ရင်သားကို ဟော်ကီပြား ထိမှန်လို့ ခွဲစိတ်မှုခံရတော့မယ့် အပြာမင်းသမီးဟောင်း

ဟော်ကီပြား ထိမှန်ခဲ့ပြီး ဘယ်ဘက်ရင်သား တစ်ခြမ်းထိခိုက်သွားတာကြောင့် ခွဲစားကုသမှုခံယူရမယ်လို့ နာမည်ကျော် အပြာမင်းသမီးဟောင်း Mia Khalifa က အတိအလင်း ကြေငြာခဲ့ပါတယ်။

Instagram

ယခင် လူကြီးရုပ်ရှင်တွေရဲ့ သရုပ်ဆောင်ဖြစ်တဲ့ သူမဟာ Stanley Cup Playoff ဟော်ကီပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့စဉ် အလေးချိန် (၆) အောင်စရှိတဲ့ ဟောကီးပြားက မမျှော်လင့်ဘဲ လာထိမှန်ခဲ့တာပါ။

Mia ရဲ့ပြောကြားချက်အရ ဒီလိုထိမှန်ခဲ့တာကြောင့် သူမရဲ့ ပြုပြင်ထားတဲ့ ရင်သား ပျက်စီးသွားတယ်လို့သိရပါတယ်။ “အဲ့ဒီအချိန် အထဲမှာ သွေးတွေး တော်လျှောက်ပျံ့နေသလိုကြီးခံစားရတယ်” လို့ ပြောတယ်။

Instagram

အမေရိကန်-လက်ဘနီစ် အစီစဉ်တင်ဆက်သူ သူမဟာ အားကစားစိတ်ပြင်းထန်တဲ့ သူလို့လည်း သိရပြီး ထိခိုက်စေခဲ့တဲ့ ဟော်ကီပြားကိုတောင် လက်ဆောင်တစ်ခုလို မှတ်ယူပြီး သိမ်းလာခဲ့ပါတယ်။

Mia က Washington Capitals နဲ့ Tampa Bay Lightning ပွဲစဉ်မှာ တစ်နာရီ မိုင် (၈၀) နှုန်းနဲ့လာတဲ့ ဟော်ကီပြာမှန်ခဲ့တဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။

“ဒီလိုလာမယ်လို့ ဘယ်လိုမှ စိတ်မကူးမိတာပါ။ မှန်နောက်မှာပဲ ကြည့်နေခဲ့တာ… အဲ့ဒါနဲ့ သတိလက်လွတ်ဖြစ်နေချိန်မှာ အကာတွေကို ကျော်ပြီး လာမှန်တာ”

အတွင်းကြေဖြစ်လို့ သွေးတွေ အထဲမှာ ပျံ့သွားမှာစိုးပြီး ရင်ဘက်ကို ဆုပ်ကိုင်ထားခဲ့ရတယ်ဆိုတာ ကိုလည်းပြောပြပါတယ်။

Instagram

ကိုယ့်ကို လာမှန်တဲ့ ဟော့ကီပြားကိုလည်း ပရိသတ်တစ်ယောက်အတွက် ပိုင်ဆိုင်ခွင့်ရနိုင်မယ့် အကောင်းဆုံး လက်ဆောင်အဖြစ် သတ်မှတ်ပြီး အိမ်ကို သယ်လာခဲ့တယ် လို့ သူမကပြောတယ်။

“တကယ်ကို လေးပြီး ရာဘာအစစ်နဲ့ လုပ်ထားတာပါ။ တစ်နာရီ မိုင် (၈၀) နှုန်းလောက်နဲ့ သွားတယ်။ အခုဆို ဘယ်ဘက်ရင်သားက နည်းနည်းသိမ်သွားပြီ… နောက်နှစ်တော့ ပြန်ပြုပြင်ဖြစ်မယ်” လို့ ပြောခဲ့ပါတယ်။

ဒီထိခိုက်မှုကြောင့် (၈၀) ရာခိုင်နှုန်းလောက် ပျက်စီးသွားတာ သေချာတယ်လို့ သိရတယ်။ ဒါတောင့် အဲ့ပွဲက ဟော်ကီအပြားရလို့ ပျော်နေနိုင်သေးသူပါ။ Mia က အင်္ဂလန် ဘောလုံးကလပ်အသင်း တစ်သင်းဖြစ်တဲ့ West Ham ရဲ့ ပရိသတ်တစ်ယောက်လို့လည်း သိရပါတယ်။

 

Instagram

READ
Avengers ငွေကြယ်ပွင့်တွေရဲ့ လက်တွေ့ဘဝက လက်တွဲဖော်နဲ့မိသားစုပုံလေးများ

Source: Unilad

Matthew (ShweMoM) 

SHARE