သူတို့အိမ်ထောင်ရေးမှာလည် အခက်အခဲတွေရှိခဲ့တယ်လို့ မီရှဲလ် အိုဘားမားပြော …

Instagram/MichelleObama

သွေးမတော်သားမစပ် လူနှစ်ဦးပေါင်းစပ်ရတဲ့ အိမ်ထောင်ရေးမှာ ဘယ်လောက်အဆင်ပြေတဲ့ သူတွေဖြစ်ဖြစ် အခက်အခဲဆိုတာ ရှိတတ်ကြပါတယ်။ ကြည့်လိုက်တိုင်းအမြဲရိုနေတဲ့ အိုဘားမားတို့စုံတွဲဆိုရင် သူတို့ရဲ့ ဆက်ဆံရေးဟာ လူတိုင်းနီးပါး  အထူးသဖြင့်မိန်းကလေးတွေ အင်မတန်မှ အားကျရတဲ့ စုံတွဲလို့ဆိုရပါမယ်။ ဒါပေမယ့်သူတို့မှာလည်း ခက်ခဲတဲ့အချိန်တွေရှိခဲ့ပါတယ်။ သူတို့အိမ်ထောင်ရေးမှာလည်း အမြဲတမ်းအဆင်ပြေနေတာမဟုတ်ဘဲ အခက်အခဲတွေရှိတဲ့အကြောင်း သမ္မတဟောင်းကတော် Michelle Obama က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2019 Asia-Pacific Leadership Conference အခမ်းအနားမှာ ပြောပြခဲ့ပါတယ်။

အသက်(၅၅)နှစ်အရွယ် Michelle ဟာ မကြာသေးခင်ရက်များအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ပြုလုပ်တဲ့ အာရှ-ပစိဖိတ် ညီလာခံမှာ သူမမိန့်ခွန်းပြောကြားရာမှာ အမျိုးသမီးတွေရဲ့ ပညာရေးကို မြှင့်တင်လုပ်ဆောင်ဖို့နဲ့ ခင်ပွန်းဖြစ်သူ ဘားရက်အိုဘားမားနဲ့ အိမ်ထောင်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာဖြစ်ပါတယ်။

 

 

 

View this post on Instagram

 

Former First Lady @michelleobama and her celebrity friends @juliaroberts and @lanacondor are here in Kuala Lumpur to engage with 200 young leaders selected by @obamafoundation for an exclusive leadership programme. Swipe to watch their panel discussion with @deborahenry. PS: Please give a round of applause to Malaysia’s very own @hellospotgirl, who is given a chance to weigh in on girls education in this region with one of the most influential women in the world. 👏🏻👏🏻👏🏻Plus, she gets to sit next to Lana. — @lilyongsl. • • • #girlsopportunityalliance #obamafoundation #michelleobama #juliaroberts #lanacondor #equality #spotformalaysia #educationforgirls #opportunities #women #girlsempowerment

A post shared by Malaysia Tatler (@malaysiatatler) on

“စုံတွဲတွေတစ်ယောက်နဲ့တစ်ယောက် ချစ်လို့ မခွဲခွာနိုင်လို့ လက်ထပ်ထိမ်းမြားလိုက်ကြပေမယ့် အိမ်ထောင်ရေးတစ်ခုထူထောင်တယ်ဆိုတာ ကျွန်မနဲ့ဘားရက်အပါအ၀င် စုံတွဲတိုင်းအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အားလုံးရဲ့အမြင်မှာတော့ ကျွန်မတို့က ပြည့်စုံလွန်းနေတယ်လို့ထင်နေကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့မှာလည်း သူများတွေလို အနိမ့်အမြင့် အတက်အကျတွေ အခက်အခဲတွေများစွာ ရှိပါတယ်။ အမြဲတမ်း သာယာပျော်ရွှင်မနေနိုင်ဘူးလေ။

ကျွန်မတို့ရဲ့အားသာချက်က ဘာလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပါပဲ။ ဒါပေမယ့် အဲ့ဒီနားလည်မှုတွေက အဆင်မပြေမှုတွေကို မတိုးနိုင်တော့တဲ့အခါ အကြံပေးမှုတွေခံယူကြရတယ်။ အကြံပေးမှုဆိုတာကတော့ နှစ်ယောက်အတူ အိမ်ထောင်ရေးအကြံပေးတွေကို သွားရောက်တွေ့ဆုံတာပါ။ တစ်ခါတလေ နှစ်ယောက်လုံးကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့အချိန်တွေဆိုတာရှိတာ ။ အဲ့ဒါကြောင့် အိမ်ထောင်ရေးအကြံပေးတွေနဲ့ သွားရောက်တိုင်ပင်သင့်ပါတယ်။

 

နောက်ပြီး စုံတွဲတွေအမြဲသတိရနေရမှာက အိမ်ထောင်ရေးဆိုတာ တစ်ယောက်ထဲ သွားလို့ရတဲ့ခရီးမဟုတ်ပါဘူး။ နားလည်မှုရှိဖို့က အရေးကြီးဆုံးပါ။ မိန်းကလေးတွေကို အကြံပေးချင်တာက ကိုလေးစားရတဲ့သူကိုရွေးချယ်ပါ။ ရေရှည်အတွက် လက်တွဲဖော်ရွေးချယ်တာဟာ အသင်းအတွက် ကစားသမားရွေးချယ်ရတာနဲ့ဆင်တူပါတယ်။  သင်တွဲဖက်ရမယ့် အသင်းသားက သန်မာပြီး စိတ်ဓာတ်ခိုင်မာပြီး၊ သင်နဲ့အတွဲညီတဲ့သူဖြစ်ဖို့လိုပါတယ်။ အားနည်းတဲ့ ကစားဖော်မျိုး ဘယ်သူမှမလိုချင်ကြဘူးလေ။ အိမ်ထောင်ရေးကလည်း ဒီလိုပါပဲလို့’ မီရှဲလ်က မိန်းကလေးတွေအတွက် အကြံပေးပြောကြားခဲ့တာဖြစ်ပါတယ်။

Khaing Sandar

SHARE