မင်းသားအဖြစ်တင် မဟုတ်ဘဲ ဒါရိုက်တာပါတွဲလုပ်မယ်ဆိုတဲ့ Michael B Jordan

Creed

Michael B Jordan ကို Marvel ရဲ့ Black Panther ဗီလိန်အဖြစ် မရိုက်ကူးခင် Creed ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးရင်း လူစသိလာခဲ့တာပါ။ Creed ဟာ လက်ဝှေ့ချန်ပီယံတစ်ဦးရဲ့ သားတစ်ယောက်၊ ကိုယ်တိုင်လည်း လက်ဝှေ့လောကထဲ ဝင်ဖို့ ကြိုးစားရင်း လူပေါင်းစုံနဲ့ တွေ့ခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးထားခဲ့တာပါ။

 

View this post on Instagram

 

A post shared by Michael B. Jordan (@michaelbjordan)

ဒီကားဟာ Michael B Jordan အနေနဲ့ Black Panther ထဲ သရုပ်ဆောင်တာကလွဲရင် အအောင်မြင်ဆုံးရုပ်ရှင်လို့တောင် ဆိုရမှာပါပဲ။ Creed အတွက် Michael B Jordan ဟာ လက်ဝှေ့သမားတစ်ယောက်အတိုင်း ပီပြင်အောင် ခန္ဓာကိုယ်ပြောင်းလဲမှုတွေ လုပ်ခဲ့ရတဲ့အပြင်ကိုမှ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်မှုတွေကိုလည်း လပ်ခဲ့ရပါသေးတယ်။

READ
Gym ဆော့ပြီး Body အရမ်းမိုက်လာတဲ့ Sungjae(BTOB)
Creed

Creed ဟာ လက်ရှိအချိန်မှာတော့ ဇာတ်လမ်းဆက် ၂ ကားအထိ ထွက်ထားခဲ့ပြီးပါပြီ။ အခုလည်း နောက်ထပ် Creed တတိယမြောက်ကားကို ရိက်ကူးဖို့အတွက် သေချာနေပါပြီဆိုပြီး Michael B Jordan က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီ တတိယမြောက်ကားကတော့ Michael B Jordan အတွက် ထူးဆန်းတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမှာပါ။

 

View this post on Instagram

 

A post shared by Michael B. Jordan (@michaelbjordan)

ဘာကြောင့်လဲဆိုတော့ Creed 3 မှာ Michael B Jordan ဟာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်လာမယ့်အပြင်ကိုမှ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူမှာပါတဲ့။ ပရိုဂျူဆာ Irvin Winkler ကတော့ အခုလိုမျိုး Michael B Jordan ကို နှစ်ခုစလုံးခွပြီး ကမ်းလှမ်းခဲ့တာဟာ သူ့အတွက်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကိစ္စတစ်ခုဖြစ်သလိုပဲ Michael B Jordan အတွက်လည်း အမြဲတမ်း လုပ်ချင်နေတဲ့ စိတ်ကူးအိပ်မက်တစ်ခု ပြည့်စုံသွားခဲ့တဲ့အတွက် ရုပ်ရှင်အဆင်သင့်ဖြစ်ဖို့ကို မစောင့်နိုင်တော့ဘူးဆိုပြီး Twitter မှာပြောလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Michael B. Jordan (@michaelbjordan)

penny

SHARE