ဝါရင့်မင်းသားကြီး Michael Caine ကို ဒုက္ခနွံထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ အချစ်

Imdb/TheDarkKnight

မင်းသားကြီး မိုက်ကယ်လ်ကိန်းဟာ ဟောလိဝုဒ်မှာ ယခုထက်တိုင်အောင်မြင်နေဆဲ မင်းသားကြီးတစ်လက်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ အခုအချိန်မှာ အသက် ၈၆ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားကြီးဟာ ယခုထက်တိုင် ရုပ်ရှင်ကားတွေထဲမှာ ပေါ့ပေါ့းပါးပါး ပါဝင်သရုပ်ဆောင်နေဆဲလည်းဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် လူကြီးခန်းတွေ၊ ဂုဏ်သရေရှိလူကြီးမင်းတွေရဲ့ နေရာမှာ မိုက်ကယ်လ်ကိန်းကို အမြဲလိုလိုတွေ့ရပါတယ်။ မိုက်ကယ်လ်ကိန်းဟာ အင်္ဂလန်ဘုရင်မကြီး ချီးမြင့်တဲ့ ဆာဘွဲ့ရ မင်းသားတစ်လက်လည်းဖြစ်နေပါတယ်။ အခုတခေါက်တော့ ဒီလို သက်ရှိထင်ရှားရှိနေသေးတဲ့ ဂန္ထဝင်မင်းသားကြီးရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

Imdb/TheDarkKnight

မင်းသားကြီးမိုက်ကယ်လ်ကိန်းဟာ ရုပ်ရှင်လောကကို စတင်ဝင်ရောက်လာတုန်းက တော်တော်ကြမ်းတမ်းခဲ့ပါတယ်။ အနှိမ်ခံရမှုတွေ၊ အဖိနှိပ်ခံရခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆယ်စုနှစ်တစ်စုလောက်အထိ ဟောလိဝုဒ်ရုပ်ရှင်အသိုင်းအဝန်းမှာ မျက်နှာမရခဲ့ပါဘူး။ ထင်ရှားကျော်ကြားဖို့ နေနေသာသာ ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်ခွင့်ရဖို့ကိုတောင် အပြင်းအထန်ကြိုးစားနေရတဲ့ မိုက်ကယ်လ်ကိန်းရဲ့ ခက်ခဲသောအချိန်များပါပဲ။ ဒီလို သူ့ဘဝရဲ့ ပထမခြေလှမ်းကို လှမ်းနေစဉ်မှာပဲ သူ့ရဲ့ ပထမဆုံးမိန်းမဖြစ်သူ  Patricia Haines နဲ့ လက်ထပ်ခဲ့တာပါ။ Patricia Hainesကိုယ်တိုင်လည်း မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Instagram/MichaelCaineOffical

ဒီလို အနှိမ်ခံမင်းသားတစ်လက်အဖြစ် ရုပ်ရှင်ကားတွေမှာ တစ်ကွက်စ၊ နှစ်ကွက်စနဲ့ နေထိုင်နေတဲ့ မိုက်ကယ်လ်ကိန်းဟာ ဘဝရပ်တည်ရေးအတွက် စားသောက်ဆိုင်မှာ ပန်းကန်ဆေးတဲ့ အလုပ်လိုမျိုး အလုပ်ကြမ်းမျိုးစုံကိုလည်း လုပ်ခဲ့ရပါတယ်။ Patricia Haines နဲ့ လက်တွဲပြီး (၇)နှစ်လောက် အကြာမှာ နှစ်ဦးသဘောတူပြတ်ဆဲခဲ့ပါတယ်။

ဒီလို လမ်းခွဲပြတ်စဲမှုကြောင့် မိုက်ကယ်လ်ကိန်းဟာ စိတ်ဝမ်းနည်းမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးမှုတွေလည်း နားထားခဲ့ပါတယ်။ ဒီကြားထဲမှာ မိုက်ကယ်လ်ကိန်းဟာ သူ့ကိုယ်သူ ပြန်လည်ဆောက်တည်ခဲ့ပြီး နောက်(၂)နှစ်အကြာမှာ ရုပ်ရှင်လောကကို ပြန်လည်ခြေဦးလှည့်လာခဲ့ပါတယ်။ ဒီလို တစ်ကျော့ပြန်လာတဲ့ မိုက်ကယ်လ်ကိန်းရဲ့ သရုပ်ဆောင်မှုတွေဟာ အရင်ကထက် ပိုမိုကောင်းမွန်လာခဲ့ပြီး Zulus ဇာတ်ကားမှာ ဇာတ်ပို့တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားနဲ့ မိုက်ကယ်လ်ကိန်းဟာ လူသိထင်ရှားလာခဲ့ပြီး အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်ဖို့ ခြေလှမ်းအစတွေလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပထအိမ်ထောင်နဲ့ ပြတ်စဲပြီး (၉)နှစ်အကြာမှာ သူ့ဘဝကို ပြောင်းလဲပစ်စေနိုင်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလာပါတယ်။ အဲဒီသူကတော့ နောင်တစ်ချိန်မှာ သူ့ရဲ့ ဇနီးဖြစ်လာမယ့် Shakira Baksh ပါပဲ။

