အမိုက်စားဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ ပရိသတ်အချစ်တော်မင်းသမီး မယ်လိုဒီ

ရုပ်ရှင်သရုပ်ဆောင်လောကမှာ အောင်မြင်ခဲ့တဲ့ အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မယ်လိုဒီကတော့ အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလောကမှာ အရင်ကလောက် လှုပ်ရှားမှုမရှိတော့ပေမဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ယနေ့အချိန်အထိ ရရှိနေဆဲ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိသားစုပုံရိပ်တွေကိုလည်း အမြဲမျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေမြင်နေကျမဟုတ်တဲ့ ပုံစံလေးနဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။ ကလေးအမေတစ်ယောက်လို့ မထင်ရလောက်အောင် နုပျိုတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့ အဖြူရောင်ပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကို လှလွန်းနေပါတယ်။ မယ်လိုဒီကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ City FM ၁၇ နှစ်ပြည့်ပွဲကို သူမရဲ့ ခင်ပွန်းနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

“အမိုက်စားဂါဝန်ဝတ်ထားပြီး ရှိုးတိုးရှန်းတန်းဂနာမငြိမ် အချစ်ပေါ့မှာကြောက်ကာ ယောက်ယက်ခက်ဘာဘဲပြောပြော လှစေချင် ငယ်နုစေချင်လို့ ကူညီကြိုးစားပေးကြတဲ့ အယောက်စီတိုင်းအပြစ်မမြင်ချစ်ခင်ကြတဲ့အယောက်စီတိုင်း ကျေးဇူးပါရှင်” လိုရေးထားပြီး ဓါတ်ပုံတွေ တင်ပေးထားတာဖြစ်ပါတယ်။

READ
ချစ်ရသူနဲ့အတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့ မော်ဒယ် ခင်ရူပ

ပရိသတ်တွေအတွက် မယ်လိုဒီရဲ့ အမိုက်စား ပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ မယ်လိုဒီကိုလည်း အများကြီး ချစ်ခင်အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

SOurce: Melody

SHARE