(၂)နှစ်ကျော်အကြာမှာ ပြန်လည်အသက်ဝင်လာပြန်တဲ့ Twitter ပေါ်က ရန်ပွဲတစ်ခု

မှတ်တမ်းရုပ်ရှင်ကြည့်ရတာကိုမှ နှစ်သက်ပါတဲ့ဆိုတဲ့ ပရိသတ်တွေကတော့ နာမည်ကျော် အမေရိကန် ဒါရိုက်တာ မိုက်ကယ်မိုးကို သည်းသည်းလှုပ် အားပေးလေ့ရှိပါတယ်။ သူဟာ “Bowling For Columbine” ဆို တဲ့ မှတ်တမ်းရုပ်ရှင်နဲ့ အော်စကာဆုရခဲ့သလို အမေရိကန်သမ္မတ ဘုရှ်ကို ဝေဖန်ထားတဲ့ “Fahrenheit 9/11” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ၀င်ငွေအကောင်းဆုံး မှတ်တမ်းရုပ်ရှင်ပါ။ ဒါ့အပြင် ‘သူများနဲ့မတူတဲ့ ရှုထောင့်တွေကနေ ကြည့်လေရှိတယ်’လို့ ကိုယ့်ဘာသာ ကြွေးကြော်ထားသူ မိုက်ကယ်မိုး ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောတဲ့စကားတွေ ၊ ပေးတဲ့ မှတ်ချက်တွေကလည်း သူ့ပရိသတ်တွေကော ၊ ပရိသတ်မဟုတ်သူတွေကြားမှာပါ အမြဲတမ်း အငြင်းအခုံဖြစ်လေ့ရှိပါတယ်။

Shutterstock

အဲဒီလိုမျိုး ပွဲဆူအောင်လုပ်လေ့ရှိတဲ့ မိုက်ကယ်မိုးတစ်ယောက် တစ်ချိန်က Twitter ပေါ်က မှတ်ချက်စကားတစ်ခွန်း ကြောင့် ကက်ကက်လန်အောင် ရန်တွေ့ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီတုန်းကတော့ မိုက်ကယ်မိုးရဲ့ Twitter ပေါ်က ရန်ပွဲဟာ ဒီလောက်အထိ ပွဲမဆူခဲ့ပါဘူး။ လက်ရှိ အမေရိကန်မှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ ဖော်ထုတ်နေချိန်မှာတော့ မိုက်ကယ်မိုးရဲ့ Twitter ရန်ပွဲဟာ တစ်ကျော့ပြန်ထင်ရှားလာပြီး လူအများ ငြင်းခုံစရာဖြစ်လာပါတော့တယ်။

Twitter

မိုက်ကယ်မိုးဟာ (၂၀၁၆) အောက်တိုဘာ (၂၉)ရက်နေ့တုန်းက Twitter ပေါ်မှာ “ဘယ်အမျိုးသမီးမှ အက်တမ်ဗုံး မထွင်ခဲ့ဖူးပါဘူး။ မီးခိုးခေါင်းတိုင် မဆောက်ခဲ့ဖူးပါဘူး။ ဂျူးတွေကို လူမျိုးတုန်း သတ်ဖြတ်မှု မလုပ်ခဲ့ဖူးပါဘူး။ ၀င်ရိုးစွန်းဒေသက ရေခဲတွေ အရည်ပျော်အောင် မလုပ်ခဲ့ဖူးသလို ကျောင်းတွင်းမှာ သေနတ်ကိုင်ပစ်ခတ်မှုတွေလည်း မလုပ်ခဲ့ဖူးပါဘူး” လို့ ရေးခဲ့ပါတယ်။ သူ့ရဲ့ ရေးသားမှုတွေဟာ Twitter ပေါ်မှာ အတော့်ကို ပွဲဆူသွားပြီး ငြင်းခုံမှုတွေဖြစ်စေခဲ့ပါတယ်။

READ
နေ့စဉ်အဓမ္မကျင့်၊ ရိုက်နှက်တဲ့ခင်ပွန်းကို သတ်ခဲ့သည့်အမျိုးသမီး တရားသေလွတ်ခွင့်ရ

အဲဒီနောက်ပိုင်းမှာတော့ မိုက်ကယ်မိုးဟာ သူ့ရဲ့ရေးသားချက်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သူ့ရဲ့ဆိုလိုရင်းက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တွေမှာ ပိုမိုကောင်းမွန်မှုကို ရည်ရွယ်တာဖြစ်ကြောင်း ၊ အမျိုးသားတွေဟာ အမျိုးသမီးတွေ မစွမ်းဆောင်နိုင်တာတွေကို စွမ်းဆောင်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Twitter
Twitter

