အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုလိမ်လည်နိုင်တယ်လို့ ထင်နေကြောင်း သိရ

Shutterstock/Ingis

ယောက်ျားတွေဟာ သူတိုယ့်ကိုယ်သူတို့ မိန်းမတွေထက် ပိုလိမ်နိုင်ကြောင်း ထင်မှတ်နေမှုကို UKက ပညာရှင်တွေက စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီယူဆချက်ဟာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

PLOS One သတင်းဌာနရဲ့ ဖော်ပြချက်အရ လူတွေမှာ စကားကို ချောချောမွေ့မွေ့ပြောတတ်ပြီး လိမ်ပြောတတ်တဲ့သူတွေဆိုတာ ရှိပါတယ်။ အဲဒီလူအများစုဟာ များသောအားဖြင့် သူတို့ရဲ့ မိသားစုဝင်တွေ၊သူငယ်ချင်းတွေ၊ချစ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လိမ်လည်ပြောဆိုတတ်ကြပါတယ်။ အဲဒီလို လိမ်ရင်လည်း စာပို့တာတို့ နဲ့ လူမှုကွန်ရက်ကို အသုံးပြုပြီး စကားပြောတတွေထက် မျက်နှာချင်းဆိုင် စကားပြောပြီး လိမ်ရတာကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရပါတယ်။

“ဒီလိုမျိုးလိမ်လည်တာတွေကို ကျွန်တော်တို့ စမ်းသပ်မှုတွေပြုလုပ်ပြီး ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက ပိုလိမ်နိုင်ကြောင်း စမ်းသပ်မှုတွေ ပြုလုက်ကြည့်ပါတယ်။အဲဒီမှာ ဘာတွေ့သလဲဆိုတော့ ယောက်ျားတွေက သူတို့ကိုယ်သူတို့ မိန်းမတွေထက် လိမ်နိုင်တယ်လို့ ခံယူထားပုံပဲဗျ” လို့ Porsmouth တက္ကသိုလ်မှ သုတေသနပညာရှင်တွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူဒေါက်တာBrianna Veriginက ပြောပြခဲ့ပါတယ်။

YouTube/Liar

“လူတော်တော်များများကတော့ အနည်းဆုံးတစ်နေ့ကို တစ်ခါနှစ်ခါတော့ လိမ်တယ်ဗျ။တကယ်လိမ်တဲ့သူတွေကျတော့လဲ သူတို့ပါးစပ်ကနေ ထွက်တဲ့ စကားတိုင်းလိုလိုကိုက မုသားတွေနဲ့ကို ပြာ့်နေတာဗျ။ဒါပေမယ့် သူတို့လဲ အချိန်တိုင်းတော့ လမ်နေတာမဟုတဘူးဗျ။သူတို့ကတော့ များသောအားဖြင့် မျက်နှာချင်းဆိုင် လိမ်ပြောရတာကို ပိုအရဿာတွေ့တယ်ဗျ”လို့လဲ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ လိမ်ပြောတဲ့သူယော်ကျာ်းအယမိနိးမတွေထဲမှာ ဘယ်သူကအများဆုံးလဲဆိုတာကို ပြောပြဖို့ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုသေးကြောင်း ပြောပြခဲ့ပါတယ်။လိမ်တဲ့သူတော်တ်ေများများဟာလည်း မှန်ကန်တဲ့သတင်းအချက်အလက်ပေါ်မူတည်ပြီး ချဲ့ကားပြောဆိုပြီး ကိုယ်လိုရာကို ခေါ်ဆောင်ပြောဆိုတတ်ကြောင်းလည်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE