Xiaomi ကနေ လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်မယ့် Mi CC ဖုန်း brand အသစ်

Shutterstock / THINK A , global.meitu.com, blog.mi.com

မြန်မာဖုန်းဈေးကွက်မှာ လူကြိုက်များသလို တရုတ်မှာလည်း Huawei နဲ့ အပြိုင်ဖြစ်တဲ့ Xiaomi ကုမ္ပဏီကတော့ Mi ရဲ့ brand အခွဲတစ်ခုကို ထုတ်လုပ်တော့မှာ ဖြစ်တဲ့အကြောင်း ဇွန်လ ၂၁ ရက်နေ့က ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ကြေညာခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ နည်းပညာသတင်း မီဒီယာ Tech Crunch မှာ ဖော်ပြထားတာပါ။

ဖုန်း brand အသစ်ရဲ့ နာမည်ကတော့ Mi CC ဆိုပြီး ဖြစ်ပါတယ်။ လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ CC ဆိုတာ Camera+Camera ကို ရည်ညွှန်းပါတယ်။ Dual- camera feature ပါရှိမယ့် ဖုန်း brand အသစ်တစ်ခုအနေနဲ့ နာမည်ပေးထားတာပါ။ Dual camera ကို ရည်ညွှန်းတဲ့အပြင် C နှစ်လုံးက chic, cool, colorful, creative စတဲ့ စကားလုံးတွေကိုလည်း ကိုယ်စားပြုထားပါတယ်။

READ
ကိုယ်ကြိတ်ခိုက်နေတဲ့ Crushရဲ့ ပုံစံတူအတိုင်း Sex Robotတွေကို မှာယူနိုင်တော့မည်
Shutterstock / THINK A

ထို brand ကနေ တားဂတ်ထားမယ့် ဈေးကွက်ကတော့ “the global young generation” (ကမ္ဘာတဝှမ်းက လူငယ်မျိုးဆက်သစ်တွေ) ဆိုပြီးလည်း ဖော်ပြထားပါတယ်။ Xiaomi ကနေ အမြဲ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းတွေနဲ့ အရည်အသွေးမြင့်ဖုန်းတွေကို ထုတ်လုပ်နေကျဖြစ်တဲ့အတွက် CC လည်း စောင့်မျှော်သင့်တဲ့ ဖုန်းတွေထဲမှာ ပါလာတာပါ။ Meitu နဲ့ ပူးပေါင်းထားတယ်ဆိုတဲ့အတိုင်း ဆယ်ဖီကင်မရာ၊ စတစ်ကာတွေနဲ့ ဂရက်ဖစ်ပိုင်းတွေမှာ အများကြီးလည်း မျှော်လင့်ထားနိုင်မှာပါ။

http://global.meitu.com/

လူငယ်တွေအတွက် ကင်မရာနဲ့ ဂရက်ဖစ်ပိုင်းကို အသားပေးထားမယ့် Mi CC ဟာဆိုရင် Xiaomi နဲ့ selfie app တစ်ခုဖြစ်တဲ့ Meitu တို့ ပူးပေါင်းတီထွင်ထားမှု ဖြစ်ပါတယ်။ Xiamoi ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလတုန်းက Meitu ကို ဝယ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ၎င်းတို့ ၂ ခုရဲ့ ပူးပေါင်းဆန်းသစ်မှု ရလဒ်တွေကို မြင်တွေ့ရတော့မှာပါ။ ကုမ္ပဏီ ၂ ခု သဘောတူညီချက်အရ ဒီ Mi CC က အကျိုးအမြတ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို Meitu ကနေ ရသွားမှာလည်း ဖြစ်ပါတယ်။

READ
မောင်းသူမဲ့ကားထဲမှာဟယ်ရီပေါ်တာကြည့်နေတုန်း ထရပ်ကားကိုဝင်တိုက်ပြီးသေဆုံး
http://blog.mi.com

ဝက်ဘ်ဆိုဒ်ရဲ့ ကြေညာချက်မှာ ရေးသားထားတာကတော့ Mi CC ကို Xiaomi ကုမ္ပဏီရဲ့ အငယ်ဆုံး product team ကနေ ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်တယ်လို့ တွေ့ရပါတယ်။ လူငယ်အဖွဲ့က ဖန်တီးထုတ်လုပ်မယ့် ဖုန်းဖြစ်ပြီး ဈေးကွက်ထဲမှာလည်း လူငယ်တွေကို အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဖုန်းပုံစံက ဘယ်လိုဖြစ်မလဲတော့ လက်ရှိမှာ မသိရသေးပါဘူး။ Xiaomi ဖုန်းတွေကို နှစ်သက်သူတွေအတွက် မကြာခင်အနာဂတ်မှာ ဈေးကွက်ထဲ ဝင်ရောက်လာတော့မယ့် Mi CC အကြောင်း သိရသမျှ တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

Shwemom

SHARE