အိုဘားမားကို တစ်ကမ္ဘာလုံးက သူတို့သမ္မတအဖြစ် မှတ်ယူတယ်လို့ မီရှဲလ်ဆို

Twitter / TheDaily

အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama က အီလီနွိုက်ပြည်နယ်နည်းပညာဌာန မှာပြုလုပ်တဲ့ အိုဘားမားဖောင်ဒေးရှင်းဆွေးနွေးပွဲမှာ မိန့်ခွန်းပြောစဉ် သူ့ခင်ပွန်းဖြစ်သူ အိုဘာမား အကြောင်းကို ချီးကျုးပြောဆိုလိုက်ပါတယ်။ ဘားရက်ကို တစ်ကမ္ဘာလုံးက ချစ်ခင်ကြ ပြီး တစ်ကမ္ဘာလုံးက ဘားရက်အိုးဘားမားဟာ သူ့တို့သမ္မတလို့ခံစားမှတ်ယူခဲ့တဲ့အထိပဲဆိုပြီး ပြောလိုက်တာပါ။ လူတစ်ဦးနဲ့တစ်ဦးအမြင်မတူညီကြတဲ့ လောကကြီးမှာ သဘောထားကွဲလွဲမှုတွေက ရှိစမြဲပါပဲ။ ဘယ်အရာကမှတသမတ်ထဲရှိမ နေပါဘူး။

ဒီလိုပြောခဲ့တဲ့ မီရှဲလ်အနေနဲ့လည်း ပိုလန်ပြည်သူတွေကို သေချာမေးကြည့်ဖို့လိုပါလိမ့်မယ်။ ဘာလို့ဆို (၂၀၀၉)ခုနှစ်ကအိုဘားမားဟာ အရင်သမ္မတ George W Bushနဲ့ပိုလန်ကြားရှိခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်ဖျက်စနစ်ကို ဖျက်သိမ်းခဲ့တဲ့အတွက် ပိုလန်အစိုးရဟာ များစွာစိတ်ပျက်သွားခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်က ပိုလန်သမ္မတ Bronislaw Komorowskiဟာ ပိုလန်ကိုကာကွယ်ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံမိတာ အရမ်းမှားသွားခဲ့တယ်။ သမ္မတ အပြောင်းအလဲဖြစ်လာတဲ့အခါ နိုင်ငံရေးအရစွန့်စားမှုတွေရှိလာမယ်ဆိုတာကို ထည့်စဉ်းစားဖို့မေ့လျော့နေခဲ့တယ်။ ပိုလန်အတွက် ဒါဟာပေးဆပ်မှုအကြီးကြီးပဲလို့ ဆိုခဲ့တာဖြစ်ပါတယ်။ အိုဘာမားရဲ့ဆုံးဖြတ်ချက်ဟာ ပိုလန်လူမျိုးတွေအတွက် စစ်အေးခေတ်အပြီးပိုလန်နဲ့သမိုင်းကြောင်းရှိခဲ့တဲ့ရုရှားကို မျက်နှာလိုမျက်နှာရနဲ့ လုပ်တာလို့လည်းမြင်နေကြပါတယ်။

နောက်ပြီး မီရှဲလ်အနေနဲ့အစ္စရေးပြည်သူတွေကိုလည်း မေးကြည့်လိုက်ပါအုံး။ (၂၀၁၄)ဂါဇာစစ်ပွဲအတွင်း ဟားမတ်စ် အကြမ်းဖက်အဖွဲ့ကို အစ္စရေးက တိုက်ခိုက်စဉ်အချိန်က အစ္စရေးကို Hellfire ဒုံးကျည်ပေးပို့မှုရပ်ဆိုင်းလိုက်တဲ့အိုဘားမားလုပ်ရပ်ကြောင့် အစ္စရေးမှာ အန္တရာယ်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နောက် ပါလက်စတိုင်းအာရပ်တွေက အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်မှုအများအပြားပြုလုပ်လာချိန်ကျတော့ အိုဘားမားက သူ့ရဲ့(၂၀၀၈)သမ္မတရွေးကောက်ပွဲကြောင့် အစ္စရေးကို လျစ်လျူရှုထားခဲ့တယ်ဆိုပြီး အစ္စရေးပြည်သူတွေ အတော်လေး စိတ်ပျက်အမျက်ထွက်ခဲ့ကြပါတယ်။

မီရှဲလ်အနေနဲ့ ခရိုင်းမီးယားပြည်သူတွေကိုလည်း အိုဘားမားကိုသူ့တို့သမ္မတအဖြစ်ခံယူလားလို့လည်း မေးကြည့်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ရုရှားသမ္မတ Vladmir Putin ဟာ (၂၀၁၄)ခုနှစ်က ခရိုင်းမီးယားကိုတိုက်ခိုက်သိမ်းပိုက်ဖို့ လုပ်ဆောင်ခဲ့ရာမှာ အိုဘားမားရဲ့ အိမ်ဖြူတော်ဘက်က ရုရှားလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့မညီဘူးဆိုတာလေးနဲ့ အနည်းငယ်သာ ခရိုင်းမီးယားဘက်က ကာကွယ်ပြောဆိုပေးခဲ့တယ်ဆိုပြီး ခရိုင်းမီးယားပြည်သူတွေ အတော်လေးစိတ်ပျက်ခဲ့ကြပါတယ်။


The Wall Street Journal ကတောင် အိုဘားမားရဲ့သတိပေးမှုကြီး က ရုရှားကို တော်တော်ကြောက်သွားစေမှာပဲဆိုပြီး အိုဘားမားကို သရော်စာရေးခဲ့တဲ့အထိပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ခရိုင်မီးယားအရေး အိုဘားမားဘက်က ကြီးကြီးမားလုပ်ခဲ့တာဆိုလို့ ရုရှားနိုင်ငံ Sochi မြို့မှာ ပြုလုပ်တဲ့ G-8 ထိပ်သီးဆွေးနွေးပွဲကို ရုရှားလုပ်ရပ်ကို လက်မခံရှုတ်ချတဲ့သဘောနဲ့ အမေရိကန်ဘက်က မတက်ရောက်ခဲ့တာပဲရှိခဲ့ပါတယ်။ ဒီအတွက် ခရိုင်းမီးယားပြည်သူတွေက အိုဘားမားကိုအနည်းငယ်စိတ်ပျက်သွားခဲ့ကြပါတယ်။ ဒါတွေကိုကြည့်ချင်းဖြင့် မီရှဲလ်အိုဘားမားရဲ့စကားတွေဟာ တရားသေမှန်ကန်ပါ့မလားဆိုတာစဉ်းစားစရာဖြစ်စေတဲ့အရာတစ်ခုပါ။

 

Khaing

SHARE