သီချင်းချစ်သူတွေတိုင်းရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ နိုင်ငံရပ်ခြားမှာ ရှိနေတာဖြစ်ပြီး သူမကတော့ ဖေစ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ ဒီကနေ့မှာလည်း သူ့ရဲ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ရင်ဖွင့်လာတာဖြစ်ပါတယ်။

မီးမီးခဲကတော့ “၂၀၁၇ မှာ ရင်သာကင်ဆာ အဆင့် ၄ ခံစားရသူဖြစ်ပြီး ဆေးနဲ့ ထိန်းချုပ်ကုသနေစဉ်မှာပဲ ၂၀၁၉ April မှာ ကင်ဆာ အသစ်တခု ကျွန်မရဲ့ နောက်ဘက်ဦးခေါင်း နဲ့ ညာဘက်ဦးခွံ တို့ မှာ ပြန်ပေါ်လာခဲ့ပါတယ်
အဲ့ဒီနေရာတွေကို ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ကုသခဲ့ရပြီး ဒီနေ့ ဟာတော့ဖြင့် အဖြေ နားထောင်ရတဲ့နေ့ ဖြစ်ပါတယ်”ဆိုပြီးတော့ အခုလို ရေးသားလာတာဖြစ်ပါတယ်။

မိးမီးခဲကတော့ လက်ရှိမှာ သီချင်းအသစ်တွေလည်းရေးသားပြီး အသံသွင်းနေတယ်လို့လည်း သိရပါတယ်။ မီးမီးခဲရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source: mie mie Khel