အသက် ၁၃ နှစ်နဲ့ ဘွဲ့ရပြီး ၁၇ နှစ်မှာ ဟားဗတ်ဝင်ခွင့်ရခဲ့တဲ့ ပါရမီရှင်လေးအကြောင်း

အသက် ၆ နှစ်ကတည်းက စာရေးတတ် ဖတ်တတ်ပြီး အသက် ၁၀ နှစ်နဲ့ အထက်တန်းကျောင်း အောင်မြင်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံက ဉာဏ်ကြီးရှင်မလေး Dafne Almazan နဲ့ မိတ်ဆက်ပေးပါရစေ။ Dafne ဟာ ဘာသာစကား ၄ မျိုးကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့အပြင် အသက် ၁၃ နှစ်နဲ့ Monterrey Institute of Technology and Higher Education တက္ကသိုလ်ကနေ စိတ်ပညာဘွဲ့ရရှိခဲ့သူပါ။

Centro de Atención al Talento / Facebook

ယခု အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ အမေရိကန်ရဲ့ ကျော်ကြားလှတဲ့ ဟားဗတ်တက္ကသိုလ်မှာပါ မာစတာဆက်တက်ဖို့ ဝင်ခွင့်ရသွားပြီလည်း ဖြစ်ပါတယ်။ နှစ် ၁၀၀ အတွင်း ဟားဗတ်တက္ကသိုလ်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ၁၈ နှစ်အောက် မက္ကဆီကိုလူမျိုးလည်း ဖြစ်လာခဲ့ပါတယ်။ Dafne ကတော့ သူမက ဉာဏ်ကောင်းတာ မှန်ပေမယ့် ငယ်ရွယ်မှုကို စာပဲလုပ်ပြီး ကုန်ဆုံးနေတာမဟုတ်ဘူးလို့ ဆိုပါသေးတယ်။

READ
ကိုယ်အင်္ဂါမသန်စွမ်းပေမယ့် စိတ်ဓာတ်သန်စွမ်းကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား
Centro de Atención al Talento / Facebook
Centro de Atención al Talento / Facebook

“သူများထက် ထူးခြားနေတယ်ဆိုတာနဲ့ပဲ လူငယ်ဘဝကို ပျင်းစရာကောင်းစွာ ဖြတ်သန်းမှာမဟုတ်ပါဘူး” လို့ Dafne က ပြောခဲ့ဖူးပါတယ်။ သူမဟာ အားလပ်ချိန်တွေမှာ စန္ဒရားတီးတာ၊ ကလေးတွေကို တရုတ်စာသင်ပေးတာတွေအပြင် ဘဲလေးကတာ၊ ကျွမ်းဘားကစားတာ၊ ရေခဲစကိတ်စီးတာ၊ တိုက်ကွမ်ဒိုကျင့်တာနဲ့ ဆီဆေးပန်းချီဆွဲတာတို့ပါ လုပ်တတ်ပါတယ်။ Dafne ကတော့ ၂၀၁၅ ခုနှစ် Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ သြဇာအရှိဆုံး မက္ကဆီကို အမျိုးသမီး အယောက် ၅၀ စာရင်းထဲပါ ဝင်ခဲ့ပါတယ်။

Centro de Atención al Talento / Facebook
Centro de Atención al Talento / Facebook

Dafne ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာ Asdrubal Almazan ကတော့ မက္ကဆီကိုမှာ Dafne လို ပါရမီပါတဲ့ ကလေးတွေကို အာရုံကြောမူမမှန်လို့ ဂဏာမငြိမ်တဲ့ ရောဂါ (ADHD) နဲ့ မှားပြီး ကလေးရဲ့ အစွမ်းအစတွေကို တိမ်မြုပ်သွားအောင် ဆက်ဆံမှု မှားယွင်းတတ်ကြကြောင်း ဆိုပါတယ်။ ကျောင်းတွေမှာလည်း အဲဒီ့လို ကလေးတွေဟာ စာသင်ကြားရာမှာ သူများထက် ထူးပြီး တတ်နေလို့ အဆင်မပြေမှုတွေလည်း ကြုံရတတ်ကြပါတယ်။

READ
ဥပဒေကို ကိုယ်တိုင်လေ့လာပြီး မိမိကိုအရှက်ခွဲခဲ့သူအား တရားစွဲခဲ့တဲ့အော့တစ်ဇင်အမျိုးသား
Centro de Atención al Talento / Facebook

Dafne မိသားစုထဲမှာတော့ သူမရဲ့ အစ်ကိုကပါ အဲဒီ့လို ပါရမီပါသူတစ်ဦးဖြစ်တဲ့အတွက် ဒေါက်တာ Asdrubal က ပါရမီရှင်လေးတွေကို သီးသန့်စာသင်ကြားပို့ချတဲ့ ကျောင်း CEDAT တက္ကသိုလ်ကို တည်ထောင်ခဲ့ပါတယ်။ လက်ရှိ အဆိုပါကျောင်းမှာ တက်ရောက်သင်ကြားနေသူ ကျောင်းသား ၃၀၀ ခန့်ရှိပြီး ကျောင်းဆင်းပေါင်း ၄၀၀၀ ကိုပါ မွေးထုတ်ထားပါတယ်။

Centro de Atención al Talento / Facebook

Dafne ကတော့ ဟားဗတ်မှာ ဘွဲ့လွန်တန်း တစ်နှစ်တက်ပြီးနောက် မက္ကဆီကိုသို့ ခဏပြန်ပြီး ကလေးတွေကို သင်္ချာဘာသာရပ် သင်ပေးဖို့ စဉ်းစားထားတယ်လို့လည်း သိရပါတယ်။

Ref: The Epoch Times

SHARE