ရယ်စရာဟာသ အမြဲလုပ်တတ်သူတွေဟာ သာမန်လူတွေထက် ပိုတော်ဟု သိပ္ပံပညာရှင်များဆို

Imdb/JohnnyEnglish

သုတေသနပညာရှင်တွေရဲ့ အတည်ပြုချက်အရ ရယ်မောခြင်းဟာ လူတစ်ယောက်ကို လူတော်တစ်ယောက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ စကားပုံလေးတစ်ခုကတော့ “ Laughter is the best medicine ”လို့ ဆိုပါတယ်။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးတစ်ခွက်ပါတဲ့။

ဒီလိုပဲ ရယ်စရာတွေ့ရင် ရယ်တဲ့လူတွေထက်၊ သူများကို ရယ်စရာပြောသူတွေ၊ ရယ်စရာကောင်းအောင် လုပ်သူတွေက ပိုပြီး တော်တဲ့ထက်မြတ်တဲ့ လူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သြစတေးလျ သုတေသန ပညာရှင်တွေရဲ့အဆိုရ ရယ်ရတဲ့လူတွေဟာ IQ မှာ သာမန်လူတွေထက်ပိုပြီး မြင့်ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ထုတ်ပြန်မှုမှာ Dark humor လို့ခေါ်တဲ့ ခပ်ကြမ်းကြမ်းဟာသတွေကို သဘောကျနှစ်သက်သူတွေဟာ ပိုပြီး IQ ပိုကောင်းကြတယ်လို့ ဆိုပါတယ်။ Dark humor ဆိုတာကတော့ စကားလုံးခပ်ကြမ်းကြမ်း၊ ဖြစ်စဉ်ခပ်ကြမ်းကြမ်းတွေကို ပုံဖော်ထားပေမယ့် လူတွေမှာ အဲဒီဟာသကြောင့် စိတ်အနှောက်အယှက်မဖြစ်ဘဲ ရယ်ရစေတဲ့ ဟာသမျိုးတွေပါ။

Scientists have found a link between having a sense of humour and intelligence

Knock knock.Who's there?Someone more intelligent than you. Read more: http://wef.ch/2C5tkMs

Posted by World Economic Forum on Friday, February 9, 2018

ရယ်စရာလုပ်တတ်တဲ့လူတွေ၊ ရယ်စရာကို သဘောကျနှစ်သက်တဲ့လူတွေဟာ သာမန်လူတွေလိုလည်း ရန်လို ဒေါသထွက်ခြင်း ကင်းရှင်းပြီး၊ စိတ်ထဲမှာ အနှောက်အယှက်တွေလည်း သူများထက်ပိုပြီး ကင်းကင်းနေနိုင်ကြတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေဟာ အသိအမြင်နဲ့ စိတ်ခံစားချက်ဆိုင်ရာ စွမ်းရည်တွေကိုလည်း ထိရောက်စွာ အသုံးချနိုင်ပါတယ်။

READ
သင် စိတ်ဓာတ်အပြင်းအထန်ကျနေပြီဆိုတဲ့ လက္ခဏာ (၅)မျိုး

ဟာသကို ဖန်တီးနိုင်သူတွေဟာ ထက်မြတ်ဉာဏ်ကောင်းရုံတင်သာမက သူတို့ကို တော်တော်များများက အပေါင်းအသင်းအဖြစ် ဆက်ဆံလိုကြပြီး၊ အဲဒီလိုလူတွေနဲ့ ခင်မင်ရတာ၊ ပေါင်းသင်းရတာ သူတို့အတွက် ကောင်းတယ်၊ အကျိုးရှိတယ်၊ စိတ်ဖိအားတွေကို လွင့်ပျောက်စေတယ်လို့ ယုံကြည်ခြင်းကိုလည်း ခံရပါသတဲ့။

YouTube/Austin Power

# ရယ်မောခြင်းက ဦးနှောက်ရဲ့ဓာတုဗေဒစနစ်ကို ပြောင်းလဲစေနိုင်

ရယ်မောခြင်းဟာ ဦးနှောက်ရဲ့ဓာတုဗေဒစနစ်ကို ပြောင်းလဲစေနိုင်ကြောင်း ယခင်တုန်းကတည်းက သိပ္ပံဆိုင်ရာ သက်သေပြမှုတွေ ရှိခဲ့ပါတယ်။ မကြာခဏရယ်မောခြင်းကြောင့် ဦးနှောက်ထဲမှာ သီးခြားထုတ်လုပ်တဲ့ Dopamine ဟိုမုန်း ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။ Dopamine ဟိုမုန်းဟာ လူတွေကို စိတ်အေးချမ်းသာစေသလို၊ မှတ်ဉာဏ်တွေတိုးတက်ဖို့ကိုလည်း အထောက်အပံ့ အများကြီး ပေးပါတယ်။

လင်းဇော်ကို

SHARE