နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ဖိတ်ကြားခံရတဲ့ ” ရွှေကြာ” နဲ့ “မီ”

၂၀၁၈ ခုနှစ်အတွက် ကျင်းပတဲ့ အကယ်ဒမီ ဆုချီးမြင့်ပွဲမှာ ဆုတွေအများကြီး ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “ရွှေကြာ” နဲ့ ပရိသတ်တွေတိုင်းရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ “မီ” တို့ကိုတော့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရတော့မှာဖြစ်ပါတယ်။

“မီ” နဲ့ “ရွှေကြာ” ရုပ်ရှင်ကားနှစ်ကားကိုတော့ Asean International Film Festival& Awards နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်ကတော့ ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ရက်တာ ကြာမြင့်မှာဖြစ်ပါတယ်။

” ရွှေကြာ ” ကိုတော့ ပြည့်တန်ဆာ ပပျောက်ရေးအတွက် ရိုက်ကူးတင်ဆက်ထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ဖြစ်ပြီး” မီ “​ကိုတော့ အရုပ် အသံ Preproduction
အထူးကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်လို့လည်း သိရပါတယ်။ မြန်မာ ရုပ်ရှင်လောကနဲ့ ပရိသတ်တွေအတွက်တော့ ဂုဏ်ယူစရာပါပဲနော်။

READ
၁၄ နိုင်ငံက အလှတွေ ဝေစည်နေခဲ့တဲ့ Vogue မဂ္ဂဇင်းကာဗာသစ်

Source: Myanmar Film Academy

SHARE