
လက်တလော Hollywodd ပူပူနွေးနွေးစုံတွဲလေးဖြစ်တဲ့ Mgean Fox နဲ့ MGK(Machine Gun Kelly) တို့အတွဲကိုတော့ တော်တော်များများသိကြမှာပါ။ Megan Fox ကတော့ Hollywood လောကမှာ နာမည်ကြီးတဲ့ မင်းသမီးတစ်ဦးဖြစ်သလို MGK ကလည်း Hiphop လောကမှာ နာမည်ကြီးတဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်ပါတယ်။ မကြာသေးခင်အချိန်တုန်းက အင်တာဗျူးတစ်ခုမှာတုန်းကလည်း Megan Fox နဲ့ MGK တို့ဟာ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြောင်း ဝန်ခံခဲ့သလို အခုလည်း MGK ဟာ Megan Fox နဲ့ မှ အချစ်ဆိုတာကို သိရှိပြီး Megan Fox ကိုလည်း အမှန်တစ်ကယ်ကို အချစ်စစ်နဲ့ ချစ်မိနေပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တယ်လို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Megan Fox နဲ့ MGK တို့နှစ်ဦးဟာ Midnight in the Switchgrass ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းမှာ ပထမဦးဆုံး အတူတူ ဆုံခဲ့ကြပြီး ချစ်သူဖြစ်ခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ MGK ရဲ့ MTV မှာလည်း Megan Fox က ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီ MTV ထဲမှာတော့ နှစ်ယောက်သားဟာ အနမ်းတွေပေးလိုက်၊ ပလူးပလဲနေလိုက်နဲ့ တစ်ကယ့်ကို မိုးမမြင်လေမမြင် ဖြစ်နေကြတဲ့ ချစ်သူနှစ်ဦးပုံစံလိုပါပဲ။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်ပရိသတ်ကတော့ သူတို့အတွဲကို ရေရှည်တွဲသွားစေဖို့ ဆန္ဒရှိသလို MGK ကိုယ်တိုင်ကလည်း Megan Fox နဲ့မှ အချစ်ဆိုတာကို နားလည်ခဲ့ပြီး Megan Fox အပေါ်ကို တစ်ကယ်ကြီး နှစ်နှစ်ကာကာ ချစ်မိနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
“Megan က ကျွန်တော့်အပေါ်ကို တစ်ကယ်ချစ်တယ်လို့ ခံစားမိတယ်ဗျ။ အထူးသဖြင့် သူ့ရဲ့ မျက်လုံးတွေကနေတစ်ဆင့်ပေါ့။ သူနဲ့ကျွန်တော် စသိခဲ့တာကလည်း နှစ်ယောက်စလုံးရဲ့ အကြည့်တွေကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားပါ။ သူလည်း ကျွန်တော့်ကို တစ်ကယ်ချစ်တဲ့လူတစ်ယောက်လို့ ခံစားမိပါတယ်။ ကျွန်တော့်ကတော့ အချစ်ဆိုတာကို သူနဲ့ကျမှ သေသေချာချာ နားလည်ခဲ့ရပြီး သူ့ကိုမှ တစ်ကယ်ချစ်ခဲ့မိတာပါ။ သူနဲ့အတူတူရှိရင် စိတ်ထဲမှာ တော်တော်လေးကို နွေးထွေးတယ်ဗျ”လို့ MGK က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw