အမျိုးသမီးများစွာကို ထိမ်းမြားလက်ထက်ခဲ့တဲ့ ရာဇ၀င်ထဲက သတို့သားများ

ယနေ့ ခေတ်မှာ လက်ထပ်ထိမ်းမြားခြင်းဟာ သာမန်အားဖြင့် လူနှစ်ဦးတည်း အတွက်သာဖြစ်ပြီး တစ်ဦးထက်ပိုယူထားတာဆိုရင် ထူးခြားဖြစ်စဉ်ထဲထည့်လို့ရပါတယ်။ ဒါပေမယ့် ရာဇ၀င်တွေထဲမှာတော့ အိမ်ထောင်ဆက်ပေါင်း ရာနဲ့ကျော်ပြီးရှိတဲ့ သူတွေလည်းရှိပါတယ်။ ဗဟုသုတအနေနဲ့ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

Joseph Smith 
thevintagenews

Joseph Smith ဆိုသူဟာ Mormon ဘာသာရေးဂိုဏ်နဲ့ Latter Day Saint လှုပ်ရှားမှုကို စတင်တည်ထောင်ခဲ့သူဖြစ်တယ်။ သူဟာ အသက် (၂၄) နှစ်မှာ Book of Mormon ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့တယ်။ အသက်တာ တစ်လျှောက် အမျိုးသမီး အယောက် (၃၀) နဲ့ လက်ထပ်ခဲ့တယ်။ အဲ့ဒီ့ထဲက တစ်ချို့က တခြား အမျိုးသားတွေနဲ့ လက်ထပ်ကုန်ကြသလို၊ တော်တော်များများက သူ့ထက် အသက်အရွယ် အလွန်ငယ်တဲ့သူတွေဖြစ်ကြတယ်။

thevintagenews

သူရဲ့ ပထမ အိမ်ထောင်ဖက် Emma က Smith ရဲ့ မယားပြိုင်ထားတဲ့ လုပ်ပုံတွေကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ ဒါတောင် သူမအနေနဲ့ နောက်ထပ် အိမ်ထောင်လေးဆက်လောက်ထိ လက်ခံခဲ့ပြီး တစ်အိမ်တည်းမှာ တူတူနေခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ထွက်သွားအောင် လုပ်ခဲ့တယ်လို့ သိရတယ်။

Smith ဟာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ (၁၈၄၄) ခုနှစ်မှာ အကျဉ်းစံခံရပြီး ထောင်ထဲမှာ ကွပ်မျက်ခံလိုက်ရတယ်။ သူ သေပြီးတဲ့နောက်မှာ Mormon ၀ါဒီဆန့်ကျင်တဲ့ သတင်းစာက ဘာသာရေ အယူသန်သူလို့ ဖော်ပြခဲ့ပြီး ထောက်ခံသူတွေကတော့ သူကို အာဇာနည်သဖွယ် အောက်မေ့နေကြတုန်းပါပဲ။

 

Brigham Young
thevintagenews

Brigham Young ဆိုတဲ့သူဟာ Mormon ဘုရားကျောင်းရဲ့ LDS လှုပ်ရှားမှုရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်။

Utah ပြည်နယ်မှာ Salt Lake မြို့ကို ထူထောင်ခဲ့ပြီး Utah ဒေသရဲ့ ပထမဆုံး မြို့စားအဖြစ် ဆောင်ရွက်ခဲ့တယ်။ အမျိုးသမီး (၅၅) ယောက်ကို လက်ထပ်ယူခဲ့ပြီး (၅၄) ယောက်ကို Mormon အယူဝါဒကို သွတ်သွင်းခဲ့တယ်။

READ
ရှေးခေတ်လူသားတွေရဲ့ အံ့မခန်း ဗိသုကာလက်ရာတွေကို တွေ့နိုင်မယ့် ကမ္ဘာ့အံ့ဖွယ်(၇)ပါး
thevintagenews

သားသမီး (၅၆) ယောက်ရဲ့ ဖခင်ဖြစ်ခဲ့ပြီး (၁၈၇၇) ခုနှစ်မှာ သေဆုံးခဲ့တယ်။ သေဆုံးချိန်မှာ ဇနီး (၂၃) ယောက်ကျန်ရစ်တယ်၊ (၁၀) ယောက်က ခွာပြဲခဲ့တယ်၊ (၁၉) ယောက်က သွားနှင့်တယ်။ ကျန်တဲ့ (၄) ယောက်ကတော့ တိတ်တိတ်ပုန်းတွေဖြစ်နိုင်တယ်လို့ ဖော်ပြထားတာတွေတွေ့ရတယ်။ သူနာမည်နဲ့ တည်ထောင်ထားတဲ့ တက္ကသိုလ်ဟာဆိုရင်လည်း LDS က အပြည့်အ၀ပိုင်ဆိုင်တဲ့ တက္ကသိုလ်လို့သိရတယ်။

 

Fat’h Ali Shah Qajar
thevintagenews

Fat’h Ali Shah Qajar ဟာ (၁၇၉၇) ခုနှစ်မှ (၁၈၃၄) မတိုင်မီအထိ အီရန်မှာ မင်းပြုခဲ့သူဖြစ်တယ်။ သူအသက်တာမှာ အမျိုးသမီး (၁၅၈) ယောက်ကို တော်ကောက်ခဲ့တယ်လို့ ဆိုသော်လည်း အမှန်မှာ အယောက် (၁၀၀၀) ကျော်ထိ ရှိတယ်လို့ ဖော်ပြခဲ့ကြတယ်။

thevintagenews

(၁၈၇၄) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်မှာ တရားဝင် ကြင်ယာတော်က (၄) ဦးပဲရှိတယ်၊ ဒါပေမယ့် သူရဲ့ နန်းဆောင်ထဲမှာ အပျိုတော်က (၈၀၀ – ၁၀၀၀) လောက်ရှိနေတတ်တယ်ဆိုပြီး ပါရှိတယ်။ သူရဲ့ သားစဉ်မြေးဆက် ဇယားကို အတိအကျဖော်ပြဖို့လည်း မလွယ်ဘူးလို့ သိရတယ်။ တချို့မှတ်တမ်းတွေမှာတော့ သား ဦးရေ(၅၆-၁၀၀) ကြား သမီး ဦးရေ (၄၆-၁၅၀) ကြားရှိတယ်လို့ ဖော်ပြထားကြတယ်။

King Solomon
thevintagenews

King Solomon ကတော့ အနောက်နိုင်ငံရဲ့ သမိုင်းမှာ ကြင်ယာအများဆုံးရှိတဲ့ မင်းတစ်ပါးအဖြစ်ထင်ရှားပါတယ်။ သူ့မှာ မိဖုရားယောက် (၇၀၀) နဲ့ နန်းမရတဲ့ ကြင်ယာတော် (၃၀၀) လောက် ရှိတယ်လို့ မှတ်ယူကြတယ်။ သမ္မာကျမ်းစာ ( 1 Kings 11:13) အဆိုအရ သူ့ရဲ့ ကြင်ယာတော်တွေထဲမှာ အီဂျစ် ဘုရင်ရဲ့ သမီးတော်နဲ့ တခြားသော မင်းသမီးတွေလည်း ပါဝင်တယ်လို့ သိရတယ်။

READ
သမိုင်းတစ်လျှောက်အကြမ်းကြုတ်ဆုံး ပြစ်မှုများကို ကြူးလွန်ခဲ့သူအမျိုးသမီးများ
thevintagenews

ကျမ်းစာ (2 Chronicles 12:13) မှာတော့ ကြင်ယာတော်ကို Naamah the Ammonite တစ်ယောက်တည်းသာ ဖော်ပြထားပါတယ်။

thevintagenews

King Solomon ဟာ Queen of Sheba နဲ့လည်း ဇာတ်လမ်းတွေရှိတယ်လို့လည်း ဆိုကြတယ်။ အီသီယိုပီယား ယဉ်ကျေးမှုမှာ Manelik ဆိုတဲ့ သားတစ်ယောက်ရခဲ့ပြီး နောင်မှာ Axum ရဲ့ မင်းတစ်ပါးဖြစ်ခဲ့တယ်။ King Solomon ဟာ ဒီလို မိန်းမတွေအများကြီးရှိနေရခြင်းက တစ်ချိန်က ဘုရင်အချင်းချင်း ဆက်သတဲ့ ဓလေ့ကြောင့်လို့ သိရပါတယ်။

thevintagenews

Solomon ဟာ ခရစ်ယာန်ကျမ်းစာမှာ သိပ်မထင်ရှားပေမယ့် ဂျူးဘာသာ Talmud နဲ့ အစ္စလာမ်ဘာသာ Quran ကျမ်းတွေမှာတော့ သူအကြောင်း ဖော်ပြထားတာတွေရှိပါတယ်။ သူဟာ ဘီစီ (၉၇၀ – ၉၃၁) အထိ အစ္စရေးမှာ မင်းမူခဲ့တယ်လို့ သိရတယ်။

ယနေ့ခေတ်မှာလည်း ဆော်ဒီစီးပွားရေး လုပ်ငန်းရှင် Salen al-Sayeri ဆိုရင် အမျိုးသမီး (၅၈) ယောက်ကို လက်ထပ်ခဲ့ပြီး မင်္ဂလာစရိတ်နဲ့ ကွာရှင်း စရိတ်အတွက် (၁.၆) မီလီယံလောက် အသုံးချခဲ့တယ်လို့ သိရတယ်။

ကင်ညာက Asentus Akuku ဆိုတဲ့ အမျိုးသားဆိုရင်လည်း မိန်းမ အယောက် (၁၀၀) ကျော်၊ နိုင်ဂျီယားနိုင်ငံသား Mohammed Bello Abuakabar ဆိုရင်လည်း မိန်းမ အယောက် (၁၂၀) ကျော် နဲ့ ကလေး အယောက် (၂၀၀) ကျော် ရှိတယ်လို့သိရတယ်။ Abukabar ဟာဆိုရင် အသက် (၉၃) နှစ်အထိ နေခဲ့ပြီး မနှစ်ကမှ ကွယ်လွန်သွားခဲ့တာပါ။

Source: The Vintage News

Matthew (ShweMOM)

 

 

SHARE