သုံးဘီးလေးနဲ့ မက္ကစီကိုတစ်ခွင်လှည့်ပြီး အစွန့်ပစ်ခံခွေးတွေကို လိုက်ကယ်နေတဲ့ အမျိုးသား

© EdgardoPerros / Facebook

ကြင်နာတတ်တဲ့သူတွေကို နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ အခုဆိုရင်လည်း မက္ကစီကိုနိုင်ငံမှာ ကြင်နာတတ်တဲ့အမျိုးသားတစ်ယောက်ကို တွေ့ရပါတယ်။ သူဟာ သူ့ရဲ့ စိတ်ကောင်းစေတနာနဲ့ လူတွေရဲ့နှလုံးသားကို သိမ်းကြုံးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသူက အက်ဒ်ဂါဒိုဖြစ်ပါတယ်။ အက်ဒ်ဂါဒိုဟာ သူ့ရဲ့သုံးဘီးလေးကိုစီးပြီး မက္ကစီကိုတစ်ခွင်ကိုအလည်ထွက်ခဲ့ပါတယ်။

© EdgardoPerros / Facebook

ဒီတင်မှာပဲ သူ့ရဲ့ တိရစ္ဆာန်လေးတွေအပေါ်ချစ်တဲ့စိတ်ဟာ စတင်ပြီး သက်ဝင်လှုပ်ရှားလာပါတော့တယ်။ သူဟာ သူသွားတဲ့ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ တိရစ္ဆာန်လေးတွေကို ကယ်ဆယ်ခဲ့ပါတယ်။ တိရစ္ဆာန်လေးတွေဆိုတာက အိမ်ခြေရာမဲ့ဖြစ်နေတဲ့ ခွေးလေးတွေကို ဆိုလိုတာပါ။

© EdgardoPerros / Facebook

အက်ဒ်ဂါဒိုက မက္ကစီကို နာယာရစ်ဇာတိကဖြစ်ပါတယ်။ အသက် (၄၉) နှစ်ရှိပါပြီ။ တစ်နေ့တော့ သူက မက္ကစီကိုကမ်းရိုးတန်းတွေဆီ သုံးဘီးတစ်စီးနဲ့လျှောက်လည်ဖို့ အကြံရပါတယ်။ သူက ကမ်းခြေဘက်လည်းသွားမယ်၊ ကမ်းခြေသွားရင်းနဲ့လည်း သူ့အကူအညီလိုတဲ့ခွေးလေးတွေကို လမ်းမှာတွေ့ခဲ့ရင် ခေါ်လာပြီး ကယ်မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ သုံးဘီးပေါ်မှာ လိုအပ်တဲ့ အ၀တ်အထည်တွေ၊ ရေ၊ အစားအသောက်နဲ့ ခွေးစာတွေ၊ ဆေးတွေကိုပါ ယူလာခဲ့ပါတယ်။

© EdgardoPerros / Facebook

အက်ဒ်ဂါဒိုဟာ လမ်းတစ်လျှောက်တွေ့ရတဲ့ ဒဏ်ရာရနေတဲ့ခွေးတွေ၊ အစာရေစာငတ်နေတဲ့ခွေးတွေ၊ သခင်က စွန့်ပစ်ခံထားရတဲ့ခွေးတွေကို အကူအညီပေးခဲ့ပါတယ်။ ခွေးလေးတွေနေပြန်ကောင်းလာတဲ့အခါ သူများပေးပစ်တာမျိုး၊ ရောင်းတာမျိုးလည်း မလုပ်ပါဘူး။ သူက အဲ့ဒီခွေးလေးတွေကိုပါ သူနဲ့အတူ ခရီးစဉ်ကနေ ခေါ်လာပါတယ်။ တကယ်လို့ ဒီခွေးလေးတွေကို တကယ်ချစ်လွန်းလို့ သေချာမွေးစားမယ့်လူရှိမှ သူက ပေးတာ ဖြစ်ပါတယ်။

Edgardo Perros – Saviour of the Dogs

A few months ago I was driving out of the small Mexican town of Mazunte, Oaxaca, when I saw a peculiar sight on the side of the road. A man was pushing a trolley along the road and surrounding him were dogs. Dogs were on top of his trolley. Dogs were behind him, in front of him and by his side. Tails were wagging furiously, barks were sounding and he just kept pushing his trolley through the heat. This is the story of Edgardo Perros. Thank you to Fernando Cortez Marques from https://www.facebook.com/videosforacause/ for all his help in shooting this project with me and editing all the Spanish interviews!Thank you to Laurie Alexander for helping with the logistics and thank you to Sat Chit Ananda for his translation work. If you would like to contribute to Edgardo and his journey, follow this link:https://www.paypal.me/SalvaPerrosAlso, take a look at his Facebook page Edgardo SalvaPerros!

Posted by The Yogi Photographer on Tuesday, October 22, 2019

© EdgardoPerros / Facebook

ပြီးတော့ အက်ဒ်ဂါဒိုမှာလည်း တိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင် ဆေးပညာနဲ့အထွေထွေဗဟုသုတရှိတာကြောင့် သူ့ခရီးစဉ်မှာ သူဟာ ခွေးတွေတော်တော်များများကို ကူညီနိုင်ခဲ့ပါတယ်။ ယနေ့အချိန်ထိ အက်ဒ်ဂါဒိုဟာ မိုင်ပေါင်း (၈၅၀၀) ကျော်ခရီးထွက်ခဲ့ပြီးဖြစ်ကာ အစွန့်ပစ်ခံခွေးကောင်ရေ (၅၀၀) ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယိုဂီဓာတ်ပုံဆရာလို့ သူ့ကိုယ်သူသမုတ်ထားတဲ့ အက်ဒ်ဂါဒိုဟာ ယနေ့ထက်တိုင် ခရီးတွေသွားပြီး သနားစရာကောင်းတဲ့ ခွေးလေးတွေကို ကူညီနေဆဲ ဖြစ်တယ်လို့လည်း brightside အရ သိရပါတယ်။

READ
အနားက ဖြတ်လျှောက်သွားသူမှန်သမျှ လက်ဆွဲနှုတ်ဆက်ရမှ ကျေနပ်တဲ့ ခွေးကလေး

လင်းလင်း (ShweMom)

SHARE