အမျိုးသားတွေဟာ အလုပ်မှာစိတ်ဆိုးပြီဆိုတာနဲ့ အလုပ်ထွက်ဖို့ ခြိမ်းခြောက်လေ့ရှိ

Shutterstock

လုပ်ငန်းခွင်ထဲမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး စိတ်ရှည်ကြလိမ့်မယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ အမျိုးသားတွေဟာ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေထက် နှစ်ဆလောက်ပိုပြီး စိတ်ခံစားမှုပြင်းထန်ကြပါတယ်တဲ့။

ဒီအကြောင်းကို ဗြိတိန်နိုင်ငံတွင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တွေ့ရှိခဲ့တာဖြစ်ပြီး အလုပ်သမားပေါင်း (၂၂၅၀)ကို မေးမြန်းခဲ့တာပါ။

သူတို့ရဲ့ တွေ့ရှိချက်အရတော့ အမျိုးသားတွေဟာ လုပ်ငန်းခွင်အတွင်းမှာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ရည်မှန်းထားသလို မဖြစ်တဲ့အခါ တွေမှာ စိတ်ခံစားမှု ပိုမိုများတတ်တယ်လို့ သိရပါတယ်။

Shutterstock

အမျိုးသားအများစုက အလုပ်ထဲမှာ စိတ်ဆိုးပြီဆိုတာနဲ့ အလုပ်ထွက်မယ်လို့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ဒါမှမဟုတ် အထက်လူကြီးကို ခြိမ်းခြောက်လေ့ရှိကြပြီး မပျော်ရွှင်တဲ့အခိုက်အတန့်တွေ၊ အလုပ်မပြီးလို့ အထက်လူကြီးရဲ့ ဆူပူကြိမ်းမောင်းခံရခြင်းတွေ၊ အလုပ်ကြောင့် ပျော်ရွှင်စရာတွေကို လက်လွှတ်လိုက်ရတဲ့အချိန်တွေမှာလည်း သူတို့ရဲ့ စိတ်ခံစားမှုက မြင့်တက်နေလေ့ရှိတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။

READ
အဝစား ပရိုမိုးရှင်းပေးပြီး နှစ်ပတ်အကြာမှာ ဆိုင်ပိတ်လိုက်ရတဲ့ တရုတ်စားသောက်ဆိုင်

အမျိုးသမီးအများစုက အလုပ်ထဲမှာ အဆင်မပြေတဲ့အခါ ငိုကြတာ ဖြစ်ပေမယ့် အမျိုးသားတွေကတော့ ဆူပူအော်ဟစ်နေတာမျိုး၊ ဒါမှမဟုတ် အလုပ်ထွက်မယ်လို့ ပြောဆိုနေတာမျိုးတွေကိုသာ လုပ်တတ်ကြတယ်လို့ တွေ့ရှိခဲ့ရတာပါ။

Shutterstock

“အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်ထဲမှာ စိတ်ခံစားမှုကို ပြတဲ့ ပုံစံချင်း ကွဲပြားလေ့ရှိပါတယ်။ အမျိုးသားတွေရဲ့ စိတ်ခံစားမှုတွေဟာ ဒေါသနဲ့ သူတို့ရဲ့သိက္ခာကိုအခြေခံကြတယ် လို့ ဒီ စစ်တမ်းကို ခေါင်းဆောင်ခဲ့တဲ့ အန်ဂျလီယာတက္ကသိုလ်က ဌာနမှူး တာရီ ဆင်ပ်ကင် က ဆိုပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့အထဲမှာ (၆၀)ရာခိုင်နှုန်းလောက်ကတော့ သူတို့ရဲ့ စိတ်ခံစားမှုကို အလုပ်ထဲမှာ ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြလေ့မရှိကြပါဘူး။ အများစုက သူတို့ရဲ့ စိတ်ခံစားမှုကို ဖုံးကွယ်ထားတတ်ပြီး ဟန်ဆောင်နေတတ်ကြတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းက မန်နေဂျာတွေကတော့ စိတ်ခံစားမှုကို ပြသခြင်းဟာ ကိုယ့်ရဲ့အားနည်းမှုကို ဖော်ပြတာနဲ့အတူတူပဲလို့ လက်ခံထားကြပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုကို ပြလိုက်ပြီဆိုတာနဲ့ လက်အောက်က ၀န်ထမ်းတွေဟာ သူတို့ ဘယ်လိုလူလဲဆိုတာ သိသွားကြလိမ့်မယ်လို့ သူတို့က ယုံကြည်ထားကြတာပါ။

READ
ညဘက်အိပ်ရေးပျက်ခြင်းကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကိုမှာ ထိခိုက်စေမယ့်အရာများ

Linn

SHARE