မိန်းက​လေး​အများစုကို​ကြွေသွား​စေနိုင်​​တဲ့ ဝတ်စားမှုစတိုင်များ

ဆွဲ​ဆောင်​မှုရှိတဲ့ အမျိုးသားတစ်​​ယောက်​ဖြစ်​ဖို့ Fashion ကျကျ ဝတ်​စားတတ်​ဖို့ကလည်း အ​ရေုးကြီးတဲ့အချက်​ပါပဲ။တကယ်​​တော့ Fashion ကျကျဝတ်​တယ်​​ဆိုတာကလည်း ​​ခေတ်​​​ပေါ်​နေဖို့ဆို​တာထက်​ ကိုယ်​နဲ့လိုက်​ဖတ်​တဲ့ဒီဇိုင်းမျိုးကို ​ရွေးချယ်​ဝတ်​ဆင်​တတ်​ခြင်းပါပဲ။ဒီထဲမှာမှ မိန်းက​လေး​အများစုကိုဆွဲ​ဆောင်​နိုင်​တဲ့ Men style တွေက​တော့….
(၁) ရှပ်​အဖြူ နဲ့ ဂျင်း
ဒီလို style မျိုးကရိုးရှင်းတယ်​လို့ထင်​ရ​ပေမဲ့ မိန်းက​လေးအများစုက ဒီလိုဝတ်​စားထားတဲ့အမျိုးသားကိုကြိုက်​နှစ်​သက်​ပါသတဲ့။သတိထားရမှာက shirt က မပွလွန်း မကျပ်​လွန်းဖြစ်​ရပါမယ်​။ဒီ style မျိုးက ​fit ဖြစ်​တဲ့ အမျိုးသား​တွေနဲ့ပိုလိုက်​ဖက်​ပါတယ်​။
 
(၂) Necktie စည်းပြီး အင်္ကျီလက်​ရှည်​​ခေါက်​တင်​ထားတဲ့ style
ဒီလိုဝတ်​စားထားတဲ့ အမျိုးသားဆို မိန်းက​လေးတိုင်းက​ကြွေတယ်​ဆိုတာ ​ပြောစရာ​တောင်​မလို​လောက်​ဘူးထင်​တယ်​​နော်​။
(၃) accessory ​တွေ
နာရီအပြင်​ လတ်​ပတ်​​​လေးတွေဝတ်​တတ်​တဲ့အမျိုးသား​တွေကို မိန်းက​လေး​တွေကနှစ်​သက်​တတ်​ပါတယ်​။
(၄) V neck ဆွယ်​တာ
Vပုံစံ လည်​ပင်း​ပေါက်​နဲ့ ဆွယ်​တာ​တွေကလည်းအမျိုးသား​တွေကို ​ယောက်ျားပီသတဲ့ style မျိုးဖြစ်​​စေပါတယ်​။ မြန်​မာနိုင်​ငံမှာ​တော့ပူလွန်းတာ​ကြောင့်​ ဆွယ်​တာအစား ခဲ​ရောင်​၊ အဖြူ​ရောင်​ V neck shirt ​တွေကိုဝတ်​ဆင်​နိုင်​ပါတယ်​။
(၅) Hoody(​ခေါင်းစွပ်​အ​နွေးထည်​) ​တွေ
ဒါမျိုးဝတ်​တာက​တော့ ဆယ်​​ကျော်​သက်​​တွေနဲ့ပိုလိုက်​ဖက်​ပါတယ်​။ ဒီလို styleနဲ့ ​ယောက်ျား​လေးဟာ ချစ်​စရာ​ကောင်းတဲ့အသွင်​​ဆောင်​တာ​ကြောင့်​ မိန်းက​လေးငယ်​များက အများဆုံးနှစ်​သက်​​လေ့ရှိပါတယ်​။
(၆) Henleys
Henleys က​တော့ ​ကော်​လံမပါတဲ့ တီရှပ်​မျိုးပါ။ပေါ့​ပေါ့ပါးပါးနဲ့ ဖက်​ရှင်​ကျတဲ့အသွင်​​ဆောင်​​စေလို့ Henleys ဝတ်တဲ့အမျိုးသား​တွေကို​အမျိုးသမီး​တွေကနှစ်​သက်​ကြပါတယ်​။
(၇) Tailored suit
Necktie မစည်းပဲ ဒီလို suit အပြည့်​နဲ့ ​ကြည့်​​ကောင်းလွန်းတဲ့​ယောက်ျားကို မ​ကြွေတဲ့သူမရှိပါဘူး​နော်​။
ကဲမိန်းက​လေး​တွေနဲ့​ရော..ဘယ်​လို style နဲ့ အမျိုးသား​တွေကိုကြိုက်​နှစ်​သက်​ပါသလဲ…
Grinny(shwemom)
Source: The Gentlemanual
SHARE