ပရိသတ်တွေမြှောက်နေတဲ့အချိန် အင်္ကျီဇစ်ပြုတ်သွားတဲ့မက္ကဆီကန်အဆိုတော်

နာမည်ကြီး မက္ကဆီကိုအဆိုတော် Thaliaဟာ ပရိသတ်ထဲကို ခုန်ချချိန်မှာတော့ သူမကိုချစ်တဲ့ ပရိသတ်ကြီးက
သူမကို ပင့်ထားခဲ့ကြပါတယ်။ သူမ “Latina Love Tour” ပွဲ မိုင်ယာမီကမ်းခြေမှာဖျာ်ဖြေနေချိန်မှာဖြစ်ပါတယ်။ သူမ
စင်ပေါ်ပြန်ရောက်တဲ့အချိန်မှာတော့ သူမရဲ့နောက်ကဇစ်ဟာ ပရိသတ်တစ်ယောက်ရဲ့ ဆွဲဖွင့်ထားခြင်းကိုခံရပြီး အထက်
ကနေ အောက်အထိ ပွင့်နေခဲ့ပါတယ်။

NINTCHDBPICT000272011157

အသက်၄၅နှစ်အရွယ် အဆိုတော်ဟာ ဖျော်ဖြေလက်စ အခြေအနေမှာ ဘယ်လိုမှ ပြန်ဇစ်တပ်မရဖြစ်ခဲ့ပါတယ်။ ဒါနဲ့
နောက်ဆုံးမှာတော့ အခြားဘက်ခြမ်းမှာရှိတဲ့ ပရိသတ်တစ်ဦးဆီသွားပြီး အကူအညီတောင်းခဲ့ရပါတယ်။ အဆိုတော်ဖြစ်
သူဆိုနေတုန်းမှာ သူကတော့ ဇစ်တပ်ပေးနေခဲ့ပါတယ်။

NINTCHDBPICT000272012923

ဒီအဆိုတော်ရဲ့ နာမည်အစစ်က Ariadna Thalia Sodi Miranda ဖြစ်ပြီး အရင်က ဂေးပရိသတ်တစ်ဦးကို စဉ်ပေါ်က
မောင်းချခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်တော့ သူမကို ဘယ်သူက မကျေနပ်ခဲ့လဲ မသိခဲ့ပါဘူး။ အင်စတာဂရမ်ပေါ်မှာတော့
သူမရဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

READ
၂၀၁၈ နှစ်သစ်ကူးညမှာ ကျင်းပမဲ့ ပွဲကောင်းတစ်ချို့

NINTCHDBPICT000272012910

Thalia ဟာ ဘာသာာစကားတော်တော်များများနဲ့ဆိုနိုင်သူလည်းဖြစ်ပါတယ်။ စပိန်၊အင်္ဂလိပ်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ပေါ်တူဂီ၊ စတာတွေနဲ့ ဆိုနိုင်သလို  “Queen of Latin Pop” လို့ မီဒီယာတွေက တင်စားလေ့ရှိပါတယ်။

NINTCHDBPICT000272011425

SHARE