“Obama ကို ထားခဲ့ပစ်လိုက်ချင်တယ်” လို့ ရင်ဖွင့်လာခဲ့တဲ့ Michelle Obama

Instagram- @michelleobama

Michelle နဲ့ Barack Obama တို့ရဲ့ အချစ်ရေးခရီးကတော့ တစ်ကမ္ဘာလုံးက အချစ်ငှက်တွေကြားမှာ တော်တော်လေးပြောစမှတ်တွင်နေခဲ့ပါတယ်။ Barack Obama ဘာမှမဖြစ်ခင်အချိန်ကတည်းကိုက Michelle ဟာ အမြဲတမ်း ဘေးနားမှာအတူတူနေကာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ ကူညီထောက်ပံ့ပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်တုန်းကတောင် နှစ်ယောက်သား မင်္ဂလာနှစ်ပတ်လည် ၂၈ နှစ်မြောက်အတွက် တစ်ယောက်ကိုတစ်ယောက် အချင်းချင်း ဆုတောင်စကားတွေပြောခဲ့ကြပါသေးတယ်။

 

 

View this post on Instagram

 

A post shared by Michelle Obama (@michelleobama) on

၂၀၀၂ ခုနှစ်ကတည်းက လက်ထပ်လာခဲ့ပြီး အခုအချိန်အထိ ကောင်းချိန်၊ ဆိုးချိန်မရွေး အေးအတူပူအမျှရှိနေခဲ့တဲ့ သူတို့ရဲ့ နှစ်ရှည်အချစ်ရေးကို အခုလိုပဲ The Michelle Obama Podcast ကို ပြောပြလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Michelle Obama (@michelleobama) on

တစ်ခါတစ်လေတော့ Barack Obama နဲ့ သူမဟာ အဆင်တော်တော်ကို မပြေခဲ့တာပါတဲ့။ စိတ်ပေါက်တိုင်း Barack Obama ရဲ့ အဝေးဆုံးကိုပဲ ထွက်ပြေးသွားချင်မိခဲ့ပါတယ်တဲ့။ အိမ်ထောင်သက် ဆယ်စုနှစ် ၃ စုနီးပါး ကြာခဲ့တဲ့အတွက်ကြောင့် သူတို့တွေကြားထဲမှာ ပြတ်စဲလောက်သည်အထိကို ဆိုးရွာလှတဲ့အခြေအနေတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်တဲ့လေ။ တစ်ခါတစ်လေဆို နှစ်နဲ့ချီပြီးတောင် ကြာသွားတာပါတဲ့။

READ
ဟော့ဒေါ့ 72 ခုကို 10 မိနစ်အတွင်း စားပြပြီး၊ စံချိန်သစ်တင်ခဲ့သူ

ဒါပေမဲ့လည်းအဓိကကတော့ communicate လုပ်ဖို့ပါပဲတဲ့။ ဒီတော့ အခုခေတ်ကလေးတွေလို Tinder လို အွန်လိုင်းကနေတစ်ဆင့် ပေါ့ပေါ့တန်တန်ပဲ လုပ်ပြီး ရည်ရှည်လက်တွဲမြဲတဲ့ အချစ်ရေးကိုတော့ မျှော်လင့်လို့မရပါဘူးလို့လည်း Michelle က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Michelle Obama (@michelleobama) on

penny

SHARE