စိတ်ဝေဒနာရှင်ဖြစ်နေပေမယ့်လည်း မိခင်ကိုစောင့်ရှောက်ရကောင်းမှန်းသိတဲ့ သားလိမ္မာ

Weibo/Zhao

ဗီယက်နမ်နိုင်ငံက အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ မိဘအပေါ် သိတတ်မှူနည်းပါးလွန်းတဲ့ အချို့သော လူကောင်းတွေထက်တောင် သာလွန်နေတာကို worldofbuzz သတင်းကနေတဆင့် သိရပါတယ်။

ဗီယက်နမ်သူ အမျိုးသမီးကြီးတစ်ဦးဟာ အခုဆို အသက် (၉၀) ထဲမှာ ရှိနေပါပြီ။ သူမမှာ ကလေး () ယောက် ရှိပါတယ်။ () ယောက်က ကွယ်လွန်သွားပါပြီ။ () ယောက်ကတော့ အိမ်ထောင်ကျပြီး သူ့မိသားစုနဲ့သူ ဖြစ်နေပါပြီ။ နောက်ဆုံးတော့ သူမမှာ အငယ်ဆုံးသားတစ်ယောက်ပဲ ကျန်ပါတယ်။ သူမရဲ့ အငယ်ဆုံးသားက မွေးကတည်းက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတာကြောင့် ဥာဏ်ရည်နိမ့်ပါတယ်။ ဒါကြောင့် ငယ်ငယ်တည်းက မိခင်ကိုပဲ မှီခိုနေရပြီး မိခင်ရဲ့ စောင့်ရှောက်မှူအောက်မှာပဲ ကြီးပြင်းလာခဲ့ရသူပါ။

Weibo/Zhao

ဒီလိုနဲ့ သူမဟာ သားအငယ်ဆုံးကို စောင့်ရှောက်ရင်း တဖြည်းဖြည်းနဲ့ အသက်ကြီးလာပါတယ်။ အသက်ရလာလို့ ရောဂါတွေဝင်လာတဲ့အခါမှာတော့ အရင်တုန်းကလို သားငယ်ကို မပြုစုပေးနိုင်တော့ပါဘူး။ သူမကိုယ် သူမစောင့်ရှောက်ဖို့တောင် အခက်အခဲဖြစ်လာခဲ့ပါတယ်။ ပိုက်ဆံကလည်း အလုံအလောက်မရှိရှာတော့ ဆေးခန်းလည်း မပြနိုင်ပါဘူး။ အိပ်ရာထဲမှာသာ လှဲပြီး ဝေဒနာကိုသာ သည်းခံနေရပါတယ်။

Weibo/Zhao

မိခင်ကြီးရဲ့ အခြေအနေအားလုံးကို မြင်တွေ့နေရတဲ့ စိတ်မကျန်းမာသူ အမျိုးသားကြီးဟာ အရေးကြုံလာတော့ မိခင်ကို ပစ်မထားခဲ့ပါဘူး။ ဥာဏ်ရည်နိမ့်ပါးပေမယ့် မိခင်ကို ပြန်တစ်လှည့်စောင့်ရှောက်ဖို့ သူ့မှာ တာဝန်ရှိတာကို အပြည့်အ၀နားလည်သူကြီးပါ။ ဒါပေမယ့် စိတ်ဝေဒနာရှင်ဖြစ်လေတော့ အလုပ်သွားရှာတဲ့အခါ အရှာရ ခက်လှပါတယ်။ ဒါကြောင့် နေ့တိုင်း ဈေးကိုသွားပြီး ကြုံရာအလုပ်ကို လုပ်၊ ၀မ်းရေးအတွက် ဖြေရှင်းရပါတယ်။

Weibo/Zhao

အလုပ်သွားနေတုန်း အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ မိခင်ကိုလည်း သူက စိတ်မချပါဘူး။ မိခင်ကြီး အိပ်နေတုန်း နေမထွက်ခင်အထိ အလုပ်ရှာထွက်၊ အရုဏ်တက်ချိန်လောက်မှ အိမ်ကို ပြန်လာပါတယ်။ သူ့အလုပ်ကတော့ အဓိကက ပလုံကာက်တာပါ။ အမှိုက်ကောက်ရတဲ့ ပိုက်ဆံလေးနဲ့ မိခင်ကြီးအတွက် သူက အစားအသောက်တွေ ၀ယ်ခြမ်းလာလေ့ရှိပါတယ်။

မိခင်ကြီးက အရမ်းနေမကောင်းဖြစ်လို့ အစာမာမာတွေ မစားနိုင်တော့တဲ့အခါ သူက နို့ဝယ်တိုက်ပါတယ်။ မိခင်ရဲ့ သေးခံကိုလဲပေးတာ၊ မိခင်ကို သန့်ရှင်းရေးလုပ်ပေးတာ၊ ဆေးကြောသုတ်သင်ပေးတာ၊ အစစအရာရာကို သူကပဲ လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ အသိဥာဏ်မမြင့်ပေမယ့် မိဘအပေါ် သိတတ်မှူကတော့ အဆင့်မြင့်လွန်းတဲ့ သူတော်ကောင်းတစ်ဦးဖြစ်တာကို အတုယူဖွယ် ဖော်ပြပေးလိုက်ရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE