ကြောင်တွေနဲ့မြောင်သံကို ဘာသာပြန်ပေးနိုင်တဲ့ MeowTalk

MEOWTALK/AKVELON

Amazon Alexa အင်ဂျင်နီယာဟောင်းတစ်ဦးဟာ သင့်ကြောင်လေးရဲ့မြောင်သံကို ဘာသာပြန်ပေးနိုင်တဲ့ app တစ်ခုတီထွင်ခဲ့ပါတယ်။ App အမည်က MeowTalk ဖြစ်ကာ ကြောင်အော်တဲ့အသံကိုဖမ်းပြီး အဓိပ္ပါယ်ဖော်ပေးနိုင်ပါတယ်။ လောလောဆယ်မှာတော့ app ရဲ့ ဝေါဟာရစကားလုံးထဲမှာ “အစာကျွေးပါ”၊ “စိတ်တိုလာပြီ” “ကိုယ့်ဘာသာကိုယ်နေပါရစေ” စတဲ့ စာကြောင်း ၁၃ ခုပဲ ပါဝင်ပါသေးတယ်။

pexels/Andrew Kota

သုတေသနအရတော့ ကြောင်တွေဟာ သူတို့ရဲ့ဘာသာစကားနဲ့ ဖလှယ်ပြောဆိုခြင်းမရှိဘူးလို့ သိရပါတယ်။ ကြောင်တစ်ကောင်ချင်းစီရဲ့ မြောင်သံဟာ ထူးခြားသလို သခင်ကိုဆက်ဆံပုံတွေဟာလည်း မတူကြပါဘူး။ ဒါကြောင့် မြောင်သံတွေအားလုံးအတွက် ယေဘူယျ database မရှိဘဲ ကြောင်တစ်ကောင်ချင်းပေါ်လိုက်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။ Appမှာတော့ AI နဲ့ machine learning software ကိုအသုံးပြုပြီး မြောင်သံတွေကို ပိုမိုနားလည်ရလွယ်ကူအောင်၊ အဓိပ္ပါယ်တိကျအောင် လုပ်မယ်လို့ ဆိုပါတယ်။

READ
ဂျပန်နိုင်ငံမှာအမျိုးသမီးတွေကို ရုတ်တရက်ဆံပင်ဖြတ်ပြီးထွက်ပြေးခြင်းခေတ်စားနေ
MEOWTALK/AKVELON

“ဒီ app ဟာ ကြောင်ပိုင်ရှင်တွေကို ကြောင်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်အောင် ကူညီပေးပါတယ်။ အနည်းဆုံးတော့ ကြောင်ရဲ့ရည်ရွယ်ချက်ကိုနားလည်မှာဖြစ်ပြီး အရမ်းအရေးကြီးတဲ့ဆက်နွယ်မှုတစ်ခု တည်ဆောက်နိုင်ပါတယ်။” လို့ နည်းပညာပရိုဂရမ်မန်နေဂျာ Javier Sanchez ကဆိုပါတယ်။ ဒီ app ကိုတော့ Google Play Store နဲ့ Apple ရဲ့ App Store တွေမှာ အခမဲ့ရယူနိုင်ပါတယ်။

Google Play Store

App ဟာ ကနဦးဖန်တီးတဲ့အဆင့်ပဲရှိသေးတဲ့အတွက် review တွေကတော့ အကောင်းရော အဆိုးတွေပါ အမျိုးမျိုးရှိတုန်းပါပဲ။ တစ်ချို့လည်း app မှာ error ပါတယ်ဆိုပြီး ဖြစ်နေတဲ့အချိန် တစ်ချို့ကျတော့လည်း ၉၀ ရာခိုင်နှုန်း ဘာသာပြန်နိုင်တယ်၊ တကယ်ပျော်စရာကောင်းတဲ့ app ဆိုပြီး ပြောပြထားပါတယ်။ App ဟာ Google Play Store မှာတော့ ပုံမန် 4.3 rating ပဲရရှိထားကြောင်းလည်း BBC သတင်းအရ သိရပါတယ်။

READ
အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်းတွေကို လက်ဆောင်ပေးပြီး နှစ်သိမ့်ခဲ့တဲ့ Richard Branson

SHARE