Instagram/MichaelCaineOffical

သူ(မ)နာမည်ကတော့ Shakira Baksh ဖြစ်ပြီး လူမည်းအမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ Guyana မှာ မွေးဖွားခဲ့ပါသူတစ်ယောက်ပါ။ သူ့ဘဝဟာလည်း လွယ်ကူချောမွေ့တဲ့ပန်းမွေ့ရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ သူလည်းပဲ ခက်ခဲကြမ်းတမ်းတဲ့ ဘဝမှာ နေထိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ အသက် ၁၆ နှစ်မှာပဲ ကျောင်းက နှုတ်ထွက်ခဲ့ရပြီး အမေရိကန်ကုမ္ပဏီရုံးတစ်ရုံးမှာပဲ အတွင်းရေးမှူးတစ်ယောက်အဖြစ်လည်း အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့ရပါတယ်။

သူ(မ) ဒီလိုအလုပ်လုပ်နေစဉ်အတွင်းမှာ အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်ပွားလာခဲ့ပါတယ်။ ဒီလို ဆန္ဒပြပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ သူ(မ) အလုပ်လုပ်နေတဲ့ အမေရိကန်ရုံးဟာ ဖျက်စီးခံခဲ့ရပါတယ်။ ဒါ့အပြင် ဒီလို အကြမ်းဖက်မှုကြောင့် သူ(မ)ရဲ့ မျက်နှာမှာလည်း သေရာပါအမာရွတ်တစ်ခုလည်း ရရှိခဲ့ပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ၊ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်လေ့ရှိတဲ့ Guyana မှာ Shakira Baksh တစ်ယောက်လုံးဝမနေချင်ပါဘူး။ သူ(မ) ဘဝရဲ့ ရည်မှန်းချက်ဟာ သူ(မ)နေတဲ့ နိုင်ငံကနေ ထွက်ပြေးချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ဒီနိုင်ငံက ထွက်ပြီး တခြားနိုင်ငံမှာပဲ အသက်ရှင်ချင်တဲ့ Shakira Baksh ပါ။ ဒီလို သူ(မ)ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဟာ သိပ်မကြာခင်မှာပဲ ပြည့်ဝလာစေဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ သူ(မ)ဟာ Miss Guyana မှာ မယ်တစ်ယောက်အဖြစ် ဝင်ပြိုင်ဖို့အခွင့်အရေးရခဲ့ခြင်းပါ။ အဆိုပါ မယ်ရွေးပွဲမှာ သူ(မ)ဟာ Miss Guyana ဘွဲ့ကို ရရှိခဲ့ပါတယ်။

Miss Guyana တစ်ယောက်ဖြစ်ခဲ့တဲ့ Shakira Baksh ဟာ သိပ်မကြာခင်မှာပဲ လူသိထင်ရှားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပြီး မယ်ကမ္ဘာပြိုင်ပွဲကိုလည်း ဝင်ရောက်ဖို့အထိ ဖြစ်လာစေပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ မယ်ကမ္ဘာပြိုင်ပွဲမှာ သူ(မ)ဟာ တတိယနေရာကို ချိတ်ဆွဲနိုင်ခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေရနေတဲ့ Shakira Baksh ဟာ အကြမ်းဖက်မှုတွေပြည့်နှက်နေတဲ့ သူ့မွေးရပ်မြေကို စွန့်ခွာဖို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လန်ဒန်မြို့မှာ သွားရောက်နေထိုင်ဖို့ အခွင့်ရလာခဲ့ပြီး ဒါဟာ မင်းသားကြီးမိုက်ကယ်လ်ကိန်းနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ခြင်းရဲ့ အစပါပဲ။

 

