Shawn Mendes က သူဟာ Camila Cabello နဲ့ ပထမဆုံးဒိတ်တုန်းက စိတ်မလုံမခြုံဖြစ်ခဲ့ပြီး Cabello ရှေ့မှာသီချင်းဆိုဖို့ကြောက်နေခဲ့ကြောင်း ပြောခဲ့တာကို insider အရ သိရပါတယ်။ “Cabello နဲ့တွဲနေတုန်း ၅လ ၆လလောက်မှာ သူ့နားမှာ သီချင်းညည်းတာလောက်ပဲလုပ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အသံကြီးဆိုးနေမှာတွေ သူ့ကိုမကြားစေချင်ဘူး။” ဒီအကြောင်းကိုတော့ Mendes ဟာ “Armchair Expert With Dax Shepard” အမည်ရတဲ့ podcast အပိုင်းသစ်မှာ ပြောဆိုခဲ့တာပါ။
“တော်တော်ပင်ပန်းပါတယ်။ သူ့နားမှာ သီချင်းလေ့ကျင့်တာတွေ ဘာတွေတောင်မလုပ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အသံ perfect မဖြစ်မှာအရမ်းကြောက်တယ်လေ။” ထို့နောက်မှာတော့ Mendes က သူ့ရဲ့စိတ်မလုံမခြုံဖြစ်မှုတွေဟာ သူ့အနုပညာနဲ့ပိုပြီး သက်ဆိုင်တဲ့အကြောင်းလည်း ပြောပြသွားပါတယ်။
View this post on Instagram
Mendes နဲ့ Cabello တို့ဟာ ၂၀၁၄ ခုနှစ်မှာ စပြီးတွေ့ဆုံခဲ့တာပါ။ ၂၀၁၅ခုနှစ်မှာတော့ I Know What You Did Last Summer ဆိုတဲ့ သီချင်းကို စုံတွဲသီဆိုခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ စတင်ဒိတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ သူတို့ရဲ့ဒုတိယမြောက်စုံတွဲသီချင်း Señorita ထွက်လာပါတယ်။ Mendes ကတော့ လုပ်ဖော်ကိုင်ဘက် အနုပညာရှင်တစ်ဦးနဲ့တွဲရတာ သူ့အပေါ်ကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ကြားထဲမှာ အတ္တကြီးမိတာတွေရှိခဲ့ရင်လည်း တစ်ယောက်ကိုတစ်ယောက်ချက်ချင်းပဲတောင်းပန်ပြီး ပြေလည်မှုရယူတယ်လို့ သူကပြောပါတယ်။
View this post on Instagram
ပြီးတော့လည်း Cabello ကိုစတိတ်စင်ပေါ်မှာထားတဲ့အခါ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေဟာ ပိုပိုကောင်းလာပါတယ်လို့လည်း Mendes က ဖွင့်ပြောခဲ့ပါသေးတယ်။ Mendes ဟာ အင်တာဗျူးတစ်ခုထဲမှာတော့ သူဟာ Cabello ကိုချစ်နေခဲ့တာ နှစ်နဲ့ချီအောင်ကြာနေပြီဖြစ်ပေမယ့် ဖွင့်ပြောဖို့မရဲခဲ့ဘူးလို့ အခုလို ဆိုပါတယ်။ “ကျွန်တော် သူငြင်းမှာစိုးလို့ စောင့်ရင်းငါးနှစ်ကြာသွားတာ။ ယုံကြည်မှုနည်းနေခဲ့တာပေါ့လေ။ ကျွန်တော် အချိန်အများကြီးယူခဲ့ရတယ်။ အချိန်အကြာကြီးပြင်ဆင်ခဲ့ရတယ်။ ၅နှစ်လောက်ကြာပြီးတော့မှ နောက်ဆုံး ကျွန်တော့်ခံစားချက် ဘယ်လိုဆိုတာ သူ့ကိုဖွင့်ပြောခဲ့တာ။”
ShweMom