၂၀၃၉ ခုနှစ်ကစလို့ Mercedes ကားတွေမှာ တွေ့ရတော့မယ့် ပြောင်းလဲမှုကြီးတစ်ခု

မော်တော်ကားလောကက နှစ်တစ်ရာကျော် အားထားခဲ့ရတဲ့ လောင်စာဆီနဲ့ ကားမောင်းနှင်မှုတွေကတော့ လာမယ့် ဆယ်စုနှစ်အနည်းငယ်မှာ ပျောက်ကွယ်သွားနိုင်ချေရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကားကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ ဂျာမနီအခြေစိုက် Mercedes-Benz ကတော့ နောက်ဆယ်စုနှစ် ၂ စုအကြာ ၂၀၃၉ ခုနှစ်ကစပြီး ဓာတ်ဆီနဲ့ ဒီဇယ်ဆီ စတဲ့ လောင်စာဆီတွေကို လုံးဝသုံးစရာမလိုတော့တဲ့ ကားတွေကိုသာ ထုတ်လုပ်တော့မှာ ဖြစ်တဲ့အကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

News.com.au

ဒါဟာ ကုန်ပစ္စည်းထုတ်လုပ်မှု ၃ ခုအောက်နဲ့တင် ကုမ္ပဏီရဲ့ အခြေခံပြောင်းလဲမှုကို ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ Mercedes ရဲ့ စီအီးအို Ola Kallenius က ပြောကြားခဲ့ပါတယ်။ Ola Kallenius ဟာ ယခု ၂၀၁၉ ခုနှစ်အတွင်း Daimler AG ကားကုမ္ပဏီကိုပါ Mercedes လက်အောက်သို့ ဝယ်ယူနိုင်ခဲ့ပါတယ်။

သူက ဒီ Ambition 2039 ဗျူဟာကို အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် နည်းပညာအသစ်တွေနဲ့ ပြောင်းလဲမှုတွေအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ လောက်က Carl Benz နဲ့ Gottlieb Daimler တို့ ကုမ္ပဏီကို ထောင်ခဲ့စဉ်ကတည်းက မော်တော်ကားတွေက လောင်စာဆီတွေနဲ့ပဲ လည်ပတ်ခဲ့တာပါ။ ဒါပေမယ့် အင်ဂျင်နီယာတွေ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်တဲ့အလျောက် နည်းပညာကို အထူးပြုဖို့ ဆုံးဖြတ်လိုက်တာက ကုမ္ပဏီအနာဂတ်ကို ပိုကောင်းစေမယ်လို့ ယုံကြည်ပါတယ်။”

READ
Facebookသုံးခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ
News.com.au

Mercedes ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်ကစလို့ ထုတ်တဲ့ကားတိုင်းမှာ လျှပ်စစ်အသုံးပြုမှုတွေ နည်းနည်းစီ စထည့်သွင်းသွားမှာဖြစ်ပြီး ၂၀၃၀ မှာတော့ ထုတ်လုပ်တဲ့ ကားအရေအတွက် တစ်ဝက်က လျှပ်စစ်ကားတွေ ဖြစ်နေတော့မှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။

Ref: News.com.au

SHARE