ဒါပေမယ့် ဂျက်စီကာ အဲလ်စ်ဆိုတဲ့ အမျိုးသမီးတစ်ဦးကတော့ မိုးရဲ့ ဖြေရှင်းချက်ကို မကျေနပ်နိုင်ဘဲ မိုးရဲ့ ရေးသားချက်တွေဟာ မှားယွင်းနေကြောင်း ချက်ကျလက်ကျ ပြန်လည်ချေပ လိုက်ပါတယ်။

Twitter

အနုမြူဗုံးကို အမေရိကန်နိုင်ငံ လော့စ်အယ်လာမို့စ်က မန်ဟက်တန်စီမံကိန်းကနေ တီထွင်ထုတ်လုပ်ခဲ့တာပါ။ အဲဒီစီမံကိန်းမှာ အယ်လီဇီဘက် ဂရေ့ဗ်ဆိုတဲ့ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပါတယ်။

Twitter

မေရီ ၀ယ်လ်တန်ဆိုတဲ့ အမျိုးသမီးဟာ မီးခိုးခေါင်းတိုင် ပုံစံကြမ်းနှစ်ခုကို ရေးဆွဲပေးခဲ့ဖူးပါတယ်။

Twitter

အိုင်စီလ်ကော့ခ်ျဆိုတဲ့ အမျိုးသမီးကတော့ ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့ ဘူချန်ဝယ်လ် အကျဉ်းစခန်းရဲ့ အရာရှိတစ်ဦးပါ။

Twitter

ဝင်ရိုးစွန်းဒေသက ရေခဲတွေ အရည်ပျော်အောင်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ရှိနေပါတယ်။ သူမကတော့ နာမည်ကြီး ရေနံကုမ္ပဏီ Shell ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံရှာဖွေရေးဌာနရဲ့ တာဝန်ခံ ဆီရီပိုဝဲလ်ပါ။

READ
မလေးရှားဝန်ကြီးချုပ်ရဲ့ အကြိုက်ဆုံးဇာတ်ကောင်ပါဆိုတဲ့ Marvel ရုပ်ရှင်တွေထဲက Thanos
Twitter
Culturalcolative

မော်ဒန်ခတ်မှာ ပထမဦးဆုံး ကျောင်းဝင်းအတွင်း သေနတ်ကိုင်ပစ်ခတ်ခဲ့သူက ဘရန်ဒါ စပန်ဆာ ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် မိုးရဲ့ဖြေရှင်းချက်ကိုလည်း အခုလို ပြန်လည်တုံ့ပြန် ရေးသားခဲ့ပါသေးတယ်။

Twitter

“အမျိုးသမီးတွေဟာ အမျိုးသားတွေပဲ ဦးဆောင်တဲ့ လူ့အဖွဲ့အစည်းရဲ့လက်ထဲမှာ မရေမတွက်နိုင်အောင်များပြားလှတဲ့ ဖိနှိပ်မှုတွေ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ကို ရှင်တို့ ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ ကျွန်မတို့ဟာ ဆင် စွယ် ပန်းပုရုပ်လေးတွေ မဟုတ်ပါဘူး။”

“ပြီးတော့လည်း အမျိုးသမီးတွေရဲ့စိတ်ဟာ ခရင်မ်လေးလိုဖြူပြီး လုံးဝ အမှောင်ဘက်ခြမ်းရောက်တဲ့ စိတ်ဓာတ်မျိုး မရှိဘူးဆိုတာ ကျွန်မတို့ အမျိုးသမီးထုကြီးရဲ့ စိတ်ပိုင်းဆိုင်ရာကို အရွဲ့တိုက်တာပါ။ ကျွန်မတို့ဟာ အမျိုးသားတွေထက် ပိုကောင်းနေတာ မဟုတ်ပါဘူး။”

Twitter

“ဒီကိစ္စမှာတော့ ရှင်ဟာ ကျွန်မတို့ အမျိုးသမီးထုကို သမိုင်းကြောင်းပေါ်ကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေပြီး ကျွန်မတို့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ကို ကန့်သတ်ဖို့ ကြိုးစားနေတာပဲ။”

“စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်တွေမှာ ကျွန်မတို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုကောင်းဖို့ မလွယ်ကူပါဘူး။ ကျွန်မတို့ အမျိုးသမီးအင်္ဂါထဲကနေ နတ်ဘုရားမ ထွက်လာတဲ့ ပုံစံမျိုးလုပ်ပြနေတဲ့ ရှင့်အပြုအမူတွေ ရပ်လိုက်ပါတော့။ ကျွန်မတို့ဘ၀ ကျွန်မတို့စိတ်ကြိုက် ရွေးချယ်ပါရစေ”

Twitter

ဒီ Twitter တိုက်ပွဲဟာ (၂)နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် လတ်တလောမှာတော့ ကမ္ဘာတစ်ဝန်းက Twitter အသုံးပြုသူတွေကြားမှာ တစ်ကျော့ပြန် ခေတ်စားလာခဲ့တဲ့အကြောင်းကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Source: Borepanda.com

ZARNI

SHARE