အမျိုးသားတွေဟာ လက်တွဲဖော်တွေအပေါ် တစ်နှစ်ကို(၃၈၈)ကြိမ်လောက် လျစ်လျူရှုတတ်ကြ

Unsplash/Hook29

တစ်ခါတလေ ကိုကတော့ စကားတွေကို ဖောင်ဖွဲ့ပြီး ပြောနေပေမယ့် တစ်ဖက်လူက မကြားသလိုနေတဲ့ အခါ အင်မတန်ခံရက်ခက်တဲ့ ခံစားချက်ကိုခံစားဖူးကြမှာပါ။ သုတေသီတွေရဲ့အဆိုအရ အမျိုးသားတွေဟာ တစ်နှစ်မှာ (၃၈၈)ကြိမ်လောက် သူတို့ရဲ့လက်တွဲဖော်တွေ ပြောစကားကို ရွေးချယ်ကြားပြီး လျစ်လျူရှုတတ်ကြတယ်လို့ဆိုပါတယ်။

သင်လည်းကြုံဖူးမှာပါ။ သင်စကားပြောတဲ့အခါ သူက သင့်စကားကို သေချာနားမထောင်တာ၊ သူတို့ကို တစ်ခုခုခိုင်းရင်၊ ပြောရင် မကြားချင်ယောင်ဆောင်နေတာမျိုးတွေကို  ခနခနကြုံတွေ့ဖူးမှာပါ။

Pixabay/Amita

ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဒီလိုကိစ္စမျိုးက လူတိုင်းကြုံတွေ့နေကျဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ ဗြိတိန်မှာ အမျိုးသားလေးပုံပုံသုံးပုံဟာ သူတို့ချစ်သူ၊ မိန်းမတွေရဲ့စကားအပေါ် ရွေးချယ်ကြားတတ်ကြပါတယ်။  ဒါမျိုးက အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေက တစ်နှစ်ကို (၃၃၉)ကြိမ်လောက်ရှိပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးဆိုးတယ်လို့ သိရပါတယ်။

အတိအကျပြောရမယ်ဆိုရင် အမျိုးသားတွေက သူတို့လက်တွဲဖော်တွေဘာပြောတယ်ဆိုတာကို တစ်နှစ်မှာ (၃၈၈)ကြိမ်လောက် လျစ်လျူရှုကြတာပါ။ တစ်နှစ်မှာ (၃၆၅)ရက်ပဲ ရှိပေမယ့်လို့ သူတို့မကြားက (၃၈၈)ခေါက်လောက် ဖြစ်နေတာလေ။

www.scrivens.com

ဒါပေမယ့် ဒါဟာဘယ်လိုပဲ စိတ်အနှောင့်အယှက်ဖြစ်စရာဆိုပေမယ်လို့ သင့်အနေနဲ့ အရမ်းကြီးပေါက်ကွဲနေလို့လည်း မရပြန်ပါဘူး။ ဘာလို့လည်းဆိုရင် Scrivens Hearing Care မှ ပညာရှင်တွေရဲ့ လေ့လာချက်အရ သူတို့အနေနဲ့ ပျင်းလို့ မကြားချင်ယောင်ဆောင်ပြီး မလုပ်တာလည်း ရှိသလို၊ သူတို့တကယ်ကို မကြားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသား(၁၀)ယောက်မှာ (၄)ယောက်လောက်က တစ်ဖက်လူစကားကို မနည်းကြိုးစားနားထောင် ရတာမျိုးတွေ ရှိပါတယ်။ တစ်ချို့ဆိုရင် တစ်ဖက်လူ ဘာပြောတယ်ဆိုတာကို မကြားတဲ့အတွက် သူတို့ပါးစပ်လှုပ်တာကို  မနည်းလိုက်ဖတ်ပြီး နားလည်ယူရတာတွေ ရှိပါတယ်။ တစ်ချို့ကျတော့လည်း ပလုံးပထွေးနဲ့ စကားကို ပီသအောင် မပြောကြတာလည်း ရှိပါတယ်။ အားလုံးကို ခြုံငုံပြောရရင် ဒါတွေဟာ အကြားအာရုံချို့ယွင်းမှုကို ဖော်ပြနေတာမို့ သူတို့နားမကောင်းတာကြောင့် မသိတာလည်း ဖြစ်နိုင်ပါမယ်။

Khaing

SHARE