
၁၉၈၅ ခုနှစ်တုန်းက ရိုက်ကူးထုတ်လုပ်ခဲ့ပြီး Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသားကြီး Micheal J Fox ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Back to the Future ဇာတ်ကားကို တော်တော်များများ ကြည့်ဖူးကြမှာပါ။ Scientific ဇာတ်ကားတွေ အရမ်းကြီး မပေါ်ပေါက်သေးတဲ့ အဲဒီခေတ်မှာ Back to the Future ဇာတ်ကားဟာ တော်တော်လေး လူကြိုက်များခဲ့ပြီး အောင်မြင်တဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားနဲ့ပဲ မင်းသားကြီး Micheal J Fox တစ်ယောက်ဟာ လူသိများတဲ့ မင်းသားတစ်ယောက် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း အဆိုပါ ဇာတ်ကားကို အင်္ဂလန်နိုင်ငံမှာ မိတ်ဆက်ပြသဖို့ ရုံတင်တဲ့ ရုပ်ရှင်ပြပွဲမှာ Micheal တစ်ယောက် တော်ဝင်မင်းသမီး ဒိုင်ယာနာနဲ့ အတူတူ ဘေးချင်းကပ် ရုပ်ရှင်ထိုင်ကြည့်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောကြားခဲ့ကြောင်း Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Micheal ဟာ အဆိုပါ အကြောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၈.၁၁.၂၀၂၀)တုန်းက ပြုလုပ်ခဲ့တဲ့ The Tonight Show Starring Jimmy Fallon အစီအစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ရုပ်ရှင်စပြခါနီးအချိန်အထိ Micheal တစ်ယောက်ဟာ သူ့ရဲ့ဘေးနားမှာ လာထိုင်မယ့် လူက မင်းသမီး ဒိုင်ယာနာမှန်း မသိခဲ့ပါဘူး။ ရုပ်ရှင်စပြတော့မယ့် အချိန်မှ ဘေးနားကလူကို သေသေချာချာ သတိထား ကြည့်မိလိုက်တော့မှ မင်းသမီး ဒိုင်ယာနာ ဖြစ်နေမှန်း သိခဲ့ရှာပါတယ်။
.@realmikefox reveals that he once watched #BackToTheFuture next to Princess Diana! 🍿 #FallonTonight pic.twitter.com/qOUiH41VTk
— The Tonight Show (@FallonTonight) November 19, 2020
“ကျွန်တော့် ဘေးနားမှာ ဒိုင်ယာနာရောက်နေမှန်း ရုပ်ရှင်စပြခါနီး စက္ကန့်ပိုင်းအလိုမှ သိလိုက်ရတာပါ။ အဲဒီအချိန် ရင်တော့ တော်တော်လေး ခုန်တယ်ဗျ။ ရုပ်ရှင်ပြတဲ့ အချိန် တဖြည်းဖြည်းနဲ့ မီးတွေ မှိတ်သွားတော့ ခြေဖျားလက်ဖျားတွေပါ အေးစက်လာတာ။ ပြီးတော့ ရုပ်ရှင်ရုံထဲမှာ ငါနဲ့ ဒိုင်ယာနာ ဒိတ်လုပ်နေပါလားလို့တောင် တွေးပြီး ပျော်ခဲ့သေးတယ်။ ဒါပေမယ့် ပြဿနာက ရုပ်ရှင်စပြီး သိပ်မကြာခင် ဆီးအရမ်းသွားချင်လာတာ။ ဒါပေမယ့်လည်း မထရဲဘူး။ ထတာနဲ့ ဒိုင်ယာနာနဲ့ မျက်နှာချင်း ဆိုင်ရမှာလေ။ မင်းသမီးတစ်ယောက်က ကိုယ့်ရုပ်ရှင်လာအားပေးတာကို ထားသွားပြီးလည်း အပေါ့သွားလို့ မရ။ ရုပ်ရှင်ပြီးသွားတဲ့ အချိန်အထိ စကားလဲ တစ်ခွန်းမှ မပြောခဲ့သလို ဆီးလည်း ထမသွားခဲ့ပါဘူး။ အဲဒီရုပ်ရင်ပြနေတဲ့ တောက်လျှောက်လုံးက ကျွန်တော့်အတွက် တစ်ကယ့် ငရဲလိုပါပဲ”လို့ Miheal က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw