မိုက်ကယ်ဂျက်ဆင်နဲ့ တူလွန်းလို့ DNA စစ်ပေးဖို့တောင်းဆိုခံနေရတဲ့ အတုဝိဇ္ဇာ

instagram/sergiocortesparra

မိုက်ကယ်ဂျက်ဆင်နဲ့တူအောင် ပုံဖမ်းထားသူတစ်ယောက်ဟာ မိုက်ကယ်နဲ့ တူလွန်းတဲ့အတွက် DNA စစ်ပေးဖို့ ပရိသတ်တွေရဲ့ တောင်းဆိုခံနေရကြောင်း ladbible သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ စပိန်နိုင်ငံ ဘာစီလိုနာမှ မိုက်ကယ်ဂျက်ဆင်အတုခိုးသမားတစ်ဦးဖြစ်ပြီး ဆာဂျီအိုကောတက်စ် အမည်ရပါတယ်။ ကောတက်စ်ဟာ (၂၀၀၉) ခုနှစ် ဇွန်လတုန်းက ကွယ်လွန်သွားခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ကို တုပပြီး ၄င်းရဲ့ ဟန်ပန်အမူအရာ၊ အသံအနေအထားအတိုင်း ပြုလုပ်ကာ အသက်မွေးဝမ်းကြောင်းနေတာ ဖြစ်ပါတယ်။

instagram/sergiocortesparra

ကောတက်စ်ဟာ မိုက်ကယ်ဂျက်ဆင်နဲ့ ရုပ်ရည်တင်မကပဲ အသံပါတူအောင် တုပထားတာပါ။ ပရိသတ်တွေက ကောတက်စ်ဟာ မိုက်ကယ်ဂျက်ဆင်ပဲလို့တောင် တချို့က ထင်နေကြပါတယ်။ ကောတက်စ်က သူဟာ မကြာခင် ထိုင်းနိုင်ငံကို လာရောက်ဖျော်ဖြေမှာဖြစ်ကြောင်း အင်စတာဂရမ်ပေါ်ကနေ ပြောပြခဲ့ပါတယ်။

instagram/sergiocortesparra

ကောတက်စ်ရဲ့ ဗီဒီယိုထဲမှာတော့ သူ့ပရိသတ်တွေကို သူဘယ်နေရာမှာ ဖျော်ဖြေတင်ဆက်မယ်ဆိုတာ အသေးစိတ်ပြောပြထားပါတယ်။ ကောတက်စ်က သူ့ရဲ့ ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၂၃) ရက်နေ့ Hollywood Pattaya မှာ ကျင်းပမှာဖြစ်တဲ့အတွက် မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်အားလုံးကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တော်တော်များများက မကြာခင် ကျင်းပမယ့် သူ့ရဲ့ ရှိုးထက်စာရင် သူ့ကိုပဲ ဘာလို့ မိုက်ကယ်ဂျက်ဆင်နဲ့ ဒီလောက်တောင် တူရတာလဲဆိုပြီး စိတ်ဝင်စားကြပါတယ်။ မိုက်ကယ်ဂျက်ဆင် တကယ်ဟုတ်၊ မဟုတ်ဆိုတာကို DNA စစ်ခိုင်းကြည့်သင့်တယ်ဆိုပြီး ပြောသူကလည်း ပြောနေပါတယ်။

 

View this post on Instagram

 

21 Dec. Singapore

A post shared by Sergio Cortés (@sergiocortesparra) on

ပေါ့ပ်ဂီတလောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ကို အတုခိုးထားတဲ့သူဟာ အခု တွေ့မြင်ရတဲ့ ကောတက်စ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံက အက်စ်ဆက်စ်ကောင်တီမှာ နေထိုင်သူ ရော်ဘင်ပါဆန်ဆိုသူကလည်း မိုက်ကယ်ဂျက်ဆင်ကို အတုခိုးထားပါသေးတယ်။ ရော်ဘင်ကတော့ မိုက်ကယ်လို အတုခိုးနေထိုင်လာတာ (၁၀) နှစ်ကျော်လောက် ရှိနေပြီဖြစ်ကာ တစ်နှစ်ကို ရှိုးပွဲ (၁၅၀) ၀န်းကျင် နဲ့ ကမ္ဘာလှည့် ဖျော်ဖြေလေ့ရှိကြောင်းလည်း သိရပါတယ်။

READ
အကြားအမြင်ဆရာမကြီးဘာဘာဗန်ဂါရဲ့ တတိယကမ္ဘာစစ်နဲ့ပတ်သက်တဲ့ကြောက်စရာဟောကိန်း
instagram/sergiocortesparra

လင်းလင်း (ShweMom)

SHARE