အထက်လူကြီးရဲ့ မမျှတမှုကို တရားစွဲဆိုရာမှ လျော်ကြေးငွေများစွာနဲ့ အမှုနိုင်ခဲ့တဲ့ရဲသား

ရဲသားကြီးတစ်ဦးဟာ လိင်မတူတွေကို ခွဲခြားချိုးနှိမ်တတ်တဲ့ အလေ့အကျင့်ရှိတဲ့ အထက်အရာရှိအမျိုးသမီးရဲ့ အနိုင်ကျင့်ခံရပြီးနောက်မှာ လျော်ကြေးငွေပေါင်(၈၇၀,၀၀၀) ရရှိခဲ့တယ်လို့ သိရပါတယ်။ အသက်(၄၉) နှစ်အရွယ် ရဲအုပ်တစ်ဦးဖြစ်သူ အက်ဒရီယန်ဒန်ဘီဟာ စစ်ရေးဗျူဟာဌာနမှာ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြို့ပြလက်ထောက် ကော်မရှင်နာ မက်စ်ဆင်းဒဘရူနာရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

သတင်းစာအရ မက်စ်ဆင်းဟာ ရဲတပ်ဖွဲ့ထဲက အမျိုးသားတွေရဲ့ ကာယအလှနဲ့ ပတ်သက်ပြီး စိန်ခေါ်တဲ့ ကမ်ပိန်းတစ်ခု စတင်ခဲ့ပါတယ်။ ဒါပေမယ့် ရုံးခန်းထဲမှာ အောက်ပိုင်းအ၀တ်တစ်ထည် ပဲပတ်ပြီး ရေချိုးခန်းဆီ သွားခဲ့တဲ့ ရဲသားတစ်ဦးကို မြင်ခဲ့တာကြောင့် မက်စ်ဆင်းဟာ အကြီးအကျယ် စိတ်ဆိုးခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ရေခဲသေတ္တာထဲမှာ ဈေးနှုန်းတွေ စုစည်းကပ်ထားတဲ့ ဘီယာတစ်ဗူးကို တွေ့ရှိခဲ့ပါသေးတယ်။ ဘယ်လို သံသယတွေကြောင့်လဲတော့ မသိပေမယ့် ရဲအုပ်အဖြစ် တာဝန်ယူထားတဲ့ အက်ဒရီယန်ကို အကြီးအကဲ မဖြစ်ထိုက်ဘူးဆိုပြီး မက်စ်ဆင်းဟာ စုံစမ်းထောက်လှမ်းခဲ့ ပုံပေါ်ပါတယ်။

READ
စိတ်မနှံ့သူလို့ထင်ရတဲ့ဆယ်ကျော်သက်တစ်ယောက်က စာသင်ကျောင်းကိုအနုကြမ်းစီးမှုဖြစ်ပွား

အက်ဒရီယန်ရဲ့ အကျင့်စာရိတ္တနဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်တွေကို ထောက်ခံပေးသူ(၉)ဦး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ မက်စ်ဆင်းဟာ အက်ဒရီယန်ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ တရားရုံးက အက်ဒရီယန်ဟာ အထက်လူကြီးရဲ့ ခွဲခြားဆက်ဆံခံရကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အက်ဒရီယန်ရဲ့ အမှုဟာ အထက်လူကြီးတွေကို လိင်ခွဲခြားဆက်ဆံမှုနဲ့ တရားစွဲဆိုတဲ့ ပထမဆုံးအမှု ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

ရဲအုပ်အဖြစ် အလုပ်လုပ်စဉ် အချိန်က အက်ဒရီယန်ဟာ လန်ဒန်အလယ်ပိုင်း ပက်ဒင်တန်ဧရိယာမှာ နယ်မြေစောင့်ရှောက်တဲ့ တပ်ဖွဲ့ထဲမှာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ အက်ဒရီယန်က အောက်ပိုင်းအ၀တ်ပဲ ဖုံးထားတဲ့ ရဲသားရေချိုးခန်းဆီကို လျောက်သွားတုန်းက သူတားလိုက်ရမည် ဖြစ်ကြောင်းနဲ့ ထိုစဉ်က သူ့အနေနဲ့ ရုံးခန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုသာ အပြစ်တင်ခဲ့မိကြောင်း ပြောပြခဲ့ပါတယ်။ အက်ဒရီယန်က မက်စ်ဆင်းဟာ သူနဲ့ရာထူးတူ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးကိုတော့ အပြစ်မပေးပဲ သူ့ကိုသာ ရာထူးချခဲ့တာကြောင့် မကျေမနပ်ဖြစ်ကာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မက်စ်ဆင်းဟာ ရာထူးကနေ နှုတ်ထွက်သွားပြီလို့ သိရပါတယ်။

READ
နှလုံးတည့်တည့်ကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ကလေးမျက်နှာနဲ့ လူသတ်သမား

လင်းလင်း (ShweMom)

SHARE