သူသာလျှင်အကောင်းဆုံး Batman သရုပ်ဆောင်ဖြစ်ကြောင်းဖွင့်ပြောလာတဲ့ Micheal Keaton

[email protected] michaelkeatondouglas

Batman ဇာတ်ကောင်ဟာ စူပါဟီးရိုးပရိသတ်တွေရဲ့ အသည်းစွဲဇာတ်ကောင်တစ်ဦးဖြစ်သလို DC ပရိသတ်တွေရဲ့ အကြိုက်ဆုံး စူပါဟီးရိုးဇာတ်ကောင်ဆိုလည်း မမှားပါဘူး။ Batman ဇာတ်ကောင်နေရာကိုတော့ Micheal Keaton, Christian Bale, George Clooney, Ben Affleck, Robert Pattinson အစရှိတဲ့ နာမည်ကြီးမင်းသားတော်တော်များများ သရုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုလည်း အစောဆုံး Batman သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ မင်းသားကြီး Micheal Keaton ကတော့ သူသာလျှင် Batman သရုပ်ဆောင်တွေထဲမှာ အတော်ဆုံးနဲ့ ပရိသတ်အားပေးမှုအရခဲ့ဆုံး Batman သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တယ်လို့ ew.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

မင်သားကြီး Micheal Keaton ဟာ Batman အဖြစ် ၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman အမည်ရဇာတ်ကားနဲ့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman Returns ဇတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါဇာတ်ကားနှစ်ကားကိုတော့ နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သူ Tim Burton က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လတုန်းကလည်း မင်းသားကြီး Micheal Keaton ဟာ မကြာခင်အချိန်အတွင်း DC က ရိုက်ကူးမယ့် ဇာတ်ကားတစ်ကားထဲမှာ Batman အဖြစ် ထပ်မံပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

READ
မူးယစ်ဆေး သုံးဆွဲထားသူက ရဲတွေကို ပါးစပ်နဲ့လိုက်ကိုက်လို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရ

 

၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းမှာလည်း ဒါရိုက်တာ Andy Muschietti ကနေပြီးတော့ မကြာခင်အချိန်အတွင်းမှာ Flash ဇာတ်ကားအသစ်တစ်ကားကို ထပ်မံရိုက်ကူးမှာဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ အဆိုပါ Flash ရဲ့ ဇာတ်ကားအသစ်အရဆိုရင်တော့ Flash ဟာ မတူညီတဲ့ Universe တွေကို အချိန်ခရီးသွားပြီး Batman တွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Kimmel က သူ့ရဲ့ Talk show အစီအစဉ်မှာ Micheal Keaton ကို မေးမြန်းခဲ့ပေမယ့် Micheal ကတော့ ဘာကိစ္စမှ သေသေချာချာ ကြိုမသိရသေးတာကြောင့် သူ့အနေနဲပ မပြောချင်ကြောင်း ငြင်းခဲ့ပါတယ်။

READ
တိရစ္ဆာန်မှောင်ခိုသမားတွေကို အသိဥာဏ်ရှိစွာ ခုခံခဲ့တဲ့ ဂေါ်ရီလာလေး (၂) ကောင်

 

 

View this post on Instagram

 

Do we all Agree? #michealkeaton #michealkeatonbatman #batman #bestbadman #thebatman #neverending80s #ne80s

A post shared by NEVER ENDING 80s (@never_ending80s) on

Pyi Hein Kyaw

SHARE