Superman အဖြစ် သရုပ်ဆောင်ဖို့ ရုပ်ရှင်ကုမ္ပဏီရဲ့ စောင့်ကြည့်ခံနေရတဲ့ Michael B. Jordan

[email protected]

Comic superhero တွေထဲ လူကြိုက်အများဆုံး ဇာတ်ကောင် ၂ ကောင်ကိုညွှန်းပါဆိုရင် Batman နဲ့ Superman ပါပဲ။ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရာမှာ ဇာတ်ကောင် ၂ ကောင်လုံး သရုပ်ဆောင်တွေအမြဲတမ်းလိုလိုပြောင်းလဲခဲ့ရပါတယ်။ လက်ရှိမှာတော့ Batman အတွက် Twilight မင်းသား Robert Pattinson ကို ရွေးချယ်ခဲ့ပြီးပြီဆိုတာ အားလုံးပဲ သိကြမှာပါ။ သူ့ကားတောင်မှပဲ နောက် ၂ နှစ်လောက်ဆို ကြည့်နေရလောက်ပြီ။

ဒါပေမဲ့ ပြဿနာရှိနေတာကတော့ Superman ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီ Wanner Bros. အနေနဲ့ Superman ကို စရိုက်ကတည်းကိုက ၁၃ နှစ်အတွင်း သရုပ်ဆောင် နှစ်ခါတိတိပြောင်းခဲ့ပါတယ်။ ပထမ Superman Returns တုန်းက Brandon Routh နဲ့ Man of Steel မှာတော့ Henry Cavill ပါ။

Batman Vs. Superman/Wanner Bros.

Henry Cavill အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက Superman ဇာတ်ရုပ်ကို သရုပ်မဆောင်တော့ဘူးဆိုပြီး တရားဝင်ပြောကြားလာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Superman နဲ့ပတ်သက်လို့ Wanner Bros. အနေနဲ့ ဘာသတင်းမှ ထုတ်ပြန်ခြင်းမရှိတော့ပါဘူး။ ဒါပေမဲ့လည်း တစ်ဖက်မှာ Superman ရုပ်ရှင်အသစ်ကို ၂၀၂၃ ခုနှစ်မှာ ထုတ်မယ်ဆိုပြီး စီစဉ်ထားခဲ့တာတော့ ရှိနေပါတယ်။

READ
ပြောင်စပ်စပ် မျက်နှာအမူအရာလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ မေပန်းချီ

Comic Book မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကတော့ Wanner Bros. အနေနဲ့ Superman ဇာတ်ကောင်အတွက် Micheal B. Jordan ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာ ကြာနေပါပြီတဲ့။ Micheal B. Jordan နဲ့ Superman တို့ ဆက်ဆက်မိသွားခဲ့တာကတော့ မနှစ်တုန်းကပဲ Henry Cavill တစ်ယောက် Superman မလုပ်တော့ဘူးလို့လည်း ပြောလိုက်ရော Micheal B. Jordan ကနေပြီး သူသာ Superman ဖြစ်ခဲ့ရင်ဆိုပြီး ပြောလာခဲ့တာပါ။ Instagram မှာ Superman အဖြစ် သူ့ကိုယ်သူ ဓာတ်ပုံပြင်ကာ တင်ခဲ့ရာမှတစ်ဆင့် Wanner Bros. ကနေပြီး ဂရုစိုက်မိလာခဲ့တာပါ။

Instagram-@michaelbjordan
Instagram-@michaelbjordan

ဒါနဲ့ Wanner Bros. က Micheal B. Jordan ကို ခေါ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် Micheal B. Jordan ဟာ comic လောကနဲ့ရော superhero လောကနဲ့ရော သိပ်တော့ မစိမ်းလှပါဘူး။ ကိုယ်တိုင်ဟာ anime တွေ၊ menga တွေ၊ comic စာအုပ်တွေဖတ်ရင်း ကြီးပြင်းခဲ့ကာ အခုအချိန်အထိလည်း ဒီလိုဇာတ်လမ်း၊ရုပ်ရှင်တွေကို ရူးသွပ်နေတဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Fantastic Four မှာ Human Torch အဖြစလည်းကောင်း၊ ၂၀၁၈ ခုနှစ်မှာထွက်ခဲ့တဲ့ Black Panther မှာ Erik Killmonger ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။

READ
ဂျပန်ဇာတ်လမ်းတစ်ခုမှာ ပါဝင်သရုပ်ဆောင်မယ့် Kai(EXO)
Instagram-@michaelbjordan

အနုပညာလောကထဲမှာ လူသိများခဲ့တာကတော့ Creed (၂၀၁၅) မှာ လက်ဝှေ့သမားတစ်ယောက်အဖြစ် စတင်ခဲ့တာပါပဲ။ Micheal B. Jordan ရဲ့ သရုပ်ဆောင်ပုံတွေကို ကြည့်မယ်ဆိုရင် သာမန်လူမည်းသရုပ်ဆောင်တွေလို ကြမ်းတမ်းမှုချည်းပဲမဟုတ်ပါဘူး။ မျက်လုံး၊ မျက်နှာပေး၊ လေသံကအစ နူးညံ့ရမယ့်နေရာမှာ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တာပါ။ အခုလည်း Wanner Bros. အနေနဲ့ Micheal B. Jordan ကို စောင့်ကြည့်နေတယ်ဆိုတော့ အကယ်၍များ Micheal B. Jordan တစ်ယောက် Superman အဖြစ်သာ အရွေးခံခဲ့ရင် ပထမဆုံးလူမည်း Superman အဖြစ် သမိုင်းတွင်စေမှာပဲဖြစ်ပါတော့တယ်။

Instagram-@michaelbjordan

Penny

SHARE