အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ရတဲ့ Supergirl တီဗီစီးရီးရဲ့ကြယ်ပွင့် Melissa Benoist

Imdb/Supergirl_Instagram/MelissaBenoist

Supergirl ရုပ်သံရဲ့ကြယ်ပွင့်ဖြစ်တဲ့ မင်းသမီး Melissa Benoist ဟာ တစ်ကယ့်ပြင်ပဘ၀မှာလည်း hero တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးဂုဏ်ပြုခံရပါတယ်။ ဘာလို့ဆို သူမရဲ့အိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောပြခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ် အမေရိကန်သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Melissa Benoist ဟာ CW ရုပ်မြင်သံကြားအစီအစီမှာပြသနေတဲ့ Supergirl တီဗီအစီအစဉ်မှာ Kara Danvers ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့သူတစ်ဦးဖြစ်ပါတယ်။ Melissa Benoist ဟာ နိုဝင်ဘာလ(၂၇)ရက်နေ့ညတုန်းက အင်စတာဂရမ်မှာ Life Isn’t Always What It Seems.” ဆိုတဲ့ခေါင်းစဉ်နဲ့ သူခံစားနေရတဲ့အကြောင်းတွေကို ပြောထားတဲ့ (၁၄)မိနစ်စာဗီဒီယိုဖိုင်တစ်ခုကိုတင်ခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ထဲမှာ သူမကိုမတရား နှိပ်စက်ညှင်းပန်းခဲ့သူဟာ ဘယ်သူလဲဆိုတာကိုတော့ ဖော်ပြမသွားခဲ့ပေမယ့် အဆိုပါအမျိုးသားဟာ ချစ်စရာကောင်းအောင် ပျော်စရာကောင်းအောင်လုပ်ဆောင်ပေးတဲ့ သဘောထားကြီးတဲ့ သူတစ်ဦးအဖြစ် ဟန်ဆောက်ထားတယ်လို့သာ ဖော်ပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Melissa Benoist (@melissabenoist) on

Melissa Benoist ဟာ Supergirl တီဗီစီးရီးမှာ တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်တဲ့ Chris Wood နဲ့ မကြာသေးခင်ကမှ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ Chris Wood နဲ့ မဆုံတွေ့မီက နောက်ဆုံးတွဲခဲ့တဲ့ သူမရဲ့ ရည်းစားဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခံခဲ့သလို ကိုယ်ထိလက်ရောက်လည်း ရုပ်ပိုင်းဆိုင်ရာကိုပါ အကြမ်းဖက်မှုခံခဲ့ရတယ်လို့ Benoist ကပြောပါတယ်။

 

View this post on Instagram

 

🚹🚺💙💜

A post shared by Melissa Benoist (@melissabenoist) on

 

ပထမဆုံး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုကတော့ သူမရဲ့ပါတနာက သူမမျက်နှာကို သောက်စရာအအေးခွက်နဲ့ ပက်ခဲ့တာပဲဖြစ်တယ်လို့ Benoist က ပြောခဲ့တာပါ။ ဒီဗီဒီယိုဖိုင်တင်ပြီး မကြာခင်မှာ ပဲ follower (၃.၈)သန်းရှိတဲ့သူမရဲ့အင်စတာဂရမ်မှာ အားပေးစကား မြောက်များစွာကို ပရိသတ်တွေက ရေးသားခဲ့ပါတယ်။

ဒီလိုမျိုးနှိပ်စက်ခံရတာထက် ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကိုကြိုပြီး စိုးရိမ်မှုတွေဖြစ်လာတယ်လို့ Benoist ကပြောပါတယ်။

ဒီိလိုနှိပ်စက်ခံရမှုတွေကြောင့် သူမ မချိမဆန့်ခံစားခဲ့ရတဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ပြောပြခဲ့ ပါတယ်။

 

အလုပ်ကိစ္စကြောင့် ရိုက်ကွင်းပေါ်မှာ အခြားအမျိုးသားတစ်ဦးနဲ့ ပွေ့ဖက်ရတဲ့ အခန်းတွေနဲ့ပတ်သက်ပြီး စကားများရာကနေစပြီး ကိုယ်ထိလက်ရောက်မှုတွေထိ ဖြစ်သွားခဲ့တာဖြစ်တယ်လို့ Benoist ကပြောပြခဲ့ပါတယ်။

ဒါ့ကြောင့် အလုပ်တွေလုပ်ဖို့ သူမစိတ်ဝင်စားတဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ပေမယ့် ငြင်းပယ်ခဲ့ရတာတွေ အမြောက်အများ ရှိခဲ့ကြောင်း ၊ ဒီလိုလိုက်လျောမှုတွေ လုပ်ခဲ့တာတောင် သူဟာ ကျွန်မကို ရိုက်နှက်ရုံတွေမက ကျွန်မဆံပင်ကိုဆွဲပြီး ကျောက်ခင်းလမ်းတစ်လျှောက် ဆွဲခေါ်ခံခဲ့ရပါတယ်လို့ သူမရဲ့ပရိသတ်တွေကို သူမခံစားခဲ့ရတဲ့ ဒုက္ခတွေကို မျက်ရည်တွေနဲ့ Benoist က ပြပန်လည်ပြောပြခဲ့ပါတယ်။ 

သူ့ရဲ့ရိုက်နှက်မှုတွေကြောင့် သူမရဲ့မျက်နှာ၊နှာခေါင်းနဲ့ မျက်လုံးတို့မှာ ဒဏ်ရာဒဏ်ချက်တွေရရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ ရဲတွေ၊ ဆရာဝန်တွေရဲ့အကူအညီကိုရယူပြီး သူမရဲ့အဆိပ်လို့ဖြစ်နေတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အဝေးကိုထွက်သွားနိုင်ခဲ့ပြီလို့ ပြောပြခဲ့ပြီး သူမရဲ့ဗီဒီယိုလေးကို အဆုံးသတ်သွားခဲ့ပါတယ်။

 

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်နိုင်ငံရှိ အသက်(၁၈)နှစ်အရွယ်အမျိုးသမီး (၄)ဦးမှာ တစ်ဦးလောက်ကတော့ သူတို့ပါတနာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံရလေ့ရှိတယ်လို့ သိရပါတယ်။

Thae Su

SHARE