လူမုန်းများလွန်းတာကြောင့် ဖြုတ်ချခံရနိုင်ဖွယ် ရှိနေတဲ့ Michael Jackson ရဲ့ ဂုဏ်ပြုရုပ်ထု

Michael Jackson ဟာ ကွယ်လွန်ခဲ့ပြီးတာတောင်မှ ပေါ့လောကရဲ့ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ ပါရမီထူးကဲလှတဲ့ အဆိုတော်တစ်ဦးပါ။ သက်ရှိထင်ရှားရှိစဉ်တုန်းကလည်း သူ့ရဲ့ဖက်ရှင်နဲ့ ပြောင်မြောက်လှတဲ့ ဂီတကြောင့် အားပေးသူတွေဟာ ကမ္ဘာအနှံမှာရှိနေခဲ့ပါတယ်။ သူလုပ်သမျှ ရှိုးပွဲတိုင်းမှာဆို လူတွေကွင်းလွတ်ကျွတ် အပြည့်အလျှံလာအားပေးကြစမြဲမို့ တကယ့်ကို သြဇာအလွှမ်းမိုးနိုင်ဆုံး အနုပညာရှင်များစာရင်းများလည်း ပါဝင်ခဲ့ပါတယ်။ ကလေးလေးတွေကစလို့ လူကြီးတွေအထိ Jackson ရဲ့ ပရိတ်သတ်တွေဖြစ်ခဲ့ကြပါတယ်။

Pinterest

ပိုင်ဆိုင်မှုတွေဟာလည်း သိပ်ကိုများပြားပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလုပ်ခဲ့သူမို့ လူအများရဲ့ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့အောင်မြင်မှုနဲ့ကောင်းသတင်းတွေရဲ့နောက်ကွယ်မှာတော့ ဟိုတစ်စဒီတစ်စနဲ့ ထွက်နေခဲ့တဲ့ အညှီအဟောက်သတင်းများလည်း ရှိနေခဲ့ပါတယ်။

Michael Jackson ဟာ သူ့ရဲ့ယောက်ျားလေးကလေးပရိတ်သတ်တွေကို စံအိမ်ကြီးဖြစ်တဲ့ Neverland ကို အမြဲတမ်းခေါ်ခေါ်ထားကာ သီချင်းတွေလှည့်ပတ်ဖျော်ဖြေရာမှာလည်း လိုက်ကြည့်ခိုင်းတာတို့၊ အတူပါဝင်ဖျောဖြေစေတာတို့ကို လုပ်တတ်ပါတယ်။ တစ်ဖက်ကမိဘတွေအနေနဲ့ကလည်း ကမ္ဘာကျော်အမျိုးသားအဆိုတော်တစ်ယောက်က ကိုယ့်ရဲ့ကလေးကို အခုလိုဂရုတစိုက်နဲ့ အလည်ခေါ်တာဟာ ကလေးရဲ့ဘဝမှာ အမှတ်ရစရာတစ်ခုအဖြစ် ကျန်ရှိစေမယ့်အရာမို့ စိတ်ချလက်ချနဲ့ ထည့်ခဲ့ကြပါတယ်။

READ
ဂြိုဟ်သူမလေးတွေဆီမှာ လူပျိုရည်ပျက်ခဲ့ရပြီး ကလေး(၆၀)ရခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့အဖိုးအို
Micheal Jackson

Michael Jackson ဟာ ကောင်လေးတွေကိုခေါ်ခေါ်ပြီး နောက်ကွယ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စွန်းဒီတစ်စထွက်နေပေမယ့်လည်း သူ့ရဲ့ဂုဏ်အရှိန်အဝါကြောင့် ကောလဟာလလိုလိုအဖြစ်သာ ကျန်ရှိနေခဲ့တာပါ။

၂၀၀၉ ခုနှစ်၊ သူကွယ်လွန်ပြီးချိန်မှာတော့ အဲဒီသတင်းတွေဟာ တစ်နေ့ထက်တစ်နေ့ပိုတိုးလို့ ပျံ့လာပြီး အခုအချိန်မှာတော့ အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel 4 မှာ Leaving Neverland ဆိုတဲ့ နာမည်နဲ့ documentary program အဖြစ် ထုတ်လွှင့်လျက်ရှိပါတယ်။ အဲဒီအစီအစဉ်မှာတော့ Michael Jackson ရဲ့ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါး အလုပ်ခံခဲ့ရတဲ့ အမျိုးသားတွေပါဝင်ခဲ့ပြီး ကိုယ်တွေ့ဖြစ်ရပ်တွေကို ဝေမျှပေးနေတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

အသက်ရှင်စဉ်တစ်လျှောက်လုံးမှာ ဂုဏ်သတင်းကြီးစွာနေခဲ့ပေမယ့် မကောင်းမှုတွေ ဘူးပေါ်သလိုပေါ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ လူတွေတော်တော်များများဟာ အံ့သြပြီးစက်စုတ်ရွံရှာခဲ့ကြပါတယ်။

Leaving Never Land

အခုလည်း Michael Jackson ကွယ်လွန်သွားတဲ့ ဝမ်းနည်းခြင်းအထိန်းအမှတ် ရုပ်ထုကြီးကိုလည်း လူထုမှ ဖယ်ရှားစေချင်နေကြပါတယ်။ ရုပ်ထုဟာ မန်ချက်စတာမှာရှိတဲ့ အမျိုးသားဘောလုံးအားကစားပြတိုက်မှာ ထားထားတာပါ။ ရုပ်ထုကို Michael Jackson ရဲ့ မိတ်ဆွေူ အရင် Fulham FC ဥက္ကဌဖြစ်သူ Mohammed Al Fyed မှ တာဝန်ယူတည်ဆောက်ခဲ့တာပါ။

READ
ညစ်တီးညစ်ပတ် နေထိုင်မှန်းသိပြီးနောက် ကောင်မလေးကို ရည်းစားကဖြတ်
The Sun

ဒီရုပ်ထုဟာ မန်ချက်စတာအတွက်တော့ အထင်ရှားဆုံးရုပ်ထုဖြစ်ခဲ့ပမေယ့်လည်း အခုအချိန်မှာတော့ Michael Jackson ကို လူအများမုန်းတီးနေကြတဲ့အတွက် ဂုဏ်ကျက်သရေဆောင်တဲ့ ပြတိုက်မှာ ရုပ်ထုထားခြင်းဟာ အရှက်ရစေပြီး မတန်ဘူးလို့ဆိုကာ ရုပ်ထုကို ဖြုတ်ချပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။

ပြတိုက်တာဝန်ရှိသူတွေထံကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ဖြုတ်ချပေးဖို့အတွက် ရာခိုင်နှုန်းများနေတယ်ဆိုပြီး သိရပါတယ်။

Instagram

Source: The Sun

Penny

 

SHARE