ယောင်္ကျားလေးတွေဟာတစ်နေ့မှာ နာရီဝက်မျှသူတို့ရုပ်သွင်နဲ့ပတ်သတ်ပြီး ပူပန်တတ်ကြ

လောကကြီးမှာ လူတိုင်းလှချင်ကြတာပါပဲ။မိန်းကလေးပဲဖြစ်ဖြစ်ယောင်္ကျားလေးပဲဖြစ်ဖြစ်သူရဲ့ ရုပ်ရည်နဲ့ပါတ်သတ်ပြီး ပူပန်လေ့ရှိကြပါတယ်။လေ့လာချက်အသစ်တစ်ခုအရ ယောင်္ကျားလေးတိုင်းဟာခန္ဓာကိုယ်ဝနေခြင်း ထိပ်ပြောင်နေခြင်းစတဲ့ သူတို့ရဲ့ ခန္ဓာကိုယ်သွင်ပြင်အတွက် တစ်နေ့မှာ ၃၅ မိနစ်မျှပူပန်လေ့ရှိကြပါတယ်တဲ့။အ၀လွန်ခြင်းဟာ ယောက်ကျားလေးတွေ စိုးရိမ်ပူပန်တတ်တဲ့ အဓိက ပြဿနာဖြစ်ပြီး ဆံပင်ကျွတ်ခြင်း ၊ခန္ဓာကိုယ်ပုံသဏ္ဍန်စတာတွေက ဒုတိယနဲ့ တတိယ စိုးရိမ်ပူပန်တတ်တဲ့ ပြဿနာတွေဖြစ်ပါတယ်တဲ့။ဒီစစ်တမ်းကို KSL ဆံပင်သန်စွမ်းဆေးကုမ္ပဏီကနေကောက်ယူခဲ့တာဖြစ်ပြီး ယောက်ကျားလေး အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ တစ်ဝက်လောက်က သူတို့ရဲ့ရုပ်ရည်နဲ့ပါတ်သတ်ပြီး ကိုယ်ကိုကိုယ် ယုံကြည်မူမရှိကြပါဘူးတဲ့။ “ယောင်္ကျာလေးတွေဟာသူတို့ရဲ့ရုပ်ရည်နဲ့ပါတ်သတ်ပြီး မိမိကိုယ်ကို ယုံကြည်မူမရှိကြတဲ့ အတွက် ကျွန်မတို့ဟာ သူတို့ရုပ်ရည်ကိုသာမက စိတ်အတွင်းပိုင်းထိပါ ပိုပြီး ယုံကြည်မူရှိလာနိုင်မယ့် အဖြေကိုရှာကြရပါမယ် ” လို့ KSL ကုမ္ပဏီဥက္ကဠကပြောသွားခဲ့ပါတယ်။ယောက်ကျားလေးတွေဟာ သူတို့ရဲ့ခန္ဓကိုယ်ဝခြင်းအတွက် တစ်နှစ်မှာ ၂ ရက်လောက်ပူပန်လေ့ရှိကြပြီး ဆံပင်ပုံစံအတွက် တစ်နှစ်မှာ နာရီ ၂၀ လောက်ပူပန်လေ့ရှိတယ်လို့ လေ့လာချက်ကဆိုပါတယ်။လေ့လာချက်ထဲမှာပါဝင်ခဲ့တဲ့ ယောင်္ကျားလေး ၁၆ % က ဆိုရှယ်မီဒီယာမှာ ရှိတဲ့ နာမည်ကြီး Cele တွေနဲ့ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေက သူတို့ကို စိတ်ရူပ်စေပြီး ၁၀ %က Social Media တွေပေါ်ကို ဓာတ်ပုံတွေမတင်ခင် ပိုပြီးကြည့်လို့ကောင်းအောင်လို့ ဓါတ်ပုံကို အထူးပြုလုပ်ချက်တွေနဲ့ ပြင်ဆင်တတ်ကြတယ်လို့ ဆိုပါတယ်။၇၀ % ကတော့ သူတို့ရုပ်ရည်ကို ကြည့်လို့ကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ပါဘူးတဲ့။

Lumos(Shwemom)

READ
ဇနီးသည်ကိုဖောက်ပြန်စေတဲ့ ခင်ပွန်းသည်တို့၏အပြုအမူများ

Ref : The Sun

SHARE