လေလွင့်ခွေးတွေကို ဟာရီကိန်း မုန်တိုင်း အန္တရာယ်ကနေ ကာကွယ်ပေးခဲ့သူ

Image:Fb/ Tierra de Animales

မက္ကဆီကန် တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူ တစ်ယောက် က တော့ တိချစ်သူတွေ ကြားမှာ အရမ်းကို နာမည်ကြီး ပြီး သူရဲ ကောင်းတစ်ယောက် အဖြစ် ချီးကျူး ခံနေရပါတယ်။သူက တော့ ခွေး နဲ့ တခြား တိရစ္ဆာန် အကောင် သုံးရာ ကို ဟာရီကိန်းမုန်တိုင်း အန္တရာယ်က နေ ကာကွယ် ပေးဖို့ သူ့အိမ် မှာ လက်ခံ ပေးခဲ့ပါတယ်။အိမ် ကို အ ကောင် တွေ အများကြီး တင် ခေါ် ထားဖို့ ဆိုတာ လူတိုင်း မလုပ် နိုင်တဲ့ အလုပ်ပါ။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

Cuando este huracán termine, vamos a necesitar mucha ayuda para abastecer de alimento y muy seguramente para reparar daños. Por favor consideren hacer una donación a Tierra de Animales

Posted by Tierra de Animales on Tuesday, October 6, 2020

အောက်တိုဘာ (၇)ရက်နေ့ ဒေသစံတော်ချိန် (၅)နာရီ ခွဲ လောက် မှာတော့ ဟာရီ ကိန်း Delta က မက္ကဆီကို နိုင်ငံ Quintana Roo ကို ၀င်ရောက်လာ ခဲ့ပါတယ်။မုန်တိုင်း မ၀င်ရောက် ခင် နာရီ ပိုင်း လောက် အလို မှာတော့ Ricardo Pimentel ဆိုတဲ့ တိရစ္ဆာန် အရေး တက်ကြွ လှုပ်ရှား သူ တစ်ယောက်က တော့ အလုပ်တွေ များနေခဲ့ပါတယ်။သူကတော့ Leona Vicario မြို့က ဖြစ်ပြီး Tierra de Animales ဆိုတဲ့ တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာ မှာရှိတဲ့ အ ကောင် လေးတွေ အတွက် မိုးသက်မုန်တိုင်း အန္တရာယ်က နေ လုံခြုံမှု ရှိ စေ ဖို့ ကြိုးစားနေခဲ့ပါတယ်။အ ကောင်ေ လးတွေ ဘေးကင်းဖို့ အတွက် Pedro က သူ့ရဲ့ အိမ် မှာ ခွေး၊ကြောင်၊ကြက်၊ယုန် တွေ အများကြီး ကို ခေါ် တင်ခဲ့ပါတယ်။

El huracán se ha alejado, pero nos ha dejado con mucho trabajo y con cientos de animales que reacomodar, alimentar y…

Posted by Tierra de Animales on Wednesday, October 7, 2020

မုန်တိုင်းဝင်ရောက် နေတုန်းမှာ အ ကောင်တွေ ဘေးကင်းဖို့ အတွက် အခုလို မျိုး အိမ် ပေါ် တင်ပြီး စောင့်ရှောက် ပေးခဲ့ တာ ဖြစ် ကြောင်း Pimentel  က သူ့ရဲ့ FB မှာ ဝေမျှ ထားပါတယ်။Ricardo Pimentel  နဲ့ သူကယ်တင်တင်ထားတဲ့ အ ကောင် တွေရဲ့ ဓါတ်ပုံက တော့ အွန်လိုင်း ပေါ်မှာ ချက် ချက်း နာမည်ကြီး သွားခဲ့ကာ တိချစ်သူတွေ က တော့ သူ့ကို သူရဲ ကောင်း အဖြစ် ချီးကျူး ခဲ့ပါတယ်။နာမည်ကြီး ဆယ်လီတွေ၊Influencer တွေ က အစ သူ့ အ ကောင့်မှာ ၀င်ပြီး Comment တွေ ရေးခဲ့ ကြပါတယ်။မုန်တိုင်း အပြီးမှာတော့ Tierra de Animales ဂေဟာ မှာ ရှိတဲ့ အ ကောင် လေးတွေ အတွက် လည်း လိုအပ်တဲ့  အကူအညီတွေကို တက်နိုင်သမျှ ပါဝင် လှူဒါန်း ပေးဖို့ Ricardo Pimentel က တောင်းဆို ခဲ့ပါတယ်။

READ
ဘ၀ရဲ့ စံပြသူရဲကောင်းဟာ မိခင်ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ နာမည်ကျော် ဘောလုံးသမား

#SHWEMOM

SHARE