ့်ဟာ သားဖြစ်သူရဲ့နာမည်ကို Barron လို့သာပေးလို့ရမယ်။ baron အဖြစ်တော့ လုပ်လို့ရမှာမဟုတ်ဘူး Karlan က ထရမ့်ရဲ့ကြားနာစစ်ဆေးမှုမှာ ပြောကြားခဲ့တာပါ။ baron ရဲ့အဓိပ္ပါယ်ကတော့ မှူးမတ်တစ်ယောက် ဖြစ်ပါတယ်။

 

 

View this post on Instagram

 

#HappyFathersDay @Potus ❤️

A post shared by First Lady Melania Trump (@flotus) on

 

အဲ့ဒီနောက် Karlan ဟာ သူပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီး Melania Trump ကိုတောင်းပန်စကားပြန်လည် ပြောကြားခဲ့ပါတယ်။ သမ္မတထရမ့်အနေနဲ့လည်း သူ့ရဲ့အမှားတွေကို ပြန်လည်တောင်းပန်မှုတွေ ပြုလုပ်ပေးရင်လည်း ပိုကောင်းမှာဖြစ်တယ်လို့လည်း Karlan က ဆက်လက်ပြောကြားခဲ့ပါတယ်။

READ
ပေါင် (၁၄)သန်းကျော်နဲ့ရောင်းချမယ့် ကာရေဘီယန်ပင်လယ်က ခမ်းနားလှတဲ့ကျွန်းကြီး
Instagram/Flotus

Melania Trump ဟာ သမ္မတနဲ့ ပတ်သတ်တဲ့ ကြားနာစစ်ဆေးမှုတွေအတွင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ၀င်ရောက် ပြောဆိုခဲ့တာဖြစ်ပါတယ်။ သမ္မတကတော်ဟာ နိုင်ငံရေးကိစ္စတွေနဲ့ ခပ်ကင်းကင်း နေထိုင်သူဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ အခုလို ဘာကြောင့်ဝင်ပြောရတယ် ဆိုတာကတော့ ရှင်းပါတယ်။ ဒီကိစ္စတွေနဲ့မပတ်သက်တဲ့ ကလေးတစ်ယောက်ကို အသုံးချပြီး ပြောခဲ့တာကြောင့် ဖြစ်တဲ့အပြင် သူမရဲ့သား ကိုကာကွယ်ဖို့အတွက် အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့လည်း အိမ်ဖြူတော်သတင်းထောက် Stephanie Grisham က CNN ကိုပြောကြားခဲ့ပါတယ်။

Thae Su

SHARE