မိုက်ကယ်လ်ကိန်းနဲ့ Shakira Baksh နဲ့ ဆုံတွေ့ရတာလည်း ဒီလိုပါ။ တစ်ခုသော နေ့လည်ခင်းမှာ မိုက်ကယ်လ်ကိန်းဟာ သူငယ်ချင်းဖြစ်သူနဲ့ ရုပ်မြင်သံကြားကြည့်နေရင်းနဲ့ Maxwell House ကုမ္ပဏီရဲ့ ကြော်ငြာတစ်ခုကို တွေ့ရှိသွားပါတယ်။ အဆိုပါ တီဗွီ ကြော်ငြာထဲမှာ ပါဝင်တဲ့ မော်ဒယ်ကတော့ Shakira Bakshပဲဖြစ်ပါတယ်။ မိုက်ကယ်လ်ကိန်းဟာ Shakira Baksh ကို မြင်မြင်ချင်း ချစ်မိသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ သူ့နံဘေးနားးက သူငယ်ချင်းဖြစ်သူကတောင် ဘာဖြစ်တာလဲဟလို့ မေးယူရတဲ့အထိပါပဲ။ မသိဘူး၊ ဒီကောင်မလေးက တော်တော်အံ့သြစရာကောင်းလွန်းတယ်ကွာလို့ အဖြေရဲ့ အဆုံးမှာ မိုက်ကယ်လ်ကိန်းတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ Shakira Baksh အပေါ် ချစ်စိတ်တွေ ပြည့်နှက်နေခဲ့ပါပြီ။

ဒါ့အပြင် ချက်ချင်းဆိုသလိုပဲ ဒီ ကောင်မလေးကို ချက်ချင်းတွေ့ချင်စိတ်တွေ ဖြစ်လာခဲ့ပြီး ဒီကောင်မလေးက ဘယ်ကလဲ၊ ဘယ်သူလဲလို့ ကြော်ငြာကုမ္ပဏီဆီ Maxwell House ကုမ္ပဏီဆီကို ဖုန်းဆက်ပါတော့တယ်။ ကုမ္ပဏီဘက်ကလူက အဲဒီကောင်မလေးက ဘရာဇီးကလို့ ဖြေလိုက်တဲ့အခါမှာ မိုက်ကယ်လ်ကိန်းဟာ ဘရာဇီးကို အစောဆုံးလေယာဉ်နဲ့ ချက်ချင်းသွားတော့မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ တစ်ဖက်က ကုမ္ပဏီဘက်က ဖြေကြားသူဟာ ရယ်ပါတော့တယ်။ ဖြစ်မှဖြစ်ရလေ သူက ဘရာဇီးကလို့ပဲ ပြောတာ။ သူ အခု လန်ဒန်မှာ နေနေတာလို့ အရယ်ခံခဲ့ပါတယ်။

Shakira Baksh လန်ဒန်မှာနေတယ်ဆိုတဲ့ သတင်းလည်း ကြားရရော မိုက်ကယ်လ်ကိန်းဟာ သူ(မ)နဲ့ တွေ့ဆုံဖို့ အပြင်းအထန်ကြိုးစားပါတော့တယ်။ ဒါပေမယ့်လည်း ကောင်မလေးက သူ့ကို အလွယ်တကူအတွေ့မခံခဲ့ပါဘူး။ အကြိမ်ပေါင်းများစွာ ဆုံဖို့ ပြောဆိုခဲ့ပေမယ့် အကြိမ်ပေါင်းများစွာ အငြင်းခံခဲ့ရပါတယ်။နောက်ဆုံး (၁၂) ကြိမ်မြောက် ခွင့်တောင်းမှသာ ဆုံတွေ့ခွင့်ရခဲ့တာပါ။ အချစ်စိတ်ပြင်းထန်နေပြီဖြစ်တဲ့ မိုက်ကယ်လ်ကိန်းရဲ့ လုံ့လအပြည့်နဲ့ အားထုတ်မှုကြောင့် သူတို့နှစ်ယောက်ဟာ နောက်ဆုံးမှာချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။

