ပိုင်ဖြိုးသုကို ဖိအားပေးနေတဲ့သူတွေကို ရှုံချတယ်ဆိုတဲ့ မောင်မောင်အေး

“မီ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ပိုင်ဖြိုးသုကတော့ လတ်တလောမှာ ဝေဖန်မှုတွေကို ကြုံတွေ့ရတာဖြစ်ပါတယ်။ ဝေဖန်မှုတွေ ရရှိတဲ့အကြောင်းအရင်းကတော့ မင်းသမီးရဲ့ ကာရိုက်တာအရ ဇာတ်ကားတစ်ကားလုံးမှာ ဆေးလိပ်သောက်တဲ့အခန်းတွေ အမြောက်အများပါဝင်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးပိုင်ဖြိုးသုကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ သံတမန်အဖြစ်လဲ ခန့်အပ်ခြင်းခံထားရသူဖြစ်လို့ ဝေဖန်မှုတွေကတော့ ပိုလို့တောင်ဆိုးခဲ့ပါတယ်။

ဒီကိစ္စကြောင့် အကယ်ဒမီမင်းသမီး ပိုင်ဖြိုးသုကတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတောင် ဖြေရှင်းခဲ့ရပါတယ်။ နာမည်ကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ မောင်မောင်အေးကတော့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ အခုလိုရေးသားလာပါတယ်။ မောင်မောင်အေးကတော့ “အံ့မခန်းသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးပိုင်ဖြိုးသု အပေါ် ရူးတူးတူးပေါတောတောအကွက်တွေနဲ့ ဖိအားပေးနေကြတာမျိုးကိုလည်း လုံးဝရှုံ့ချတယ်….” လို့ရေးသားပြောဆိုလာတာဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကလည်း “မီ” ကို တက်စွမ်းသမျှအနုပညာစွမ်းရည်နဲ့ ကြိုးစားပုံဖော်ခဲ့တဲ့ ပိုင်ဖြိုးသုကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
ရင်တွင်းဖြစ် Post နဲ့ ပရိသတ်တွေကို ကြွေအောင်လုပ်လိုက်ပြန်တဲ့ စိုင်းစိုင်း

Source: Mg Mg Aye

SHARE