Mercedes-Benz က ပထမဆုံးအနေနဲ့ ထုတ်လိုက်တဲ့ လျှပ်စစ်ပြိုင်ကား

၂၀၁၉ မတ်လ ၇ ရက်ကနေ ၁၇ ရက်အထိ ကျင်းပလျက်ရှိတဲ့ 2019 Geneva Motor Show နိုင်ငံတကာ ကားပြပွဲကြီးမှာတော့ Mercedes-Benz ကနေ သူ့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် လျှပ်စစ်ပြိုင်ကားကို ထုတ်ပြလိုက်ပါပြီ။

EQ Silver Arrow 01 လို့ နာမည်ပေးထားတဲ့ ထိုကားအမျိုးအစားကို ၂၀၁၉ နှစ်ကုန်ပိုင်းကစပြီး Formula E လျှပ်စစ်ပြိုင်ကားပွဲမှာ စတင်အသုံးပြုယှဉ်ပြိုင်တော့မှာလည်း ဖြစ်ပါတယ်။ Formula E လျှပ်စစ်ကားမောင်းပြိုင်ပွဲက ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ Formula One ကားမောင်းပြိုင်ပွဲရဲ့ လျှပ်စစ်ကားပြိုင်ပွဲဗားရှင်း ဖြစ်ပါတယ်။

Mercedes-Benz

Season ၅ ခုမြောက် ကျင်းပယှဉ်ပြိုင်ပြီးပြီဖြစ်တဲ့ Formula E လျှပ်စစ်ကားမောင်းပြိုင်ပွဲမှာ Audi, BMW, Nissan နဲ့ Jaguar ကားကုမ္ပဏီတွေက လျှပ်စစ်ပြိုင်ကားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး Porsche က လျှပ်စစ်ကားလည်း ၂၀၂၀ မှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

READ
မိုဘိုင်းအင်တာနက်အမြန်ဆုံးနိုင်ငံအဖြစ် UKထိပ်ဆုံးမှရပ်တည်

EQ Silver Arrow 01 ကို Mercedes ကပဲ တည်ဆောက် ထုတ်လုပ်ထားတာတော့ မဟုတ်ပါဘူး။ ပြင်သစ်နဲ့ အီတလီပြိုင်ကား ကုမ္ပဏီတွေဖြစ်တဲ့ Spark နဲ့ Dallara တို့က ကားအောက်ခံပိုင်းကို တည်ဆောက်တယ်၊ Atieva ကုမ္ပဏီက 52kWh ဘက်ထရီကို Sony ရဲ့ ဆဲလ်တွေ အသုံးပြုထားပြီး ထုတ်လုပ်ပေးထားတယ်၊ ပြီးတော့ McLaren ကနေ အချောသတ်ပေးထားတာ ဖြစ်ပါတယ်။

မြင်းကောင်ရေအား 340 hp ရှိပြီး ၂.၇ စက္ကန့်မှာ မိုင် ၆၀ နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ ကားရဲ့ အလေးချိန်ကတော့ ပေါင် ၂၀၀၀ ဖြစ်ပါတယ်။

Mercedes-Benz

“Formula E က Mercedes အတွက် အတွေ့အကြုံအသစ်ဖြစ်ပါတယ်။ လျှပ်စစ်ပြိုင်ကားပွဲကနေတစ်ဆင့် ကျွန်တော်တို့ EQ စီးရီးရဲ့ brand အားသာချက်တွေကို ဖော်ပြသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ Mercedes-Benz Motorsport ရဲ့ ဦးဆောင်သူ Toto Wolff က ပြောထားပါတယ်။

READ
ကန်ဒေါ်လာ(၁၅၀၀) တန်ကြေးရှိတဲ့ သရဲနှင်တဲ့စက်ကို ထိုင်းကုမ္ပဏီတစ်ခု ရောင်းချလို

Ref: The Verge

 

SHARE