ဂျာမနီနဲ့တောင်ကိုရီးယား ပွဲအပြီး မက္ကဆီကိုမှာ တောင်ကိုရီးယားကောင်စစ်ဝန် ဘာဖြစ်ခဲ့သလဲ

သတင်းခေါင်းစဉ်ကို ကြည့်လိုက်ရင်တော့ ပြဿနာတစ်ခုခု ဖြစ်တော့မယ်လို့ ထင်စရာပါ။ တကယ်တော့ ဒီ့ထက်ပိုပြီး ထူးဆန်းတာ တစ်ခုခု ဖြစ်သွားခဲ့တယ်လို့ ဆိုရပါတယ်။

တောင်ကိုရီးယားက ဂျာမနီအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ယူပြီးတဲ့နောက်မှာတော့ အုပ်စုဗိုလ်ဖြစ်ခွင့်ရလို့ ကျေးဇူးတင်နေတဲ့ မက္ကဆီကို ပရိသတ်တွေဟာ သူတို့နိုင်ငံထဲမှာရှိတဲ့ တောင်ကိုရီးယားသံရုံးရှေ့မှာ သွားရောက်အောင်ပွဲခံခဲ့ကြပြီး တောင်ကိုရီးယားသံအမတ်ကို သူတို့နဲ့အတူ တကီလာအရက် အတူလာသောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Dailymail

မှတ်တမ်းဓာတ်ပုံတွေအရ လူဦးရေ တစ်ရာကျော်လောက်ရှိတဲ့ မက္ကဆီကို ပရိသတ်တွေဟာ တောင်ကိုရီးယားသံရုံးရှေ့မှာ သံပြိုင်သီချင်းတွေ သီဆိုနေကြပြီး တောင်ကိုရီးယားလူမျိုးတွေကို ပုခုံးပေါ်မှာ ထမ်းလို့ လှည့်လည်နေခဲ့ကြတာပါ။

သူတို့ရဲ့ပါးစပ်ကလည်း ကိုရီးယားတွေဟာ “ ငါတို့ရဲ့ ညီအစ်ကိုတွေ ဖြစ်သွားပြီ၊ မင်းတို့က မက္ကဆီကို နိုင်ငံသား ဖြစ်သွားပြီ” လို့ ဟစ်အော်ခဲ့ပြီး သူတို့ရဲ့ပျော်ရွှင်မှုကို ပြခဲ့ကြပါတယ်။

READ
ပီဇာလည်းစားရမယ် ပိုက်ဆံလည်းရမယ်ဆို အဲ့လို အလုပ်မလုပ်ချင်ဘူးလား....
Dailymail

အဲဒီနောက်မှာတော့ တောင်ကိုရီးယားသံရုံးရဲ့ တာဝန်ရှိတဲ့ ကောင်စစ်ဝန် ထွက်လာခဲ့ပြီး သူတို့နဲ့အတူ တကီလာသောက်ရင်း အောင်ပွဲခံခဲ့ကြတာပါ။

ပရိသတ်တွေက တောင်ကိုရီးယားအလံနဲ့ မက္ကဆီကို အလံတွေကို လေထဲမှာ လွှင့်နေကြပြီး သူတို့တွေဟာာ အတူတူပဲ ဖြစ်ကြတယ်လို့ ပြသခဲ့တာပါ။

မက္ကဆီကို ပရိသတ်တွေနဲ့ အတူထွက်ပြီး အောင်ပွဲခံခဲ့တဲ့ တောင်ကိုရီးယားကောင်စစ်ဝန် ဟန်ဗြောင်ရင် ကတော့ ဒီနေ့ဟာ ကိုရီးယားနဲ့မက္ကဆီကိုကြား ဘာကန့်သတ်ချက်မှမရှိတဲ့နေ့ပဲဖြစ်တယ် လို့ ဆိုလိုက်ပါတယ်။

Linn

Source : Dailymail

SHARE