ရင်သားကင်ဆာဟာ အမျိုးသားတွေမှာပါ ဖြစ်ပွားနိုင်တယ်ဆိုတာ သင်သိပါသလား …

Pixabay-Free-Photos

ရင်သားကင်ဆာဆိုတဲ့ ရောဂါဟာ များသောအားဖြင့် အမျိုးသမီးတွေမှာပဲ ဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး ၁၃ ယောက်မှာ ၁ ယောက်ဆီတိုင်းဟာ ရင်သားကင်ဆာရောဂါကိုခံစားနေရကြောင်း Singapore Cancer Society ရဲ့ စစ်တမ်းအရ သိရှိရပါတယ်။ ဒါပေမယ့် လူတော်တော်များများ ရင်သားကင်ဆာရောဂါဟာ အမျိုးတွေမှာပဲ ဖြစ်လေ့ရှိတယ်လို့ ထင်နေကြပါတယ်။ တစ်ကယ့်လက်တွေ့မှာတော့ ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးတွေဆီမှာသာမကပဲ အမျိုးသားတွေဆီမှာပါ ဖြစ်ပွားနိုင်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-SJJP

အမျိုးသားတွေ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာဟာ အမျိုးသမီးတွေလို ရင်သားမှာ အကြိတ်ဖြစ်နေတတ်တာဖြစ်ပြီး အမျိုးသမီးတွေရင်သားမှာ ဖြစ်ပွားတဲ့ အကြိတ်ထက်တော့ သေးပါတယ်။ ရင်သားကင်ဆာ ရောဂါဖြစ်ပွားတဲ့ အမျိုးသားတော်တော်များများဟာ ကင်ဆာရောဂါ အခံရှိတဲ့လူတွေနဲ့ မိသားစုမျိုးရိုးမှာ ရင်သားကင်ဆာဖြစ်ပွားတဲ့သူတွေဆီက မျိုးရိုးလိုက်ပြီး ဖြစ်ပွားနိုင်တာပဲ ဖြစ်ပါတယ်။ အမျိုးသားတွေ ရင်သားကင်ဆာဖြစ်ပွားတဲ့ပုံဟာ အမျိုးသမီးတွေနဲ့ မတူပေမယ့် ကုသတဲ့ ဆေးဝါးတွေ၊ နည်းလမ်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ရေဒီယိုဓာတ်ရောင်ခြည်ဖြင့် ကုသဖြင်း၊ ခွဲစိတ်ကုသဖြင်း၊ ဟော်မုန်းဓာတ်နဲ့ ကုသခြင်း၊ ဓာတုနည်းလမ်းနဲ့ ကုသခြင်း အစရှိတဲ့ ကုသနည်းတွေနဲ့ ရင်သားကင်ဆာကို ကာကွယ်ကုသနိုင်ပါတယ်။

READ
အမျှင်ဓာတ်အကြွယ်ဝဆုံး အသီး(၁၀)မျိုး
Pixabay-maleni_ferrari

“ရင်သားကင်ဆာဖြစ်ပွားတဲ့ လူနာတွေရဲ့ ၁ ရာခိုင်နှုန်းက အမျိုသားတွေပါ။ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားရင်တော့ များသောအားဖြင့် ရင်သားတစ်ခုလုံးကို ခွဲထုတ်လိုက်ရတာပါ။ အမျိုးသားတွေ ရင်သားကင်ဆာဖြစ်ပွားရင်တော့ ဓာတ်ရောက်ခြည်းကုထုံးတွေနဲ့ ကုသပြီး ပျောက်ကင်းသွားတ များပါတယ်။ အဲဒါနဲ့ မသက်သာရင်တော့ ရင်သားခွဲစိတ်မှုပြုလုပ်ရပါတယ်။ အမျိုးသမီးတွေလိုတော့ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ပစ်စရာမလိုပါဘူး။ အမျိုးသားတွေရဲ့ နို့သီးခေါင်းကို ဖယ်ထုတ်လိုက်ရုံပါပဲ”လို့ ရင်သားအထူးကုဆရာဝန်ဖြစ်တဲ့ Dr Tam Chuan Chien က ပြောကြားခဲ့ပါတယ်။

Pixabay-Free-Photos

Pyi Hein Kyaw

SHARE