Twitter/Michael Caine

နောင်တစ်ချိန်မှာ Shakira Bakshက သူ့ယောက်ျားအကြောင်းကို ပြန်လည်ပြောဆိုရမှာ “သူက ရုပ်ရှင်တွေထဲမှာတော့ မာနကြီးတစ်ခွဲသားနဲ့ ဟိတ်နဲ့ဟန်နဲ့ ကြမ်းကြမ်းတမ်းတမ်းပဲ။ တကယ့်လက်တွေ့ဘဝမှာတော့ သူက အလွန်နူးညံ့ပြီးစိတ်သဘောထားပြည့်ဝတဲ့ လူတစ်ယောက်ပါ”လို့ ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ပြီး (၂)နှစ်အကြာမှာတော့ သူတို့နှစ်ယောက်သာ လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ေနတဲ့ မိုက်ကယ်လ်ကိန်းဟာ အောင်မြင်မှုကို ရစ်မူးနေခဲ့ပါပြီ။ နေ့တိုင်းလိုလို အကောင်းစား စီးကရက်ဘူးပေါင်းများစွာ သောက်ပြီး အရက်ကိုလည်း အလွန်အကျွံ စွဲလမ်းနေခဲ့ပါပြီ။ အဲဒီအချိန်မှာ မိုက်ကယ်ရဲ့ ဘဝကို ဖြောင်းဖြပေးခဲ့တာကတော့ သူ့မိန်းမပါပဲ။ တကယ်လို့ ကျုပ်မိန်းမသာ အနားမှာ မရှိရင်၊ ဒီလို ယစ်မူးနေတာတွေကိုသာ သူ မတားဆီးခဲ့ရင် ကျနော့်ဘဝကတော့ ရေစုန်မျောပြီလို့ မိုက်ကယ်လ်ကိန်းဟာ အဲဒီအချိန်ကိုပြန်ပြောင်းပြောဆိုခဲ့ဖူးပါတယ်။

Posted by Michael Caine on Sunday, December 31, 2017

ဇနီးကောင်းဖြစ်တဲ့ Shakira Baksh ဟာ မိုက်ကယ်လ်ကိန်းကို အစွန်းကုန်ထိန်းသိမ်းပေးပြီး မိုက်ကယ်လ်ဘဝအတွက် ဘုရားက ပေးလိုက်တဲ့ လက်ဆောင်တစ်ခုလိုပဲ ဖြစ်ပါတယ်။ Shakira Baksh ဟာ မိုက်ကယ်လ်ကိန်းအတွက် နွေးထွေးတဲ့လူတစ်ယောက်ဖြစ်ပြီး သာယာချမ်းမြေ့တဲ့ အိမ်တစ်လုံးလိုပဲ ခံစားလေ့ရှိတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို မိုက်ကယ်လ်ကိန်းကိုယ်တိုင်က အခုလိုပြောပြဖူးပါတယ်။ “ကျနော် အိမ်ကိုပြန်ရတာကို ကြိုက်တယ်။ ကျနော် ဘယ်နေရာမှာပဲ ရောက်နေ နေရာက်နေ ပေါ့။ ကျနော့်ရဲ့အိမ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးတန်ဖိုးအကြီးဆုံး နေရာတစ်ခုပါ။ ကျနော်အိမ်ကို ကျနော်ချစ်တယ်”လို့ တင်စားပြောဆိုခဲ့ပါတယ်။

တကယ်လို့ Shakira Baksh ဟာ မိုက်ကယ်လ်ကိန်းအနားမှာ မရှိခဲ့ရင် မိုက်ကယ်လ်ကိန်းဟာ အခုလို နှစ်ကာလရှည်စွာအောင်မြင်မှုတွေရရှိနိုင်မှာမဟုတ်ဘဲ ရစ်ထုတ်ကြီးမိုက်ကယ်လ်ကိန်းအဖြစ် ဟောလိဝုဒ်ရဲ့ သမိုင်းမှာ မထင်မရှားပျောက်ကွယ်သွားမှာပါ။ မိုက်ကယ်လ်ကိန်းရဲ့ ဘဝဟာ အခုလိုဖြစ်လာခဲ့ရတာတွေထဲမှာ Shakira Baksh ရဲ့ ကူညီဖေးမမှုတွေ အများဆုံးပါဝင်ခဲ့ပါတယ်။

READ
အရင်ထက်ပိုချစ်ပေးပါ ဆိုတဲ့ ခေးဆက်သွင်
Twitter/Michael Caine

အခုအချိန်မှာတော့ မိုက်ကယ်လ်ကိန်းနဲ့ Shakira Baksh တို့ဟာ တစ်ဦးကိုတစ်ဦးလက်တွဲမဖြုတ်စတမ်းနဲ့ ချစ်နေဆဲ ချစ်နေဆဲဖြစ်တဲ့ အဘိုးကြီး၊ အဘွားကြီး စုံတွဲဖြစ်နေပါပြီ။

Ye Yint Kyaw

SHARE