အပ်ချည်နဲ့ ထိုးတယ်လို့ တောင် ထင်မှားရတဲ့ ထူးထူးခြားခြား တက်တူး လက်ရာများ


အခု နောက်ပိုင်းမှာတော့ တက်တူးကို အနုပညာတစ်ခု အဖြစ် လူ တွေ တဖြည်းဖြည်း လက်ခံ လာကြပါပြီ။တကယ်ေ တာ့ တက်တူး ဆိုတာ ကလည်း နှလုံးသားနဲ့ ခံစားပုံ ဖော် ရတဲ့ အနုပညာ တစ်မျိုးပါ။မှင်နဲ့ ထိုးတဲ့ တက်တူး ဒီဇိုင်းဆ န်းတွေ အများကြီးကို Shwemom စာဖတ်သူ တွေ မြင် ဖူး ကြမှာပါ။ဒါပေမယ့် အခု ဖော်ပြ ပေးချင်တဲ့ တက်တူး ကတော့ ပုံမှန်မြင်နေကျ တွေနဲ့ လုံးဝ မတူ တဲ့ တက်တူး လက်ရာ မျိုးတွေပါ။Fernanda Ramirez က ဖန္တီးေ ပးခဲ့တာပါ။

Image:IG/Fernanda Ramirez

သူမ ကတော့ မက္ကဆီကန် တက်တူး Artist တစ်ယောက်ပါ။Skill နဲ့ အပ်ချက် တွေ က ပြောင် မြောက် လွန်းလို့ သူမဆီမှာ တက်တူး ထိုးချင် တဲ့ သူတွေ အများကြီးပါ။ရှားရှားပါးပါး အမျိုးသမီး တက်တူး ဆရာမ တွေ ထဲက တစ်ယောက် ဖြစ်တဲ့ သူမရဲ့ လက်ရာ တွေ ကတော့ မြင် နေ ကျ ပုံစံ တွေ နဲ့ လုံးဝ ကို မတူပါဘူး။အပ်ချည်နဲ့ အပ်ကို သုံးပြီး အ၀တ်စ ပေါ်မှာ ပန်း ထိုး ထား သလို မျိုး ကို လက်ရာက ပြောင် မြောက် နေတာပါ။

READ
အိမ်မွေးတိရစ္ဆာန်တွေနဲ့ တစ်ပုံစံတည်း အကောင်သေးလေးတွေ ဖန်တီးနိုင်တဲ့အနုပညာရှင်

သူမရဲ့ IG မှာ ဆိုရင် တော့  မိန်းကလေး တွေကြိုက်တဲ့ ပုံစံ တက်တူး လက်ရာတွေ၊ အမျိုးသား တွေ ကြိုက်တဲ့ တက် တူး လက်ရာ တွေ လက်ရာ မျိုးစုံကို လေ့လာ လို့ ရပါတယ်။ထိုးထားတဲ့ ပုံတွေ ထဲမှာ တော့ ပန်းပုံတွေ၊ငှက်ပုံတွေ ၊အရိုး ခေါင်းပုံတွေ အပြင် တခြား ထူးထူး ခြားခြား လက်ရာ ပုံစံ တွေ အများကြီး ကိုလည်း တွေ့ရမှာပါ။

Source:Fernanda Ramirez  ‘s IG & brightside

READ
အိတ်ဆောင်နာရီလေးတွေထဲက ချစ်စရာကောင်းတဲ့ ကမ္ဘာပိစိလေးများ...
SHARE