လူပျိုကြီးဖားဖား ဖြစ်နေပြီဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သားလေး ဘလန့်ကတ်ဂျက်ဆင်

ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ ၉ နှစ်ကတည်းက သူ့ရဲ့ အငယ်ဆုံးသားလေး ဘလန့်ကတ် ဂျက်ဆင်ဟာ လူတွေကြားထဲ ထင်ထင်ပေါ်ပေါ် မနေခဲ့ပါဘူး။ ဒါပေမယ့် ရှားရှားပါးပါးပဲ ယခု ခရစ္စမတ်မှာတော့ ဘလန့်ကတ်က လော့စ်အိန်ဂျလိစ်မှာ လူလုံးထွက်ပြခဲ့ပါတယ်။

IXOLA / BACKGRID

ငယ်စဉ်ကတည်းက ဆံပင်ရှည်ထားခဲ့တဲ့ ၁၆ နှစ်သား ဘလန့်ကတ်ဟာ တနင်္ဂနွေနေ့တုန်းက ခရစ္စမတ်ရှော့ပင်း ထွက်လာခဲ့တယ်လို့ ယူဆရပါတယ်။ မီလျံနာဖခင်ကြီးရဲ့ ဆက်ခံသူတွေထဲက တစ်ယောက်ဖြစ်ပေမယ့်လည်း သူဟာ သာမန် ဆယ်ကျော်သက်ပုံစံနဲ့ပါပဲ။ နာမည်အရင်း ပရင့်စ် မိုက်ကယ်ဂျက်ဆင် (၂) လို့ ခေါ်တဲ့ ဘလန့်ကတ်ကို မိုက်ကယ် ဆုံးသွားစဉ်ကတည်းက အဖွားဖြစ်သူ ကတ်သရင်း ဂျက်ဆင်က မွေးထားခဲ့တာပါ။

IXOLA / BACKGRID

၂၀၁၈ ဇွန်လတုန်းက ဆုံးပါးသွားခဲ့တဲ့ အဖိုးဖြစ်သူ ဂျိုးကတော့ ဘလန့်ကတ်ဟာ မိုက်ကယ်ရဲ့ သားသမီး ၃ ယောက်အနက် မိုက်ကယ်နဲ့ အတူဆုံး ကလေးဖြစ်တယ်လို့ ပြောသွားခဲ့ဖူးပါတယ်။ “မင်းက မင်းအဖေနဲ့ တူတဲ့နေရာတွေ အများကြီးပဲ။ မင်းအဖေကို သိပ်သတိရစေတယ်” လို့ သူ့ဘလော့ဂ်မှာ ရေးခဲ့ဖူးပါတယ်။ မိုက်ကယ် အသက်ရှိစဉ်တုန်းက သူ့ရဲ့ ကလေးသုံးယောက်ကို လူရှေ့ ထုတ်မပြခဲ့ပါဘူး။ အခုဆိုရင်တော့ အကြီးနှစ်ယောက်ဖြစ်တဲ့ ပရင့်စ်နဲ့ ပဲရစ်စ်တို့က ဟောလိဝုဒ်မှာ ထင်ပေါ်စွာ နေကြပေမယ့် ဘလန့်ကတ်ကတော့ အခုထိ သာမန်လူတစ်ယောက်လိုနေနေဆဲပါ။

READ
GOT ရိုက်နေတုန်း (၂)ကြိမ်တိုင်တိုင် သေမလို ဖြစ်ခဲ့ဖူးတဲ့ Emilia Clarke
Instagram

မိုက်ကယ်ရဲ့ သားသမီး အကြီးနှစ်ယောက်က တရားဝင်လက်ထပ်ခဲ့တဲ့ ဒက်ဘီရိုးနဲ့ ရတာ ဖြစ်ပေမယ့် ဘလန့်ကတ်ရဲ့ အမေကတော့ ဘယ်သူဆိုတာ ယနေ့တိုင် ဖုံးကွယ်ထားဆဲပါ။ လူတွေကတော့ သူ့ကို အငှားကိုယ်ဝန်ကနေ မွေးခဲ့တာလို့ ယူဆထားကြပါတယ်။ ဘလန့်ကတ်ကတော့ အနုပညာသွေး ပါ မပါ မသေချာသေးပါဘူး။ သူ့ရဲ့ ဝါသနာတွေကတော့ ကိုယ်ခံပညာနဲ့ ဗီဒီယိုဂိမ်းတွေ ဖြစ်ပါတယ်တဲ့။

IXOLA / BACKGRID
Instagram

Ref: Mirror

SHARE