Huwei ဖုန်းပိုင်ရှင်တွေလို့သနားလို့ အလှူလုပ်ပေးနေတဲ့ မက္ကစီကန် စားသောက်ဆိုင်

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက Huawei စမတ်ဖုန်းတွေကို Google က တားမြစ်ကန့်သတ်ချက်တွေ ပြုလုပ်ခဲ့တဲ့သတင်း ထွက်ရှိအပြီးမှာ အားလုံးဟာ ၀မ်းနည်းခဲ့ကြရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးအစိုးရတွေကြား မြေဇာပင်ဖြစ်ခဲ့ရတဲ့ Huawei စမတ်ဖုန်းအသုံးပြုသူတွေကို နှစ်သိမ့်ပေးရန်အလို့ငှာ မက္ကစီကန်စားသောက်ဆိုင်တစ်ခုက အခုလို စီစဉ်ခဲ့ကြောင်း techfoe အွန်လိုင်းသတင်းအရ သိရပါတယ်။

 

စားသောက်ဆိုင်နာမည်ကတော့ La Taqueria Tachitos ဖြစ်ပါတယ်။ တကယ်လို့ စားသုံးသူတစ်ဦးဟာ အနည်းဆုံး ပီဆို(၆၀) စာ အော်ဒါမှာပြီး Huawei ဖုန်းလဲကိုင်ဆောင်ထားသူဆိုရင်တော့ ဆိုင်က မက္ကစီကန်စားသောက်ဖွယ်ရာတစ်ခုဖြစ်တဲ့ အသားလိပ်နံပြား tacos တွေကို အလကားကျွေးမွေးမှာဖြစ်ပါတယ်။ လက်ရှိ Huawei တံဆိပ် ဖုန်းကိုင်ထားသူတွေရဲ့ နာကျင်မှုကို နားလည်ကြောင်းနဲ့ မုန့်အလကားကျွေးပြီး ထိုသူတွေကို နှစ်သိမ့်ပေးစေချင်တာဖြစ်ကြောင်း စားသောက်ဆိုင်ပိုင်ရှင်က ရှင်းပြခဲ့ပါတယ်။

READ
မနီလာမြို့ရဲ့လမ်းမထက် လူတွေအုံးအုံးကြပ်ကြပ်ဖြစ်စေခဲ့တဲ့ Miss Universe Catriona Gray
pixabay

ပြီးခဲ့တဲ့ အပတ်တုန်းကမှ အမေရိကန်ဟာ  အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်ကိုတုံ့ပြန်တဲ့အနေနဲ့ Huawei ရဲ့  Google Android အသုံးပြုခွင့်လိုင်စင်ကို ရုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ လက်ရှိထုတ်ပြန်ထားတဲ့ အမိန့်ထဲမှာတော့ တရုတ်နည်းပညာကုမ္ပဏီတွေဟာ အမေရိကန်ဆီက နည်းပညာကို ၀ယ်ယူမယ်ဆိုရင် အမေရိကန်သမ္မတဆီက ဦးဆုံးသဘောတူညီချက်ရဖို့ လိုအပ်တယ်ဆိုပြီး ကြေညာခဲ့တာပါ။ Google အပါအ၀င် အခြားအမေရိကန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Qualcomm Inc, Broadcom Inc, Intel တို့ဟာလည်း Huawei နဲ့ အကျိုးတူပူးပေါင်းခွင့်များ ရပ်နားခဲ့ရကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE