Dating application တွေကိုစွဲလန်းသူတွေဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ

holaillustrations/FreePik

အရင်တုန်းကတော့ dating app တွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တော်ရုံလူသိပ်မသုံးကြပေမယ့်လို့ အခုအချိန်မှာတော့ ပြည်ပ dating app တွေသာမကဘဲ ပြည်တွင်း dating service တွေ၊ app တွေပါ ပေါ်လာခဲ့ရင်း ဒီဓလေ့ဟာ မြန်မာလူငယ်တွေကြားထဲ တိုးဝင်လို့လာခဲ့ပါပြီ။ ဒီလို dating apps တွေကို ကျွန်တော်တို့ဆီမှာတော့ အပျော်သဘောထဲ သုံးတဲ့သူတွေများပေမယ့်လို့ တချို့နိုင်ငံတွေမှာတော့ တကယ်လေးလေးနက်နက်သုံးနေကြတာပါ။ ဥပမာ Tinder တို့ Bumble တို့လို app တွေကိုပေါ့။

Insider ရဲ့ ဆောင်းပါးမှာတော့ ဒီလိုမျိုး dating app တွေကို ကိုယ့်အနေနဲ့ လေးလေးနက်နက်အပြင် တရားလွန်စွဲလန်းနေခဲ့မယ်ဆိုရင်တော့ သင့်အနေနဲ့ အသေးစားစိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေ ရှိနေလို့ပါဆိုပြီး ရေးသားထားပါတယ်။ အိုဟိုင်းရိုးတက္ကသိုလ်မှ သူတေသီတွေဟာ ဒီအချက်သက်သေပြဖို့ဆိုပြီး dating app အသုံးပြုကြတဲ့ ကောလိတ်ကျောင်းသားပေါင်း ၂၆၂ ယောက်ကို စောင့်ကြည့်ကာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့မေးခွန်းတချို့ကို မေးခဲ့ကြပါတယ်။

Rachel Moon/Shutterstock

အထီးကျန်လား၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာမေးခွန်းတွေနဲ့ dating app တွေကို ဘယ်အချိန်တွေမှာ ဘယ်လိုသုံးဖြတ်လဲဆိုတာနဲ့ပတ်သက်တဲ့ မေးခွန်းမျိုးတွေပဲဖြစ်ပါတယ်။ ဒီလိုမေးလိုက်တဲ့အချိန်တချို့တွေကတော့ dating app ကြောင့် တစ်ခါတစ်ရံသူတို့ရဲ့ ကျောင်းတွေ၊ အလုပ်တွေမှာတောင် လစ်ဟင်းမှုတွေဖြစ်စေခဲ့တယ်ဆိုပြီး ဘယ်လောက်စွဲလန်းနေသလဲဆိုတာ သိလိုက်ရပါတယ်။ မေးခွန်းတွေကိုတော့ အွန်လိုင်းကနေမေးခဲ့တာဖြစ်ပြီး တိတိကျကျပြောပြရမယ်ဆိုရင်တော့ “လူတွေအများကြီးကြားထဲရောက်သွားရင် မတရားစိတ်လှုပ်ရှားပြီး နေမထိထိုင်မသာလိုမျိုးတွေဖြစ်လား” တို့လိုမျိုးအပြင် “Dating app တွေကို မသုံးတော့ဖို့ ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်ဘူးဆိုတာ ဟုတ်သလား၊ မဟုတ်လား” တို့အထိပါပါဝင်နေခဲ့တာပါ။

READ
ဇီကာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင် မိခင်တွေ သိထားသင့်သည့် အချက်များ
freepik/FreePik

ဒီမေးခွန်းတွေဖြေပြီးတဲ့အချိန်မှာတော့ dating app ကို လိုအပ်တာထက်အချိန်ပိုသုံးသူများဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်ရှိသူများပဲဖြစ်ပါတယ်တဲ့။ မသိတဲ့သူကိုသွားပြီး မိတ်ဆက်ဖို့၊ စကားပြောဖို့မဝံ့မရဲဖြစ်တာမျိုးတွေ၊ လူအများကြီးရှိနေပြီဆို မနေတတ်မထိုင်တတ်နဲ့ အသက်ရှူပဲကြပ်လာသလိုလို၊ လူတွေက ကိုယ့်ကိုယ်ပဲ ဝိုင်းကြည့်နေသလို အနေအထိုင်ကျဉ်းကြပ်တဲ့ ခံစားမှုမျိုးကို ခံစားရတတ်လေ့ရှိပါတယ်။ ဒါကြောင့် အရွယ်တန်လာလို့ ချစ်သူရှာမယ်ဆိုတဲ့အခါမှာလည်း အပြင်မှာတွေ့တဲ့ကောင်မလေးကို မသိဘဲနဲ့ဘလိုင်းကြီး လူကိုယ်တိုင်သွားမိတ်ဆက်တာထက် dating app က ပြပေးတဲ့ကောင်မလေးတွေကို message ပို့ပြီး မိတ်ဆက်တာဟာ သူတို့အတွက် အကောင်းဆုံးနည်းလမ်းလို့ မသိစိတ်မှာ ခံယူထားတတ်ကြတာမျိုးပါ။

Photographe.e/Shutterstock

ဒီအပြင် နောက်ထပ် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကတော့ ကိုယ်ဘဝဟာ အများအမြင်နဲ့လက်တွေ့မှာ ထင်သလောက် အထီးကျန်မဆန်ပေမယ့်လို့ ကိုယ့်ရဲ့မသိစိတ် ဟိုးအတွင်းဘက်တစ်နေရာမှာတော့ ဘဝကြီးဟာ သိပ်ကိုအထီးကျန်လှပါလားလို့ ခံစားနေတတ်တဲ့စိတ်ပါ။ ဘယ်သူမှ ကိုယ့်အတွက် မရှိသလိုလို၊ လောကကြီးက ကိုယ့်ကိုကျဉ်ထားသလိုလိုနဲ့ အမြဲတမ်းလိုလို စိတ်ပေါက်ရင်ပေါက်သလို ခံစားရမှာဖြစ်ပါတယ်။ ဒီလိုစိတ်ရှိတာဟာ ပေါ့သေးသေးမဟုတ်တဲ့အတွက် သိကျွမ်းသူရဲ့ အကူအညီကို ယူပါလို့ အကြံပေးချင်ပါတယ်။

READ
ဘူဖေးသွားစားတဲ့အခါ တတ်နိုင်သလောက် မထိသင့်တဲ့အရာ ၆ မျိုးအကြောင်း

Penny

 

SHARE