သူဖုန်းစားထက်တောင်ဆိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Influencer

Insagram- @https://www.instagram.com/p/Bq4S0vUBwAM/

အခုခေတ်မှာ လူမှုကွန်ယက်ကို အသုံးချပြီး ရပ်တည်နေတဲ့လုပ်ငန်းပေါင်းစုံရှိလို့နေပါတယ်။ Blogger တွေ၊ vlogger တွေ၊ တချို့သော အွန်လိုင်း မီဒီယာတွေအပြင်ကိုမှ social influencer ဆိုတဲ့ လူမှုကွန်ယက်ပေါ်က celebrities တွေစတဲ့ လူတွေ အများကြီးရှိလို့နေပါပြီ။

Social influencer ဆိုတာ လူမှုကွန်ယက်တွေကနေလည်း အောင်မြင်ရင် အောင်မြင်သလို ပိုက်ဆံရသလို၊ အဓိကရပ်တည်နေတာကတော့ ကြောငြာတွေကြောင့်ပါပဲ။ ဥပမာ travel blogger တွေဆိုရင် လေကြောင်းလိုင်း၊ ကားလိုင်း၊ ဟိုတယ်ကြော်ငြာမျိုးတွေ ရှိသလိုမျိုးပေါ့။ နောက် influencer ဖြစ်ရတဲ့အထဲ သဘောကျစရာအချက်တစ်ခုကတော့ PR Gift ဆိုတဲ လက်ဆောင်လေးတွေပါပဲ။

အခု ပြောပြပေးမယ့် influencer ကတော့ အဲဒီ PR Gift တွေနဲ့ဆက်စပ်နေပါတယ်။ သူမနာမည်ကတော့ Miann Scanlan ပါတဲ့။ Instagram မှာ follower ပေါင်း ၄၈,၀၀၀ နဲ့ ရပ်တည်လျက်ရှိနေပြီးတော့ Brisbane မှာ နေထိုင်ပါတယ်။ သူမဟာ အသက်(၁၇)နှစ်တည်းက  ကျောင်းထွက်ပြီးတော့ အသက်မွေးဝမ်းကျောင်းအဖြစ် social influencer လုပ်ကိုင်နေသူတစ်ဦးပါ။

News. AU ရဲ့ဖော်ပြအချက်အရ Miann Scanlan ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းက ကုမ္ပဏီတော်တော်များများကို သူမဖက်က စတင်ဆက်သွယ်ကာ PR git ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်တဲ့။ စာမျက်နှာ ၁၁ မျက်နှာနဲ့ သူမကို လက်ဆောင်ပေးဖို့ စာတင်ကာတောင်းခဲ့တာဖြစ်ပြီး အကြောင်းအရာကတော့ လာမယ့် အသက် ၃၀ ပြည့် မွေးနေ့အတွက် Instagram ရဲ့ Story မှာ ပစ္စည်းတွေကို အလကားတင်ပေးသွားမှာပါတဲ့။ လက်ဆောင်ပေးတဲ့ ပစ္စည်းအပြင် တခြားပစ္စည်းကိုထပ်ပြီး story မှာ တင်စေချင်တယ်ဆိုရင် တစ်ခုကို ဒေါ်လာ ၅၀ ထပ်ကုန်မှာဖြစ်တယ်လို့ စာထဲမှာပါထည့်ရေးထားတာပါ။

View this post on Instagram

Dolmades with a side of side eye

A post shared by MIANN SCANLAN (@miannscanlan) on

တကယ်တမ်းဆိုရင် influencer တွေကို ကုမ္ပဏီတွေဖက်က စတင်ဆက်သွယ်လာပြီးကာမှ လက်ဆောင်လေးပေးချင်လို့ပါဆိုပြီး ပြောရမှာပါ။ ဒါပေမဲ့ Miann Scanlan ရဲ့ လုပ်ရပ်ကတော့ ပြောင်းပြန်ကိုဖြစ်နေခဲ့တာပါ။ ဒီကိစ္စဟာ အွန်လိုင်းပေါ်မှာ ပေါက်ကြားသွားခဲ့ပြီးနောက်မှာတော့ လူတွေဟာ Miann Scanlan ကို ဝေဖန်ပြောဆိုမှုတွေ အမျိုးမျိုးဖြစ်လာခဲ့ပါတယ်။ တချို့ comment တွေအရဆိုရင် သူဖုန်းစားထက်တောင် ဆိုးနေပြီဆိုတာတွေလည်း ပါဝင်လို့နေပါတယ်။

penny

SHARE