
ကမ္ဘာကျော် Rapper တစ်ဦးဖြစ်တဲ့ Method Man ကိုတော့ Hiophop ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ WuTang Clan အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mathod Man ဟာ လူသိများတဲ့ Old school ရက်ပ်ပါကြီးတစ်ယောက် ဖြစ်ရုံသာမက Record producer, song writer နဲ့ Hollywood ရုပ်ရှင်လောကမှာပါ လူသိများတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အခုလည်း Method Man ဟာ မကြာသေးခင်အချိန်တုန်းက Jemele Hill နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Comic စာအုပ်တွေဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဲဒီ အကျိုးကျေးဇူးကတော့ Method Man အနေနဲ့ Comic စာအုပ်တွေဖတ်ပြီး အဲဒီစာအုပ်တွေထဲကနေ လူတွေရဲ့အကြောင်းကို သင်ယူခွင့်ရခဲ့တယ်ဆိုတာပါပဲ။ လူတော်တော်များများရဲ့ အကျင့်က စာအုပ်တစ်အုပ်ဖတ်ရင် အဲဒီစာအုပ်တစ်အုပ်ဖတ်တဲ့ အချိန်နဲ့ ဖတ်ပြီးတဲ့ အချိန်ခဏမှာသာ အဲဒီစာအုပ်တွေထဲက အကြောင်းအရာတွေကို တွေးတောမိတာ ဖြစ်ပါတယ်။ Method Man ကတော့ အဲဒီလိုမျိုးမဟုတ်ပဲ သူ့အနေနဲ့ Comic စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း အဲဒီ Comic စာအုပ်တွေထဲကနေ လူတွေရဲ့ အကြောင်းကို သင်ယူခွင့်ရခဲ့တဲ့အကြောင်း Jemele Hill is Unbothered ဆိုတဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“Comic စာအုပ်တွေကို ကျွန်တော်စဖတ်ဖြစ်ခဲ့တဲ့ အချိန်တုန်းက သိပ်မဖတ်တတ်ဘူး။ အဓိကကတော့ ဘယ်လိုဖတ်ရမှန်း မသိတာပါပဲ။ စာဖတ်ဖို့ထက် ပုံတွေကို အဓိက စိတ်ဝင်စားလို့ ကြည့်မိတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်းနဲ့ကို Comic စာအုပ်တွေကို တော်တော်လေးကို ကြိုက်လာခဲ့ပါတယ်။ အဓိကကတော့ Comic စာအုပ်တိုင်းမှာ တစ်ကယ့်လက်တွေ့ဘဝက လူတွေရဲ့ အကြောင်းကို ရေးသားထားမှန်း တဖြည်းဖြည်း သိလာခဲ့တယ်။ အဲဒီလို သိတဲ့ အချိန်ကစပြီး ကျွန်တော်ကိုယ်တိုင် Comic စာအုပ်တွေကနေ လူတွေရဲ့အကြောင်းကို သင်ယူတတ်ခဲ့တာပါ။ Comic စာအုပ်တွေကြောင့် လူတွေအကြောင်းကို တဖြည်းဖြည်းနဲ့ ပိုနားလည် ခဲ့ရပါတယ်”လို့ Method Man က ပြောကြားခဲ့ပါတယ်။ ဒီ ၂၀၂၀ ခုနှစ်မှာလည်း Method Man ဟာ Vampire vs .The Bronx, Netflix စီးရီးတစ်ခုဖြစ်တဲ့ Teenage Bounty Hunters နဲ့ Power Book 2: Ghost အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
View this post on Instagram
Pyi Hein Kyaw